Connect with us

Hi, what are you looking for?

ရသ

‘ရခဲလှတဲ့လူ့ဘဝ’

◼️ခွန်းနီ

လူ့ဘဝဆိုတာရခဲတယ်ငါ့မြေးရဲ့

အဖွားရဲ့လက်သုံးစကားပဲ…

ငယ်ငယ်တုံးကအမြဲနားယဥ်တဲ့စကား

Public Service Announcement

Public Service Announcement

အခုရက်ပိုင်းတွေအဖွားကိုသတိရတယ်

ဟုတ်ပါတယ်ကျွန်တော်မေ့နေလို့ပါ

အဖွားမရှိတော့တာနှစ်ပေါင်းမနည်းတော့

အဖွားအဆုံးအမတွေနားထဲပြန်ပြန်ကြားနေရတယ်

လူ့ပြည်ကအပ်တစ်စင်းနဲ့မိုးပေါ်ကအပ်တစ်စင်း

ဒီအပ်နှစ်စင်းအပ်ဖျားချင်းထိမှ

လူ့ဘဝဆိုတာရတတ်တာတဲ့

အတော်ခက်တဲ့ကိစ္စပဲပေါ့…

အခုချိန်မှာအဖွားနဲ့ဒီအကြောင်းဆွေးနွေးချင်တယ်

အဖွားစကားကိုငြင်းချက်ထုတ်ချင်တယ်

တချို့တချို့များတော့လူ့အသက်တွေ

လူ့ဘဝတွေ၊လူ့အိမ်မက်တွေကို

ကြက်ကလေး၊ငှက်ကလေးများလို

သတ်လိုက်ဖြတ်လိုက်နဲ့အဖွားရေ

လွယ်လင့်တကူပါပဲလား….

အဖွားမလွယ်တဲ့ကိစ္စကိုသူတို့ဟာ

လွယ်လွယ်လေးနဲ့ဖျတ်စီးနေကြတယ်

ကဲ…အဖွားဘာပြောမလဲ…

အဖွားရှိရင်လဲဘာမှပြောနိူင်မှာမဟုတ်ဘူး

အဖွားတို့ခေတ်ကခေတ်ပျက်ကြီး

ငါမြေးတို့ခေတ်ကောင်းကြီးကြုံရတာ

ကံသိပ်ကောင်းတယ်ဆိုတဲ့အဖွား

အခုများတော့အဖွားတို့ခေတ်ပျက်ကြီးကို

ကျွန်တော်အလည်ရောက်နေတယ်

အဖွားရှိမလားရှာပါသေးတယ်

အဖွားမရှိပေမဲ့အဖွားသိခဲ့သလို

ကျွန်တော်သိလာရတယ်….

အဖွားမသိတာတစ်ခုကအဖွားခေါင်းချခဲ့တဲ့

အညာဟာအဖွားကိုညာနေခဲ့တာပဲ

ကျွန်တော့်ကိုလဲညာသွားတယ်

တမာရနံ့တွေသင်းရင်ပြန်လာမယ်ပြောပြီး

ယမ်းခိုးယမ်းငွေ့တွေနဲ့မီးလောင်ပြင်တွေကို

အထိတ်တလန့်နဲ့ဖြတ်ပြေးပြီး

အညာဟာအားလုံးကိုညာသွားတယ်

အဖွားဟာအညာသူအစစ်ဆိုတာယုံပါတယ်

ရိုးတယ်၊ရှင်းတယ်၊ဘွင်းဘွင်းကြီး

အဖွားချစ်တဲ့အညာဟာအခုတော့ခေတ်မှီလာပြီ

ခေတ်ပျက်ကြီးနဲ့ခေတ်ကျပ်ကြီးထဲ

တစ်လှည့်စီခိုဝင်ရင်းမျက်နှာများတတ်လာပြီ

လူမည်ကာမည်ယုံပဲရှိတဲ့ကောင်တွေ

အညာမှာခြေရှုပ်နေတာအဖွားသိလား

မိုးဦးကျချိန်ဆိုတော့ထယ်ထိုးနေရမှာ

အခုများတော့စစ်ကြောင်းတွေထိုးလို့

အလှူအတန်းဆိုရင်အညာဟာမီးခိုးတိတ်ပဲဆို

အခုများတော့မီးခိုးလုံးတွေနဲ့မိုးလုံးမှိုင်းလို့

ဗျောသံတွေအစားဗုံးသံတွေနဲ့အဖွားရေ

အဖွားတို့ခေတ်ကကျွဲညီနောင်ဆိုးတယ်ဆိုတာ

ဟုတ်လောက်မယ်…

ကျွန်တော်တို့ခေတ်မှာဒီခွေးတစ်ကောင်နဲ့ကို

တိုင်းပြည်ဟာအလုပ်ရှုပ်နေရတယ်…

မီးရှို့ခံရလို့ရွာတွေ၊အိမ်တွေဟာပြာအတိနဲ့

အပ်တိုတစ်ချောင်းတောင်မကျန်ရှာဘူး

မိုးပေါ်ကအပ်တစ်စင်းကျလာရင်တောင်

မြေပြင်ကအပ်ဟာအရည်ပျော်နေလို့

အပ်ဖျားချင်းထိစရာမရှိတော့ဘူး

အဖွားဆုတောင်းတဲ့ခေတ်ကောင်းကြီးမှာ

ဒီတိရစ္ဆာန်တွေမပါဖို့မျှော်လင့်ပါတယ်

အဖွားကိုလဲသတိရတယ်…

မီးခိုးညော်နံ့တွေနဲ့အညာကိုလဲလွမ်းပါတယ်…။

(The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့ ‘ခွန်းနီ’ ရဲ့ “ရခဲလှတဲ့လူ့ဘဝ” ကဗျာကို People’s Spring က ပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။ အနုရသကဲပြီး တော်လှန်​ရေးအတွက် အ​ထောက်အကူ ပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်း သွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ရသ

မင်းအိမ်ပြန်ချင်တာ ငါ ကိုယ်ချင်းစာပါတယ် ဧရာမ တောင်တန်းကြီးတွေတောင် ဝန်ရိုးစွန်းက သူ့အိမ်ရာဆီ Public Service Announcement တနှစ်တခါ ပြန်ကြတယ် ငါကြားဖူးတယ် သူအိမ်ပြန်ရင် ငလျင် တော်လည်းသံ ငါတို့ ကြားရမယ် အိမ်ပြန်ဖို့ သူဘယ်လောက် မွတ်သိပ် နေသလဲ ကိုယ်ချင်းစာရတယ် ကိုယ့်ကိုယ်ကိုယ်...

ရသ

တောင်ကုန်းတခုကို လိမ့်ဆင်းနေတဲ့ ကျောက်တုံးတတုံး တစုံတခုနဲ့တိုက်မိပြီး ရပ်သွားသလို အိမ်နဲ့အဝေးမှာ နှစ်အကြာကြီး မေ့မေ့လျော့လျော့ ပြေးလွှားနေခဲ့တဲ့ ကျနော့်ရဲ့အသိစိတ်က ဘာမှန်းမသိတဲ့ တစုံတခုနဲ့တိုက်ပြီး ရုတ်တရက် ရပ်တန့်သွားတယ်။

ရသ

မောင်သုခင် (တမာမြေ) ၁။ “ဘာဟင်းတွေနဲ့ စားကြသတုန်း” ထမင်းစားပြီဆို ဟိုဘက်အိမ်က ဒေါ်ရိုး ရောက်လာပြီ။ အကောင်းလာတာ မဟုတ်ဘူး။ ကျုပ်တို့မိသားစု ဘယ်လို စားသောက်နေလဲ လာစပ်စုတာ။ ဇွန်းသံခွက်သံကြားရင် ကြောင်အိုကြီး ဖိုးညိုလိုပဲ ထမင်းဝိုင်းအနား ရောက်လာပြီ။ Public Service Announcement “လက်ဘက်သုပ်နဲ့ပါ၊...

ရသ

ပန်းနုဝင်း မှုန်ကုတ်ကုတ် တောင်တန်းပေါ်က လှုပ်တုတ်တုတ် အလင်းရောင်နောက်လိုက်နေတဲ့ မှိန်စုတ်စုတ် ဆေးထိုးအပ်တချောင်း။ Public Service Announcement အသက်ရှုမဝတဲ့ ဆေးရုံကို ရင်နာနာနဲ့ကျောခိုင်းခဲ့တာ ဘလေဘဇာဖြစ်နေတဲ့ ခေတ်ကို ပြောင်းစေချင်လို့။ ငရဲမီးတွေ ငါတို့နယ်ကို မလောင်ခင်ကတည်းက မီးမုန်တိုင်းထဲ တိုးဝင်ခဲ့တာ သတ္တိကောင်းလွန်းလွန်းလို့ မဟုတ်ဘူး။ အိမ်က...