Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ပထမဆုံး CDMတရားသူကြီးကို စစ်ကောင်စီက ထောင်သုံးနှစ်ချ

“ဖွဲ့စည်းပုံအခြေခံဥပဒေ၊အခြားသောဥပဒေနဲ့မညီတဲ့ လုပ်ရပ်တွေကိုလက်မခံခြင်းသည် ကျွန်တော်တို့နိုင်ငံ သားတွေရဲ့တာဝန်ပဲ”ဟု CDM ပြုလုပ်သည့် ဆုံးဖြတ် ချက်ကို ဦးမင်းနောင်ခိုင်က သတင်းမီဒီယာအချို့သို့ ပြောခဲ့ဖူးသည်။

တရားသူကြီးများထဲမှ အာဏာစိမ်းစစ်ကောင်စီကို အာဏာဖီဆန်၍ CDM ပထမဆုံးပြုလုပ်သည့် မိုးညိုမြို့နယ် ဒုတိယမြို့နယ်တရားသူကြီး ဦးမင်းနောင်ခိုင်ကို အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးတရားစွဲဆိုပြီးနောက် ထောင်ဒဏ်သုံးနှစ်ချမှတ်လိုက်သည်။

ဦးမင်းနောင်ခိုင်သည် နိင်ငံတော် စစ်အာဏာသိမ်းခံရပြီးနောက် CDM ပထမဆုံးပြုလုပ်ခဲ့သည့် တရားသူကြီးဖြစ်ပြီး စစ်ကောင်စီက ပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့်ခံထားရသူဖြစ်သည်။ လွန်ခဲ့သည့် သုံးလခန့်က ဖမ်းဆီးခံရပြီး စက်တင်ဘာ ဒုတိယပတ်တွင် ထောင်ဒဏ်သုံးနှစ် ချမှတ်ခံလိုက်ရကြောင်း CDM တရားသူကြီးတစ်ဦးကပြောသည်။

“ဖွဲ့စည်းပုံအခြေခံဥပဒေ၊အခြားသောဥပဒေနဲ့မညီတဲ့ လုပ်ရပ်တွေကိုလက်မခံခြင်းသည် ကျွန်တော်တို့နိုင်ငံ သားတွေရဲ့တာဝန်ပဲ”ဟု CDM ပြုလုပ်သည့် ဆုံးဖြတ် ချက်ကို ဦးမင်းနောင်ခိုင်က သတင်းမီဒီယာအချို့သို့ ပြောခဲ့ဖူးသည်။

စစ်အာဏာရှင်ကိုဆန့်ကျင်ပြီး CDM ပြုလုပ်ရာတွင် ခရိုင်နှင့်မြို့နယ်အဆင့်တရားသူကြီး ၃၀ကျော်နှင့် တရားရုံးဝန်ထမ်း ၁၀၀ကျော်ပါဝင်နေသည်ဟု CDM ပြုလုပ်သည့် တရားရေးဝန်ထမ်းစာရင်းကိုပြုစုနေသူများကပြောသည်။

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

သတင်း

ပစ်ခတ်မှုဖြစ်စဉ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့မှ လူငယ်နှစ်ဦးကျဆုံးကာ ဒဏ်ရာရလူငယ်တစ်ဦးကိုယ်မူ အရှင်ဖမ်းမိသွားသည်ဟု ဒေသသတင်းရင်းတစ်ခုဖြစ်သည့် Khayan Channal က ဖော်ပြသည်။

သတင်း

“စက်တင်ဘာ ၇ရက် နောက်ပိုင်းမှာတော့ ကျွန်တော်လေ့လာမိသလောက် ရဲဘက်က ၁၅ယောက်လောက်ရှိတယ် အဲဒါထက်တောင်များနိုင်တယ်။ စစ်တပ်ဘက်ကတော့ ကျွန်တော်တို့ဆီ ရောက်တာ ၇ယောက်ရှိတယ်” ဟု CDF ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

သတင်း

ကနီမြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီဘက်မှ စစ်အင်အားဖြည့်တင်းနေသဖြင့် ပြည်သူများ ဘေးလွတ်ရာ ကြိုတင်ရှောင်ရှားထားကြရန် ကနီPDFက ယနေ့ စက်တင်ဘာလ ၁၇ ရက်တွင် မေတ္တာရပ်ခံသတိပေးထုတ်ပြန်သည်။ ကနီမြို့နယ်တွင် စစ်ကောင်စီဘက်မှ စစ်အင်အားအလုံးအရင်းဖြင့် နယ်မြေရှင်းလင်းလျက်ရှိပြီး ကြည်း၊ ရေ၊ လေ အင်အား ထပ်မံဖြည့်တင်းလျက်ရှိကြောင်း၊ ထို့အပြင် မိုဘိုင်းဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ...

ဗီဒီယို

"ဝင်တိုက်တာ ဟုတ်တယ်။ အခုနေအများကြီးပြောလို့ မရသေးဘူး။ စစ်ခွေးတွေဘက်က ငါးယောက်သေတယ်။ ဒဏ်ရာရတာလည်း များတယ်" ဟု တိုက်ခိုက်မှုကို သိရှိနေသူတစ်ဦးကပြောသည်။