သတင်း အနန်းကွင်းဗျူဟာစခန်းသိမ်းတိုက်ပွဲ ဆက်လက်ဆင်နွှဲနေဟု မြေပြင်တပ်မှူးပြော ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူ - သံဖြူဇရပ် ကားလမ်းပိုင်းရှိ အနန်းကွင်းဗျူဟာစခန်းသိမ်းပိုက်နိုင်ရေး စစ်ကောင်စီကို ဆက်လက်ဝိုင်းပတ်ပိတ်ဆို့ တိုက်ခိုက်လျက်ရှိဟု တိုက်ပွဲဝင်နေသည့် မြေပြင်တပ်မှူးတစ်ဦးက ပြောပြသည်။ ludunwayooစက်တင်ဘာ 5, 2024
သတင်း ကောလင်းစစ်ရှောင်များအား ဝင်ငွေရှာနိုင်ရန် ခြင်းယက်နည်းသင်ပေး စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်အနောက်ခြမ်း၌ စစ်ဘေးရှောင်များအား ခြင်းယက်နည်းသင်တန်းပို့ချပေးနေပြီး စျေးကွက်ဝင်ရောင်းချနိုင်သည်အထိ ကူညီသွားမည်ဟု ပြည်သူမှ ပြည်သူသို့(ကောလင်း) အဖွဲ့က ပြောသည်။ ludunwayooစက်တင်ဘာ 5, 2024
သတင်း ထိုင်းနိုင်ငံ၌ ရွှေ့ပြောင်းကလေးငယ်တစ်ထောင်ကျော် ပညာသင်နေသော မြန်မာစာသင်ကျောင်း ပိတ်သိမ်းခံရ ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင်ရှိ မြန်မာရွှေ့ပြောင်းကလေးငယ် တစ်ထောင်ကျော် ပညာသင်ကြားနေသည့် မေတ္တာရိပ်စာသင်ကျောင်း ပိတ်သိမ်းခံရကြောင်း အဆိုပါစာသင်ကျောင်းအုပ်ဆရာ ဇော်ခိုင်မျိုးက ပြောသည်။ ludunwayooစက်တင်ဘာ 5, 2024
သတင်း အကြမ်းဖက်စစ်အုပ်စုကို တိုင်းပြည်နှင့် ပြည်သူလူထု၏ ရန်သူ(Enemy of the State)အဖြစ် NUG သတ်မှတ်ကြေညာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအမည်ခံ အကြမ်းဖက်စစ်အုပ်စုကို တိုင်းပြည်နှင့် ပြည်သူလူထု၏ ရန်သူ(Enemy of the State)အဖြစ် သတ်မှတ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG က ယနေ့(စက်တင်ဘာ ၅ရက်)ထုတ်ပြန်ကြေညာလိုက်သည်။ ludunwayooစက်တင်ဘာ 5, 2024
သတင်း အာဏာသိမ်းခေါင်းဆောင်တိုက်ခိုက်ခံရပြီး နန်းမယ်ခုံကို စစ်ကောင်စီဗုံးကြဲ ဒေသခံပြည်သူထိခိုက်မှုများ အာဏာသိမ်းခေါင်းဆောင်တိုက်ခိုက်ခံရပြီးနောက် ကရင်နီ ပြည်နယ် ၊နန်းမယ်ခုံဒေသကို ယနေ့ (စက်တင်ဘာ ၅)နံနက်အစောပိုင်းတွင် စစ်ကောင်စီ ကလေကြောင်းမှ ဗုံးကြဲ သဖြင့်ဒေသခံ ပြည်သူများထိခိုက်မှုများကြောင်း ဒေသခံများကပြောသည်။ ludunwayooစက်တင်ဘာ 5, 2024
သတင်း မူဆယ်မြို့နယ် စယ်လန့်ရွာမီးလောင်မှု TNLA မီးသတ် ဦးဆောင်ငြှိမ်းသတ် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် စယ်လန့်ကျေးရွာတွင် ဖြစ်ပွားခဲ့သည့်မီးလောင်မှုကို တအာင်းတပ်မတော်(TNLA) မီးသတ်တပ်ဖွဲ့က ဦးဆောင် မီးငြှိမ်းသတ်ခဲ့ကြောင်း TNLAက သတင်းထုတ်ပြန်သည်။ ludunwayooစက်တင်ဘာ 5, 2024
သတင်း မိုးမောက်-ဗန်းမော်လမ်းနှင့် ဖားကန့်တွင် တိုက်ပွဲပြင်းထန်ခဲ့ဟု KIA အသိပေး ကချင်ပြည်နယ် မိုးမောက်-ဗန်းမော်လမ်းပိုင်းတွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ ယမန်နေ့က တိုက်ပွဲပြင်းထန်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။ ludunwayooစက်တင်ဘာ 5, 2024
သတင်း ကမ္မမြို့ဓာတ်အားခွဲရုံ ရဲကင်းစခန်း လေးရက်ဆက် တိုက်ခိုက်ခံရပြီးနောက် စခန်းစွန့်သွား မကွေးတိုင်း၊ ပခုက္ကူမြို့နှင့် (၁၈)မိုင်ခန့်ဝေးသော ကမ္မမြို့လျှပ်စစ်ဓါတ်အားခွဲရုံရှိ စစ်ကောင်စီ၏ ရဲကင်းစခန်း လေးရက်ဆက် တိုက်ခိုက်ခံရပြီးနောက် စခန်းစွန့်ဆုတ်ခွာသွားကြောင်း သတင်းရရှိသည်။ ludunwayooစက်တင်ဘာ 5, 2024
သတင်း မြောက်ဒဂုံ (၄၅)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက် ရန်ကုန်မြို့ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ (၄၅) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို အဝေးထိန်းမိုင်းဖြင့် စက်တင်ဘာ ၄ရက် ညက ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Rangoon Urban Column က အသိပေးထုတ်ပြန်သည်။ ludunwayooစက်တင်ဘာ 5, 2024
သတင်း TNLA က တောင်ခမ်းတိုက်ပွဲတွင် စစ်တပ်ထံမှ သိမ်းထားသည့်သံချပ်ကာယာဉ် ၂ စီးကို အသုံးပြုတိုက်ခိုက် နောင်ချိုမြို့နယ်တောင်ခမ်းရွာရှိ စစ်ကောင်စီ၏ အမြောက်တပ်များကို သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်တိုက်ခိုက်သည့် ရုပ်သံမှတ်တမ်းကို တအာင်းတပ်မတော်(TNLA)က ယနေ့ စက်တင်ဘာ ၄ရက်တွင် ထုတ်ပြန်သည်။ ludunwayooစက်တင်ဘာ 5, 2024