သတင်း မြဝတီမြို့အနီး စွယ်တော်ကုန်းတပ်စခန်း ယနေ့ည တိုက်ပွဲပြင်းထန်နေ ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် လေးကေ့ကော်မြို့အနီးရှိ စစ်ကောင်စီ၏ စွယ်တော်ကုန်း(အမြောက်တပ်ကုန်း)အား ကော်ဘရာစစ်ကြောင်း ပူးပေါင်းတပ်များက ဝန်းရံပိတ်ဆို့တိုက်ခိုက်နေရာ ယနေ့ည ၁၀နာရီခန့်စပြီး တိုက်ပွဲပြင်းထန်နေသည်။ ludunwayooစက်တင်ဘာ 4, 2024
သတင်း အာဏာသိမ်းခေါင်းဆောင်လွိုင်ကော်လာစဥ် KNDF က တိုက်ခိုက် အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ယနေ့ (စက်တင်ဘာ၄) ကရင်နီပြည် ၊လွိုင်ကော်မြို့သို့လာရောက်စဥ် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)က ၁၂၀ မမဖြင့်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း KNDF ဒုတိယစစ်ဦးစီးချုပ် မာဝီက အတည်ပြုပြောကြားသည်။ ludunwayooစက်တင်ဘာ 4, 2024
သတင်း စစ်ကိုင်းတိုင်းအတွင်းက ပြည်သူတွေ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြ စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းတွေ ဒီကနေ့ (စက်တင်ဘာ ၄) အသီးသီး ချီတက်ဆန္ဒပြခဲ့ပါတယ်။ ludunwayooစက်တင်ဘာ 4, 2024
သတင်း တန့်ဆည်မြို့နယ်တွင် စစ်ကောင်စီဒုတပ်ကြပ်တစ်ဦး လက်နက်ဖြင့် အလင်းဝင်လာ၍ ကျပ်သိန်း ၅၀ချီးမြှင့် စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် စစ်ကောင်စီတပ်မှ ဒုတပ်ကြပ်တစ်ဦး လက်နက်ခဲယမ်းနှင့် အလင်းဝင်လာ၍ ကျပ်သိန်း ၅၀ဆုချီးမြှင့်ခဲ့ကြောင်း တန့်ဆည်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ထုတ်ပြန်သည်။ ludunwayooစက်တင်ဘာ 4, 2024
သတင်း ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်သည့် တရုတ်နိုင်ငံအလံကိုရန်ကုန်မြို့တွင်မီးရှို့ဆန္ဒပြ ပြည်တွင်းရေးကို စွက်ဖက်သည့် တရုတ်နိုင်ငံ၏ လုပ်ရပ်ကို ဆန့်ကျင်ကြောင်းပြသသည့် အနေဖြင့် ရန်ကုန်အခြေစိုက်တော်လှန်ညီနောင်လေးဖွဲ့က ဖိရင်ကြွမယ် ထိရင်ချမယ် စာတန်းဖြင့် တရုတ်အလံအား မီးရှို့ဆန္ဒပြခဲ့ကြောင်း Owl Community မှ တာဝန်ရှိသူက ပြောသည်။ ludunwayooစက်တင်ဘာ 4, 2024
သတင်း TNLA သိမ်းပိုက်အုပ်ချုပ်နေသည့် မြို့နယ် ၅ခုတွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်နေ အာဏာသိမ်းစစ်ကောင်စီက တအာင်းတပ်မတော် (PSLF/TNLA) အုပ်ချုပ်နေသည့် နမ့်ဆန်၊ ကွတ်ခိုင်၊ ကျောက်မဲ၊ သီပေါ၊ မန်တုံမြို့နယ်များရှိ ပြည်သူများကိုထိခိုက်စေရန် ရည်ရွယ်ပြီး မကြာခဏ လေကြောင်းတိုက်ခိုက်လျက်ရှိကြောင်း TNLAက ယနေ့ ထုတ်ပြန်သည်။ ludunwayooစက်တင်ဘာ 4, 2024
သတင်း ရန်ကုန်မြို့နယ် ၄ခုတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ကလောင်နီလှုပ်ရှားမှုပြုလုပ် ရန်ကုန်မြို့ရှိ မြို့နယ် ၄ခုတွင် AJAYနှင့် လူငယ် သပိတ်ကော်မတီတို့ ပူးပေါင်းပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး စာသားများရေးသားသည့် ကလောင်နီလှုပ်ရှားမှု ယနေ့ (စက်တင်ဘာ ၄) ပြုလုပ်ခဲ့သည်။ ludunwayooစက်တင်ဘာ 4, 2024
သတင်း ယောဒေသ ရေမျက်နီစခန်းမှ စစ်ကောင်စီစစ်ကြောင်းကို PDF တပ်ရင်း ၅ရင်းစုပေါင်းတိုက်ခိုက် YRA ပြော မကွေးတိုင်း ထီးလင်းမြို့နယ် ရေမျက်နီစခန်းမှပြန်လာသည့် စစ်ကောင်စီတပ် စစ်ကြောင်းကို ဂန့်ဂေါခရိုင် ပြည်သူ့ကာကွယ်ရေးတပ်(PDF) တပ်ရင်း ၅ရင်းစုပေါင်း တိုက်ခိုက်ခဲ့ကြောင်း ယောတော်လှန်ရေးတပ်(YRA)-ထီးလင်း တာဝန်ရှိသူ သခင်ဇော်က ပြောသည်။ ludunwayooစက်တင်ဘာ 4, 2024
သတင်း PDFများသိမ်းပိုက်ထားသည့် ကျောမြို့ရှိ MOGE ရေနံမြေစခန်း နှစ်ခုအား စစ်ကောင်စီ ပြန်လည် ထိုးစစ်ဆင် မကွေးတိုင်း၊ ကျောမြို့တွင် PDFများ သိမ်းပိုက် ထိန်ချုပ်ထားသည့် MOGE ရေနံမှော်ကင်းစခန်း (Well-1 ထုတ်လုပ်ရေးစခန်း)နှင့် ရေနံကျင်းကင်းစခန်း ပြန်လည်ရယူရေး စစ်ကောင်စီက ကြိုးပမ်းနေပြီး လေကြောင်းတိုက်ခိုက်မှုအပြင် မြေပြင်မှလည်း စစ်ကြောင်းထိုးလာကြောင်း သတင်းရရှိသည်။ ludunwayooစက်တင်ဘာ 4, 2024
သတင်း မြင်းခြံမြို့နယ်ရှိ ပျူစောထီးဂိတ်အား PDF တိုက်ခိုက်၊ သေနတ် ၃လက်ရ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးဂိတ်အား ဒေသတော်လှန်ရေးအဖွဲ့များက တိုက်ခိုက်ရာ သေနတ် ၃လက် သိမ်းဆည်းရရှိကြောင်း သတင်းရရှိသည်။ ludunwayooစက်တင်ဘာ 4, 2024