Connect with us

Hi, what are you looking for?

သတင်း

စစ်အာဏာရှင်တွေကို အခါတော်ပေးခဲ့သူ ဒေါက်တာဖေဉာဏ် အသတ်ခံရမှုအတွက် အရပ်သားတွေကို ရိုက်နှက်စစ်ဆေးနေတဲ့ စစ်တပ်နဲ့ရဲက ပန်းရံလုပ်သား လေးဦးကို တရားခံအဖြစ် ခေါင်းစဉ်တပ် ဖမ်းဆီးလိုက်တယ်လို့ မှော်ဘီမြို့ခံတွေကပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်အနေနဲ့ မြန်မာ့အရေးမှာ ထင်သာမြင်သာရှိတဲ့တိုးတက်မှု ဖော်ဆောင်ဖို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက အလိုရှိကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ဘလာခရစ်ရှ်နန်က ပြောပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်း စစ်ကူလာတဲ့ စစ်တပ်စစ်ကြောင်း တိုက်ခံရပြီး သေဆုံးမှုများပြီးနောက် စစ်သား ၂၀ ကျော်ထွက်ပြေး အညံ့ခံလာတယ်လို့ တော်လှန်ရေးတပ်တွေနဲ့ နီးစပ်သူတချို့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာနှင့် ခင်ဦးမြို့နယ်တို့တွင် စစ်ကောင်စီ၏ လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်မှုကြောင့် ပြည်သူ သုံးဦးသေဆုံးပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

ချင်းပြည်နယ် ဟားခါး - ထန်တလန်မြို့နယ်ကြားရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ယမန်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၁၀ဦးသေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့ကြောင်း ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါးက သတင်းထုတ်ပြန်သည်။

သတင်း

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားသည့် နမ့်ဆန်မြို့ကို စစ်ကောင်စီက ယမန်နေ့(သြဂုတ် ၁၂ရက်) ညပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

သတင်း

စစ်ရေး အခြေအနေတွေ ပြင်းထန် ကြမ်းတမ်းလာတာကြောင့် မြန်မာနိုင်ငံအလယ်ပိုင်းမှာ အခြေစိုက်လည်ပတ်နေတဲ့ Sembcorp ကုမ္ပဏီပိုင် ဓာတ်အားပေး စက်ရုံတစ်ခုကို ဆိုင်းငံ့ထားရကြောင်း စင်ကာပူ စက်မှုလုပ်ငန်း တစ်ခုက ကြေညာခဲ့ပါတယ်။

သတင်း

မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းအစပ်ရှိ တကောင်းမြို့ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်သည်။

သတင်း

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်တွေ ဒီကနေ့ (သြဂုတ် ၁၂) အသီးသီး ဆန္ဒပြခဲ့ပါတယ်။

သတင်း

လားရှိုးမြို့တိုက်ပွဲအတွင်း ဖမ်းမိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအနက် စစ်သုံ့ပမ်း ၅၅ဦးနှင့် ၎င်းတို့၏ မိသားစုဝင်များကို ထပ်မံ လွှတ်ပေးလိုက်ကြောင်း ကိုးကန့် တပ်မတော် (MNDAA)က ယနေ့ သတင်းထုတ်ပြန်သည်။

သတင်း

စစ်​ကောင်စီက စစ်ရှုံးပြီး အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)အား MNDAA က သိမ်းပိုက်သွား​သဖြင့် ဌာနချုပ်မရှိ​တော့​သော်လည်း ရမခအတွက် တိုင်းမှူးနောက်ထပ်အသစ်တစ်ဦး ထပ်မံခန့်လိုက်ပြန်သည်။

သတင်း

ကိုးကန့်၊ တအာင်းနှင့် ရက္ခိုင်အဖွဲ့အစည်းတို့ ပါဝင်သောညီနောင်မဟာမိတ်သုံးဖွဲ့၏ စစ်ဆင်ရေးရည်မှန်းချက် လက်ကျန်များ နှင့် အဖိနှိပ်ခံမြန်မာပြည်သူလူထုတစ်ရပ်လုံးလိုလားသော နိုင်ငံရေးရည်မှန်းချက်များ အကောင်အထည် ပေါ်လာစေရေးအတွက် တစ်သွေးတည်း၊ တစ်သားတည်း အတူရှိနေကြောင်း ညီနောင်မဟာမိတ် သုံးဖွဲ့က ယနေ့ ထုတ်ပြန်သည်။

Facebook