Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းတိုင်း၊အင်းတော်၊မော်လူးမြို့တို့ကို ထိုးစစ်ဆင် နေတဲ့ တပ်မ(၃၃)ကစစ်​ကြောင်း တွေ နောက်တန်းပြန်ဆုတ်လာပြီး ဇူလိုင်လ ၂၂ရက်ညနေပိုင်းမှာကားအစီး ၈၀နဲ့ မန္တ လေးမြို့တွင်း ပြန်ဝင်တယ်လို့ ‌‌‌‌‌‌‌တော်လှန်ရေးအင်အားစုတွေကပြောပါတယ်။

သတင်း

ရန်ကုန်မြို့မှာဇူလိုင် ၂၂ ရက်ညက သားဖြစ်သူအလုပ်မှအပြန်ပေါ်တာဆွဲခံရတာကြောင့် ဖခင်ဖြစ်သူကတညင်းကုန်းမှာရှိတဲ့စစ်သားစုဆောင်းရေးတပ်ကို သွားရောက်စုံစမ်းမေးမြန်းခဲ့ရာ ဖခင်ကိုပါ စစ်တပ်ကထပ်မံဖမ်းဆီးလိုက်ပါတယ်။

သတင်း

အစီးရေ မရေမတွက်နိုင်အောင် များလှတဲ့ လှည်းတွေဟာ ကုန်ပစ္စည်းတွေကို သယ်ဆောင်ရင်း ခရီးဆက်နေကြတယ်။ အဲဒီ လှည်းတွေဟာ လှည်းလမ်းကြောင်းတောင် မပီတဲ့ ခြုံကြိုအုံကြားကနေ တအိအိ သွားလာနေကြတာပါ။ အဲဒီမြင်ကွင်းကတော့ ကချင်ပြည်နယ်ထဲက ကွင်းလမ်းတနေရာမှာပဲ ဖြစ်ပါတယ်။ လှည်းသမားတစ်ဦးက သူ့ Tiktok ကနေဇူလိုင် ၂၃ ရက်က...

သတင်း

မန္တလေးမြို့က မီလျံနာရွှေဆိုင်ဓားပြတိုက်မှု ကျူးလွန်သူတွေဖမ်းမိပြီး ကျူးလွန်သူတွေဟာ စစ်ကောင်စီရဲ့လွတ်ငြိမ်းနဲ့ လွတ်မြောက်လာသူတွေပါဝင်တယ်လို့ စစ်တပ်လက်အောက်ခံ ရဲတပ်ဖွဲ့အသိုင်းဝိုင်းက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ စစ်တပ်က စက်တပ်လေထီးနဲ့ ထပ်မံဗုံးလာကြဲလို့ သားအဖနှစ်ဦး ထိခိုက်ပြီး ဖခင်ဖြစ်သူ သေဆုံးခဲ့ပါတယ်။

သတင်း

မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီးကျေးရွာများ မီးရှို့ဖျက်ဆီးနေ၍ စစ်ရှောင်နေရသည့် ဒေသခံများ အရေးပေါ် အကူအညီများ လိုအပ်နေသည်ဟု မြင်းခြံခရိုင်အတွင်း ကူညီရေးလုပ်ဆောင်နေသည့် သတင်းရင်းမြစ်တဦးက ပြောသည်။

သတင်း

စစ်ကောင်စီ၏၂၀၂၅ ရွေးကောက်ပွဲကိုအသိအမှတ်မပြုရန် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN)၏ ခေါင်းဆောင်များထံနိုင်ငံတကာအရပ်ဘက် အဖွဲ့အစည်း ၃၀၀ကျော်က စာပေးပို့၍ အရေးတကြီးတောင်းဆိုလိုက်သည်။

သတင်း

စက်တင်ဘာ-၆၊၂၀၂၅၊မေ/People’s Spring မန္တလေးတိုင်း၊မတ္တရာမြို့နယ်အရှေ့ခြမ်းကစစ်ဘေးရှောင်ပြည်သူ ၃၀ ခန့်ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ဒေသခံ ​တွေက​ပြောပါတယ်။ မတ္တရာမြို့နယ်အရှေ့ခြမ်းကို စစ်တပ်က စစ်ကြောင်းသုံးကြောင်းနဲ့ ထိုးစစ်ဆင်နေပြီး အောင်ချမ်းသာ(ခ)ရွာသာယာရွာ က ပြည်သူတွေစစ်ဘေးရှောင်တွေဖမ်းဆီးခံခဲ့ရတယ်လို့သိရပါတယ်။ “စစ်ဘေးရှောင်ဆိုတော့သက်ကြီးရွယ်အိုတွေရော၊အပျိုတွေရော၊ကလေးတွေ ရော၊ယောကျာ်းသားတွေရော အကုန် ပေါ့။ဒါစစ်ကြောင်းထိုးရင် သူတို့ဒိုင်းကာ လုပ်လာနိုင်တယ်”လို့ဒေသခံတဦကပြောပါတယ်။ စက်တင်ဘာလ၄ရက် နေ့ကဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး မကျီးကုန်းရွာဘက်ကို...

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်တပ်က ဒီက​နေ့ အမျိုးသမီးငယ် ၂ ဦးကို ပေါ်တာဆွဲဖမ်း​ဆီးသွားကြောင်း မြို့ခံတွေက ပြောပါတယ်။

သတင်း

ကမ္ဘာ့ရွှေစျေးစံချိန်တင်နှုန်းဖြင့် စျေးကွက်ပိတ်ပြီး ပြည်တွင်းရွှေစျေးလည်း တကျပ်သား ကျပ်၇၈ သိန်းကျော်လာကြောင်း ရွှေနှင့်ငွေစျေးကွက်မှ အရောင်းအဝယ်ပြုလုပ်နေသူများက ပြောသည်။

သတင်း

အာရက္ခတပ်တော်(AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့် မကြာသေးမီက တွေ့ဆုံခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ဖြစ်သူ ကိုထိန်လင်းက ယနေ့ (စက်တင်ဘာ ၆ရက်)တွင် ၎င်း၏ လူမှုကွန်ရက်၌ အသိပေးခဲ့ပြီး ဗိုလ်ချုပ်ထွန်းမြတ်နိုင်က မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရန်လိုအပ်မှုကို ပြောကြားခဲ့ဟု အသိပေးသည်။

သတင်း

အာဏာသိမ်းစစ်ကောင်စီကို တိုက်ခိုက်ရာတွင် အတူတကွ ပေါင်းစည်း တိုက်ခိုက်ခြင်းမပြုနိုင်သည့် အပြင် အချင်းချင်းအကြား တိုက်ပွဲများ ရှိနေ၍ စစ်ရေးအောင်မြင်မှုများ အနည်းငယ်ရပ်တန့်နှေးကွေးသွားဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရလက်ထက် ချင်းပြည်နယ် ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်က ပြောကြားသည်။

သတင်း

တော်လှန်​ရေးအင်အားစု​တွေ သိမ်းယူထားခဲ့တဲ့ မြ၀တီမြို့နယ်၊ သင်္ဃန်းညီ​နောင်အ​ခြေစိုက် ခမရ (၃၅၅)နဲ့ ခမရ (၃၅၆)တပ်ရင်းတွေကို စစ်​ကောင်စီတပ်က မနေ့ စက်တင်ဘာ ၅ ရက်​ ည​နေပိုင်းမှာ ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့ ကရင်ဒေသရှိစစ်​ရေးသတင်းရင်းမြစ်တွေက ​ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊အရာတော်မြို့နယ်က အများပြည်သူအသုံးပြုနေတဲ့လမ်းပိုင်းမှာ စစ်ကောင်စီတပ်က နင်းမိုင်းတွေ ထောင်ထားခဲ့တယ်လို့ မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။

Facebook