Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းတိုင်း၊အင်းတော်၊မော်လူးမြို့တို့ကို ထိုးစစ်ဆင် နေတဲ့ တပ်မ(၃၃)ကစစ်​ကြောင်း တွေ နောက်တန်းပြန်ဆုတ်လာပြီး ဇူလိုင်လ ၂၂ရက်ညနေပိုင်းမှာကားအစီး ၈၀နဲ့ မန္တ လေးမြို့တွင်း ပြန်ဝင်တယ်လို့ ‌‌‌‌‌‌‌တော်လှန်ရေးအင်အားစုတွေကပြောပါတယ်။

သတင်း

ရန်ကုန်မြို့မှာဇူလိုင် ၂၂ ရက်ညက သားဖြစ်သူအလုပ်မှအပြန်ပေါ်တာဆွဲခံရတာကြောင့် ဖခင်ဖြစ်သူကတညင်းကုန်းမှာရှိတဲ့စစ်သားစုဆောင်းရေးတပ်ကို သွားရောက်စုံစမ်းမေးမြန်းခဲ့ရာ ဖခင်ကိုပါ စစ်တပ်ကထပ်မံဖမ်းဆီးလိုက်ပါတယ်။

သတင်း

အစီးရေ မရေမတွက်နိုင်အောင် များလှတဲ့ လှည်းတွေဟာ ကုန်ပစ္စည်းတွေကို သယ်ဆောင်ရင်း ခရီးဆက်နေကြတယ်။ အဲဒီ လှည်းတွေဟာ လှည်းလမ်းကြောင်းတောင် မပီတဲ့ ခြုံကြိုအုံကြားကနေ တအိအိ သွားလာနေကြတာပါ။ အဲဒီမြင်ကွင်းကတော့ ကချင်ပြည်နယ်ထဲက ကွင်းလမ်းတနေရာမှာပဲ ဖြစ်ပါတယ်။ လှည်းသမားတစ်ဦးက သူ့ Tiktok ကနေဇူလိုင် ၂၃ ရက်က...

သတင်း

မန္တလေးမြို့က မီလျံနာရွှေဆိုင်ဓားပြတိုက်မှု ကျူးလွန်သူတွေဖမ်းမိပြီး ကျူးလွန်သူတွေဟာ စစ်ကောင်စီရဲ့လွတ်ငြိမ်းနဲ့ လွတ်မြောက်လာသူတွေပါဝင်တယ်လို့ စစ်တပ်လက်အောက်ခံ ရဲတပ်ဖွဲ့အသိုင်းဝိုင်းက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ လှိုင်းဘွဲ ၊ ကော့ကရိတ် ၊ဘားအံမြို့ပေါ်က ရပ်ကွက်တွေနဲ့ ကျေးရွာတွေမှာ စစ်ကောင်စီက ဒေသခံလူထုတွေကိုဆင့်ခေါ်ပြီး မဲပေးစက်သုံးပြီး မဲပေးနည်း ကိုသင်ကြားပြသတာတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်၊ရုံးပင်ကုန်း ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်တာကြောင့် အမျိုးသမီး ၁ ဦး အပါအဝင် ၄ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် ဒိုင်းကျီရပ်ကွက်အား စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုအတွင်း ဒဏ်ရာရသူများအနက် (၄)နှစ်အရွယ်ကလေးငယ်အပါအဝင် ၂ဦးထပ်မံသေဆုံး၍ စုစု‌ပေါင်း သေဆုံးသူ ၁၄ဦး ရှိလာပြီဖြစ်သည်။

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေရှိကာ လက်နက်ခဲယမ်းတချို့ပါ သိမ်းဆည်းခံလိုက်ရပါတယ်။

သတင်း

နိုင်ငံရေးမရ တိမ်းရှောင်လာသည့် မြန်မာနိုင်ငံသားများအား မိခင်နိုင်ငံသို့ အတင်းအဓမ္မပြန်လည်ပို့ဆောင်ခြင်း ရပ်တန့်ရန် အရပ်ဘက်လူ့အဖွဲ့အစည်း ၅၁ဖွဲ့က ထိုင်ဝမ်အစိုးရကို တောင်းဆိုသည့် အိတ်ဖွင့်ပေးစာပို့ထားကြောင်း Blood Money -သွေးစွန်းငွေ က ထုတ်ပြန်သည်။

သတင်း

သရက်ချောင်းမြို့နယ်၊ စော်ဖျားရွာနဲ့ မိုးရွှေကုန်းရွာတွေကို မီးရှို့ဖျက်ဆီးခဲ့တဲ့စစ်ကြောင်းမှ စစ်ကောင်စီတပ်သားတစ်ဦး ပြည်သူ့ဘက်ပူးပေါင်းပြီး အလင်းဝင်ရောက်လာတယ်လို့ ထားဝယ်ခရိုင် အမှတ်(၂)တပ်ရင်းက ဒီကနေ့ သြဂုတ် ၂၇ ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (သြဂုတ် ၂၇)မှာ စစ်ကောင်စီရဲ့ တရားမဝင်ရွေးကောက်ပွဲကို သပိတ်မှောက်ကြဖို့ "သင့်မဲဖြင့်တရားဝင်လူသတ်ခွင့်မပေးနဲ့" ​စာတမ်း ၊​ကြွေး​ကြော်ပြီးဆန္ဒပြခဲ့ကြပါတယ်။

သတင်း

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာ လက်နက်ခဲယမ်းတွေ သွားရောက်သယ်ဆောင်တဲ့ ရဲဘော်တစ်ဦး သတင်း​​ပေး​ကြောင့် စစ်ကောင်စီတပ်က​စောင့်ကြိုပစ်ခတ်ဖမ်းဆီးခံရတာကြောင့် ကျဆုံးသွားခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဗျူဟာ (၂၂)လက်အောက်ခံ ပဲခူးရိုးမရေတာရှည် YPDFမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)ရှိ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO) တပ်ရင်း(၈)ထံသို့ ကော်သူးလေအာမီ(KTLA)တပ်ဖွဲ့ဝင်များ ပြန်လည်ပူးပေါင်းလာဟု ကရင်သတင်းရင်းမြစ်က ပြောသည်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ရုံးပင်ကုန်းရွာကို ယနေ့ ညနေပိုင်းတွင် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲပြီး စက်သေနတ်ဖြင့် ပစ်ခတ်သွား၍ စစ်ဘေးရှောင် ငါးဦးသေဆုံးကြောင်း မြို့ခံများက ပြောသည်။

Facebook