Connect with us

Hi, what are you looking for?

LuduNwayOo

ဘာသာပြန် ဆောင်းပါး

မြန်မာ့အကျပ်အတည်းဖြေရှင်းရေးမှာအာဆီယံ ခေါင်းဆောင်မှုကို အမေရိကန်လက်လွှဲယူရမယ့်အချိန်

ဒီလမှာတော့ အာဆီယံ အဖွဲ့ဝင် နိုင်ငံခြားရေး ဝန်ကြီးတွေက ဂျကာတာမှာ အစည်းအဝေး ကျင်းပတဲ့အခါ ဘုံသဘောတူညီချက် ၅ ရပ် ဖော်ဆောင်ရေးကို ဆက်လက် အားပေး ထောက်ခံနေတဲ့တိုင် ဘာတိုးတက်မှုမှ ရှိမလာတဲ့ အခြေအနေ အတွက်လည်း စိတ်ပျက်တယ်လို့ သဘောထား ဖော်ပြခဲ့ကြပါတယ်။

(စစ်အာဏာသိမ်းမှုကို နိုင်ငံတစ်ဝန်းပြည်သူ သန်း​ပေါင်းဆယ်နှင့်ချီ ၍လမ်း​ပေါ်ထွက်ဆန့်ကျင်ဆန္ဒပြခဲ့​သော ၂၂၂၂၂ (၂၀၂၁ ​ဖေ​ဖော်ဝါရီ ၂၂ )ဆန္ဒပြပွဲတွင် ရန်ကုန်နှင့်မန္တ​​လေး ဆန္ဒပြပွဲ မြင်ကွင်းအချို့ ။ဓါတ်ပုံ-The New York Times၊AP ၊The Guardian)
(စစ်အာဏာသိမ်းမှုကို နိုင်ငံတစ်ဝန်းပြည်သူ သန်း​ပေါင်းဆယ်နှင့်ချီ ၍လမ်း​ပေါ်ထွက်ဆန့်ကျင်ဆန္ဒပြခဲ့​သော ၂၂၂၂၂ (၂၀၂၁ ​ဖေ​ဖော်ဝါရီ ၂၂ )ဆန္ဒပြပွဲတွင် ရန်ကုန်နှင့်မန္တ​​လေး ဆန္ဒပြပွဲ မြင်ကွင်းအချို့ ။ဓါတ်ပုံ-The New York Times၊AP ၊The Guardian)

စကော့မာစီရယ်လ်

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့နောက် မြန်မာ တစ်နိုင်ငံလုံး အတိုင်းအတာလောက်နဲ့ အုံကြွ တော်လှန်မှုတွေ စတင်လာခဲ့တာ အခုဆိုရင် တတိယမြောက် နှစ်ထဲကိုတောင် ဝင်ရောက်လာနေပါပြီ။ ဒါပေမဲ့ ပြဿနာကို ပြေလည်မယ့် လမ်းစမျိုး မတွေ့သေးသလို နိုင်ငံတကာ အသိုက်အဝန်းကလည်း ဒီပဋိပက္ခကို အဆုံးသတ်ပေးနိုင်မယ့် ထင်သာမြင်သာ မဟာဗျူဟာမျိုး ရှိသေးပုံ မပေါ်ဘူး။

၂၀၂၁ ခုနှစ်၊ ဧပြီလမှာတော့ အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ အဖွဲ့ဝင် နိုင်ငံခေါင်းဆောင်တွေဟာ မြန်မာ့အရေးနဲ့ ပတ်သက်လို့ နိုင်ငံတကာအဆင့် ကိုင်တွယ် ဖြေရှင်းမှုတွေကို စတင် ဦးဆောင်တဲ့ အနေနဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို သတ်မှတ် ကြေညာခဲ့ပါတယ်။ အဲဒီ အချက်တွေဟာ ပြည်တွင်းက အကြမ်းဖက်မှုတွေကို အဆုံးသတ်စေပြီး ညှိနှိုင်းဆွေးနွေးမှုတွေ စတင်နိုင်ဖို့ အဓိက ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း ကံအကြောင်းမလှစွာနဲ့ပဲ အဲဒီ ဘုံသဘောတူညီမှုတွေ ဆိုတာက စကတည်းက ပြီးဆုံးသွားပါတော့တယ်။ အကြောင်းကတော့ မြန်မာ စစ်အာဏာရှင်တွေက သူတို့ရဲ့ သဘောထား တင်းမာတဲ့ မူဝါဒတွေကို လက်လွှတ် မခံချင်တာကြောင့်ရော၊ ညှိနှိုင်းဆွေးနွေးမှု လမ်းစဉ်ရဲ့ အဆုံးသတ် သဘောတူညီမှုတွေအပေါ် သံသယ မေးခွန်းထုတ်မှုတွေကြောင့်ပါ ဖြစ်ပါတယ်။

ဒီလမှာတော့ အာဆီယံ အဖွဲ့ဝင် နိုင်ငံခြားရေး ဝန်ကြီးတွေက ဂျကာတာမှာ အစည်းအဝေး ကျင်းပတဲ့အခါ ဘုံသဘောတူညီချက် ၅ ရပ် ဖော်ဆောင်ရေးကို ဆက်လက် အားပေး ထောက်ခံနေတဲ့တိုင် ဘာတိုးတက်မှုမှ ရှိမလာတဲ့ အခြေအနေ အတွက်လည်း စိတ်ပျက်တယ်လို့ သဘောထား ဖော်ပြခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

(စစ်အာဏာသိမ်းမှုကို နိုင်ငံတစ်ဝန်းပြည်သူ သန်း​ပေါင်းဆယ်နှင့်ချီ ၍လမ်း​ပေါ်ထွက်ဆန့်ကျင်ဆန္ဒပြခဲ့​သော ၂၂၂၂၂ (၂၀၂၁ ​ဖေ​ဖော်ဝါရီ ၂၂ )ဆန္ဒပြပွဲတွင် ရန်ကုန်နှင့်မန္တ​​လေး ဆန္ဒပြပွဲ မြင်ကွင်းအချို့ ။ဓါတ်ပုံ-The New York Times၊AP ၊The Guardian)
(စစ်အာဏာသိမ်းမှုကို နိုင်ငံတစ်ဝန်းပြည်သူ သန်း​ပေါင်းဆယ်နှင့်ချီ ၍လမ်း​ပေါ်ထွက်ဆန့်ကျင်ဆန္ဒပြခဲ့​သော ၂၂၂၂၂ (၂၀၂၁ ​ဖေ​ဖော်ဝါရီ ၂၂ )ဆန္ဒပြပွဲတွင် ရန်ကုန်နှင့်မန္တ​​လေး ဆန္ဒပြပွဲ မြင်ကွင်းအချို့ ။ဓါတ်ပုံ-The New York Times၊AP ၊The Guardian)

တကယ်တော့ အဲဒီ ဘုံသဘောတူညီချက်တွေ ဆိုတာက အဆုံးကျတော့ ဘာမှ ဖြစ်မလာနိုင်လောက်ဘူး ဆိုတာကို ကြိုတွေးတော သဘောပေါက်ထားတဲ့ ဉာဏ်ကြီးရှင်တွေ ရှိနှင့်ပြီးသားပါ။ အာဆီယံ အသိုက်အဝန်းထဲမှာတောင် မြန်မာ့အရေးနဲ့ ပတ်သက်လို့ သဘောထား ကွဲလွဲမှုတွေ ရှိနေတဲ့အတွက် ဒီကိစ္စကို ရှေ့ဆက်ဖို့ရော၊ ဘုံသဘောတူညီချက်တွေကို ပိုမို ကောင်းမွန်တဲ့ ချဉ်းကပ်မှု ပုံစံမျိုးတွေနဲ့ အကောင်အထည် ဖော်ဖို့ပါ အလားအလာ မကောင်းနိုင်တာကို အဲဒီ ပုဂ္ဂိုလ်တွေက ကြိုမြင်ထားကြပါတယ်။

အဲဒီလို ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေတွေကြောင့်ပဲ ဒီအရှုပ်ထုပ်ဟာ အမေရိကန်ဆီ ရောက်လာပါတော့တယ်။ ၂၀၀၀ ပြည့်နှစ်တွေလောက်မှာ အဲဒီတုန်းက မြန်မာ စစ်အာဏာရှင် အစိုးရနဲ့ ပတ်သက်ပြီး အရေးယူ ပိတ်ဆို့မှုတွေနဲ့ အထီးကျန်အောင် ဖိအားပေးမှုတွေကို ရွေးချယ်ခဲ့တဲ့ မူဝါဒကြောင့် အမေရိကန်ဟာ အာဆီယံ အသိုက်အဝန်းနဲ့ ဆက်ဆံတိုင်း မျက်နှာနာစရာတွေ ဖြစ်ခဲ့ဖူးပါတယ်။ နှစ်ဖက်စလုံးကလည်း မြန်မာကို ဗဟိုပြုပြီး အသီးသီး ကျင့်သုံးကြတဲ့ မူဝါဒတွေနဲ့ ပတ်သက်လို့ စိတ်ပျက်ခဲ့ကြပါတယ်။

လက်ရှိ အကျပ်အတည်းမှာတော့ အမေရိကန်က အာဆီယံရဲ့ ဦးဆောင် ကိုင်တွယ်မှုကို ပိုပြီး အလေးပေး လိုက်လျောခဲ့ပါတယ်။ တိုးတက်မှုတွေ ကင်းမဲ့နေတဲ့တိုင် အာဆီယံ အဆိုပြုတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို အမေရိကန်က အားပေး ထောက်ခံကြောင်း ပြသခဲ့ပါတယ်။

(စစ်အာဏာသိမ်းမှုကို နိုင်ငံတစ်ဝန်းပြည်သူ သန်း​ပေါင်းဆယ်နှင့်ချီ ၍လမ်း​ပေါ်ထွက်ဆန့်ကျင်ဆန္ဒပြခဲ့​သော ၂၂၂၂၂ (၂၀၂၁ ​ဖေ​ဖော်ဝါရီ ၂၂ )ဆန္ဒပြပွဲတွင် ရန်ကုန်နှင့်မန္တ​​လေး ဆန္ဒပြပွဲ မြင်ကွင်းအချို့ ။ဓါတ်ပုံ-The New York Times၊AP ၊The Guardian)
(စစ်အာဏာသိမ်းမှုကို နိုင်ငံတစ်ဝန်းပြည်သူ သန်း​ပေါင်းဆယ်နှင့်ချီ ၍လမ်း​ပေါ်ထွက်ဆန့်ကျင်ဆန္ဒပြခဲ့​သော ၂၂၂၂၂ (၂၀၂၁ ​ဖေ​ဖော်ဝါရီ ၂၂ )ဆန္ဒပြပွဲတွင် ရန်ကုန်နှင့်မန္တ​​လေး ဆန္ဒပြပွဲ မြင်ကွင်းအချို့ ။ဓါတ်ပုံ-The New York Times၊AP ၊The Guardian)

ဒီချဉ်းကပ်မှုက အစောပိုင်းမှာတော့ အဓိပ္ပါယ် ရှိသလိုလိုပါပဲ။ အာဆီယံက အာဆီယံကို ရှေ့တန်းတင်ပြီး ထောက်ခံပေးနေပါတယ်ဆိုတဲ့ သဘောထားမျိုးက တကယ်တမ်းကျတော့ မြန်မာနိုင်ငံ ပြဿနာနဲ့ ပတ်သက်ရင် ဝါရှင်တန်က ပုဂ္ဂိုလ်တွေဆီမှာ ပိုကောင်းတဲ့ အကြံအစည် ထွက်မလာဘူးဆိုတဲ့ အရှိတရားကို ဖုံးကွယ်ထားခဲ့ပါတယ်။ ခက်တာက အခုကိစ္စမှာ အာဆီယံရဲ့ ဦးဆောင်မှုက ကျဆုံးခဲ့သလို သူတို့ရဲ့ ဘုံသဘောတူညီချက်တွေ ဆိုတာကလည်း သေခါနီး မျက်ဖြူဆိုက်တဲ့ အဆင့်ကို ရောက်နေပါပြီ။ ဒီတော့ မြန်မာ့ပြဿနာမှာ တစ်ခုခုလုပ်ဖို့ သမ္မတ ဂျိုးဘိုင်ဒန် အစိုးရကို ပြန်လှုပ်နှိုးတဲ့ သဘောမျိုး ဖြစ်လာပါတယ်။

မြန်မာ ပြည်သူတွေနဲ့အတူ ရပ်တည်ဖို့ သံန္နိဋ္ဌာန် ချထားပါတယ်လို့ ပြောနေရင်းနဲ့ပဲ အာဆီယံရဲ့ ကျရှုံးနေပြီးသား ချဉ်းကပ်မှုကို ဆက်ထောက်ခံနေတာ၊ ငြိမ်းချမ်းတဲ့ အဖြေတစ်ခု ရှာမတွေ့နိုင်မယ့် အရှုပ်အထွေးကြီးမှာ ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ ဆိုတာကို တရားသေ ဆုပ်ကိုင်ထားတာတွေက အမေရိကန်ရဲ့ နည်းလမ်းတွေက ဟန်ပဲရှိတဲ့ အခေါင်းပွကြီး ဖြစ်နေတာ ပိုမြင်သာလာပါတယ်။ အဲဒီ ချဉ်းကပ်မှု ပုံစံကို အမေရိကန်က အချိန်ကြာကြာ ဆုပ်ကိုင်ထားလေလေ၊ အမေရိကန်အပေါ် အများက ယုံကြည် အားကိုးမှုနဲ့ မြန်မာနိုင်ငံက ဖြစ်စဉ်တွေအပေါ် အမေရိကန်ရဲ့ လွှမ်းမိုး သက်ရောက်နိုင်စွမ်းက လျော့ကျလေလေ ဖြစ်လာပါလိမ့်မယ်။

ဒီနေ့ထိ မြန်မာ့ ပြဿနာနဲ့ ပတ်သက်ရင် အမေရိကန်က သတိကြီးကြီးနဲ့ ချဉ်းကပ်နေတယ် ဆိုတာကလည်း အစိုးရက မြန်မာ့ တော်လှန်ရေးကို သတ္တိရှိရှိ၊ ပြည့်ပြည့်ဝဝ ထောက်ပံ့ပေးမယ့် မူဝါဒတစ်ခု ကျင့်သုံးဖို့ အရဲမကိုးချင်တာကြောင့် ဖြစ်နိုင်ပါတယ်။ ဒီလမ်းစဉ်ကို ရွေးချယ်လိုက်တဲ့အခါ ပြည်တွင်းမှာ အကြမ်းပတမ်း ဖြစ်စဉ်တွေ ပိုဆိုးရွားလာမှာကို အမေရိကန်က စိုးရိမ်ကောင်း စိုးရိမ်နိုင်တယ်။ ဒါမှမဟုတ် တော်လှန်ရေး အင်အားစုတွေက အာဏာသိမ်း စစ်တပ်ကို ဖြုတ်ချဖို့ အားထုတ်မှုတွေရဲ့ အောင်မြင်နိုင်ခြေရယ်၊ ဒါမှမဟုတ် တော်လှန်ရေး အောင်မြင်ပြီးသွားရင် နိုင်ငံကို ဆက်ပြီး စုစည်းထားနိုင်မယ့် အလားအလာရယ်နဲ့ ပတ်သက်လို့ မေးခွန်းထုတ်ချင်လို့လည်း ဖြစ်နိုင်ပါတယ်။

(စစ်အာဏာသိမ်းမှုကို နိုင်ငံတစ်ဝန်းပြည်သူ သန်း​ပေါင်းဆယ်နှင့်ချီ ၍လမ်း​ပေါ်ထွက်ဆန့်ကျင်ဆန္ဒပြခဲ့​သော ၂၂၂၂၂ (၂၀၂၁ ​ဖေ​ဖော်ဝါရီ ၂၂ )ဆန္ဒပြပွဲတွင် ရန်ကုန်နှင့်မန္တ​​လေး ဆန္ဒပြပွဲ မြင်ကွင်းအချို့ ။ဓါတ်ပုံ-The New York Times၊AP ၊The Guardian)
(စစ်အာဏာသိမ်းမှုကို နိုင်ငံတစ်ဝန်းပြည်သူ သန်း​ပေါင်းဆယ်နှင့်ချီ ၍လမ်း​ပေါ်ထွက်ဆန့်ကျင်ဆန္ဒပြခဲ့​သော ၂၂၂၂၂ (၂၀၂၁ ​ဖေ​ဖော်ဝါရီ ၂၂ )ဆန္ဒပြပွဲတွင် ရန်ကုန်နှင့်မန္တ​​လေး ဆန္ဒပြပွဲ မြင်ကွင်းအချို့ ။ဓါတ်ပုံ-The New York Times၊AP ၊The Guardian)

နောက်ပြီး ဒီနည်းလမ်းကို ရွေးလိုက်တဲ့အခါ တရုတ်က အာဏာသိမ်း မြန်မာစစ်တပ်ကို ပိုပြီး ထောက်ပံ့လာအောင် လှုံ့ဆော် အားပေးရာ ရောက်သွားမှာကိုလည်း အမေရိကန် အရာရှိတွေက စိုးရိမ်နေနိုင်ပါတယ်။ နောက်တစ်ချက်က ယူကရိန်း စစ်ပွဲကြောင့် ဖိစီးမှုတွေ အရမ်းများနေတဲ့ အခြေအနေမှာ သူတို့ရဲ့ စွမ်းအင်ကို မဟာဗျူဟာအရ အရေးပါမှု ပိုနည်းတဲ့ ပဋိပက္ခ တစ်ခုဆီမှာ ခွဲမသုံးချင်တာလို့လည်း ယူဆရပါတယ်။

ဘယ်လို အကြောင်းပြချက်နဲ့ ဖြစ်ပါစေ၊ လက်ရှိ အမေရိကန် ကျင့်သုံးနေတဲ့ ချဉ်းကပ်မှု ပုံစံက တော်လှန်ရေး ဖက်ကတော့ အပြည့်အဝ ထောက်ခံရပ်တည်တယ် ဆိုတဲ့တိုင် တော်လှန်ရေး အောင်မြင်သွားအောင် ကိုယ်တိုင် အားထုတ်မှုနဲ့ ရင်းမြစ်တွေ ထောက်ပံ့ကူညီမှုတော့ မရှိပါဘူး။

အမေရိကန် ဥပဒေပြု အမတ်တွေ အနေနဲ့ အသိအမှတ် ပြုသင့်တာက ဒီအကျပ်အတည်းကနေ မြန်မာ ရုန်းထွက်နိုင်ဖို့ အလားအလာရှိတဲ့ တစ်ခုတည်းသော နည်းလမ်းက မြန်မာ စစ်အာဏာရှင်တွေကို တော်လှန်ရေး အင်အားစုတွေက အောင်အောင်မြင်မြင် ဖြုတ်ချလိုက်နိုင်ဖို့ပါပဲ။ စစ်တပ်က အာဏာချုပ်ကိုင်ထားသ၍ ဒီနိုင်ငံအတွက် ဘာမျှော်လင့်ချက်မှ မရှိတော့ပါဘူး။

တော်လှန်ရေးကို ပိုပြီး ထဲထဲဝင်ဝင် ထောက်ခံမယ် ဆိုတာက စွန့်စားရမယ့် ကိစ္စတွေ ရှိပါတယ်။ ဒါပေမဲ့ လက်ရှိ လမ်းကြောင်းအတိုင်း ဆက်သွားနေသ၍တော့ အကြမ်းဖက်မှုတွေ၊ မတည်ငြိမ်မှုတွေ၊ ထိခိုက်နာကျင်မှုတွေ ဗရပွနဲ့ နှစ်တွေကိုပဲ ရှေ့လျှောက် ကြုံတွေ့နေဖို့ သေချာနေပါတယ်။

ကဲ၊ ဒီတော့ အမေရိကန်က ဘာလုပ်သင့်သလဲ။ ပထမဆုံး အနေနဲ့ကတော့ ခေတ်ဟောင်းက အချိုးမျိုးအတိုင်း အာဆီယံကို ပိုပြီး တကျီကျီနဲ့ နားပူနားဆာ သွားလုပ်မနေသင့်တော့ပါဘူး။ ဒါက အလုပ်လည်း မဖြစ်ဘူး။ ဒါပေမဲ့ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ် ဆိုတာက အလုပ်ဖြစ်မယ့် နည်းလမ်းလို့ လက်ခံထားသယောင်၊ ဒါမှမဟုတ် ဒီအကျပ်အတည်းကို ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ ဖြေရှင်းနိုင်မယ်လို့ ယုံကြည်သယောင် ဟန်ဆောင်ထားတာတွေကိုတော့ ရပ်တန်းက ရပ်သင့်ပါပြီ။

ပြောရမယ်ဆိုရင် အခုနှစ်အတွက် အာဆီယံ အလှည့်ကျ သဘာပတိအဖြစ် တာဝန်ယူထားတဲ့ အင်ဒိုနီးရှားဟာ မြန်မာ့ အကျပ်အတည်းကို ဖြေရှင်းဖို့အတွက် ပိုပြီး ရည်မှန်းချက် ကြီးမားတဲ့ ချဉ်းကပ်မှုတွေကို ပြင်ဆင်နေတယ်။ ဒါကြောင့် အမေရိကန်ဟာ အင်ဒိုနီးရှားကို ထောက်ခံ အားပေးသင့်ပါတယ်။ အမေရိကန်က အာဆီယံကို ပစ်ပယ်ထားဖို့ မလိုပေမယ့် အာဆီယံရဲ့ အုတ်ရောရော၊ ကျောက်ရောရောအဆင့် ရောင်တော်ပြန်တွေနဲ့ အရမ်းကြီး လိုက်ညှိယူမနေသင့်ပါဘူး။

အာဆီယံမှာ ထင်ရှားမြင်သာတဲ့ မဟာဗျူဟာမျိုး မရှိတဲ့ အခြေအနေမှာ ဘိုင်ဒန်ရဲ့ အစိုးရဟာ အာဏာသိမ်း စစ်တပ်ကို ဖယ်ရှားဖို့ အားထုတ်နေတဲ့ မြန်မာ့ တော်လှန်ရေး အင်အားစုတွေကို ပိုမို ထောက်ပံ့ ကူညီရင် ခေါင်းဆောင်မှု နေရာကို ယူတာမျိုးဖြစ်ဖြစ်၊ အနည်းဆုံးတော့ စစ်ကောင်စီကို အားအင် ချိနဲ့သွားစေပြီး ထွက်ပေါက်တစ်ခု ကမူးရှူးထိုး လိုက်ရှာအောင် ဖိအားပေးတာမျိုးဖြစ်ဖြစ် လုပ်သင့်နေပါပြီ။

ဒီကိစ္စအတွက်ဆိုရင် အာဏာသိမ်း စစ်တပ်နဲ့ ပြိုင်ဘက်အသွင် ရပ်တည်နေတဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)ရယ်၊ တခြား တော်လှန်ရေး အင်အားစုတွေရယ်နဲ့ ညှိနှိုင်းမှုတွေကို ပိုမို မြှင့်တင်တာမျိုးလည်း ပါဝင်ရပါမယ်။ NUGရဲ့ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်ကို ပြီးခဲ့တဲ့ သီတင်းပတ်က ဝါရှင်တန်မှာ နေရာပေး ကြိုဆို တွေ့ဆုံတာမျိုးက အပေါင်းလက္ခဏာဆန်တဲ့ ခြေလှမ်းတစ်ခုဖြစ်ပြီး အဲဒီနောက်ဆက်တွဲ အနေနဲ့ နိုင်ငံခြားရေး ဝန်ကြီးအဆင့်ထိ ပုံမှန် တွေ့ဆုံ ဆွေးနွေးမှုတွေ ရှိလာဖို့ လိုပါတယ်။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန အနေနဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် သံအရာရှိ တစ်ဦးကို ခန့်အပ်ပြီး တော်လှန်ရေး အင်အားစုတွေနဲ့ ထိတွေ့ ဆက်ဆံတာတွေ၊ အရေးယူ ပိတ်ဆို့မှုတွေနဲ့ စပ်လျဉ်းလို့ အဓိက လက်တွဲဖော်တွေနဲ့ ညှိနှိုင်းတာတွေကို လုပ်ဆောင်သင့်ပါတယ်။

ဝါရှင်တန်က ပုဂ္ဂိုလ်တွေ အနေနဲ့ ကြုံလာနိုင်တဲ့ အခက်အခဲ၊ စိန်ခေါ်မှုတွေကို စိတ်ဒုံးဒုံးချ လက်ခံထားလိုက်ပြီးရင် NUGနဲ့ မိတ်ဖက် အဖွဲ့အစည်းတွေဆီ ဘဏ္ဍာငွေကြေးတွေ စဉ်ဆက်မပြတ် ထောက်ပံ့သင့်ပါပြီ။ ဒါဟာ လတ်တလောကမှ လွှတ်တော်မှာ အတည်ပြု သတ်မှတ်လိုက်တဲ့ Burma Unified through Rigorous Military Accountability အက်ဥပဒေရဲ့ ရည်မှန်းချက်တွေနဲ့လည်း ကိုက်ညီစေပါတယ်။

နောက်ပြီး အဲဒီလို အထောက်အပံ့တွေ ပေးအပ်တဲ့ အခါမှာလည်း အပြည့်အဝ စည်းလုံးညီညွတ်တဲ့ တော်လှန်ရေး အင်အားစုကြီးတစ်ခု တည်ဆောက်နိုင်ရေး ဆိုတာမျိုး ကန့်သတ် မထားဖို့ လိုပါတယ်။ ဒီအကြုံပြုချက်အတွက် အရိုးရှင်းဆုံး အကြောင်းရင်းကတော့ ဒီကိစ္စကို ဖိအားပေး တောင်းဆိုလို့ မရနိုင်တာကြောင့်ပါ။ အမေရိကန်က မြန်မာ့ တော်လှန်ရေးရဲ့ ငွေကြေး စာရင်းအင်း ထိန်းသိမ်းနိုင်စွမ်းနဲ့ ပတ်သက်လို့ အမေရိကန် အစိုးရက စိုးရိမ်တယ် ဆိုရင်လည်း ဒီအတွက် အမေရိကန် အေဂျင်စီတွေက တာဝန်ယူ သင်တန်းပေးရမှာ ဖြစ်ပါတယ်။ ဒါမျိုးကို တွေးပူလို့ အထောက်အပံ့တွေ မပေးနိုင်တာပါ ဆိုတာမျိုး ဆင်ခြေတွေ မသုံးသင့်တော့ပါဘူး။

တော်လှန်ရေး အင်အားစုတွေအတွက် လက်နက်တွေ တိုက်ရိုက် ထောက်ပံ့ဖို့ ဆိုတာက ဖြစ်နိုင်ခြေ နည်းသလို သယ်ယူပို့ဆောင်ရေး လမ်းကြောင်းကလည်း ခက်ခဲပါလိမ့်မယ်။ အဲဒီအစား ပိုပြီး ချုပ်ခြယ်မှုကင်းတဲ့ ဘဏ္ဍာရေးနဲ့ ရင်းမြစ် ထောက်ပံ့မှုတွေသာ ပေးပို့နိုင်မယ်ဆိုရင် NUGက လက်နက်တွေ ဖြည့်တင်းဝယ်ယူဖို့ ကောင်းကောင်းကြီး အသုံးချလာနိုင်မှာပါ။

နောက်တစ်ချက်က တော်လှန်ရေး အင်အားစုတွေအတွက် ဆက်သွယ်ရေး နည်းလမ်းတွေ တိုးတက်လာအောင် ပစ္စည်း ကိရိယာတွေ အကူအညီပေးဖို့ အမေရိကန်က စဉ်းစားသင့်ပါတယ်။ ဒါ့အပြင် ပြည်သူတွေအတွက် အင်တာနက် ကွန်ရက် ချိတ်ဆက်နိုင်အောင် ထောက်ပံ့ပေးဖို့ရောပေါ့။ ပြီးတော့ အမေရိကန်ဟာ ခေတ်မီ အဆင့်မြင့် လေယာဉ်ပစ် လက်နက်တွေ ပံ့ပိုးဖို့ စိုးရိမ်တာတွေ ရှိနေမယ် ဆိုရင်လည်း စစ်ဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ ပညာရှင်တွေကို စုစည်းပြီး အာဏာသိမ်း စစ်တပ်ရဲ့ လေကြောင်း အားသာချက်ကို တော်လှန်ရေး အဖွဲ့တွေက ဘယ်လို တန်ပြန်မလဲဆိုတဲ့ နည်းလမ်းတွေ ဝိုင်းဝန်း စဉ်းစားပေးတာမျိုး လုပ်နိုင်ပါတယ်။

အမေရိကန်ဟာ မြန်မာနိုင်ငံမှာ အရပ်သား အုပ်ချုပ်မှုနဲ့ ဒီမိုကရေစီအတွက် ဆယ်စုနှစ်တွေနဲ့ချီ ထောက်ခံ ပံ့ပိုးပေးခဲ့ဖူးပါတယ်။ ဒါပေမဲ့ လက်ရှိ အကျပ်အတည်းနဲ့ ပတ်သက်လို့တော့ အတော်လေး ခပ်ကင်းကင်း ရှိနေခဲ့တာ တွေ့ရပါတယ်။ တကယ်ဆိုရင် မြန်မာ့ ပြဿနာနဲ့ ပတ်သက်လို့ လက်တွဲဖော် အာဆီယံရဲ့ လက်ရှိ လမ်းစဉ်တွေဟာ အလားအလာရှိတဲ့ ရွေးချယ်စရာမျိုး မဟုတ်တော့ဘူး ဆိုတာကို အသိအမှတ်ပြု လက်ခံပြီး အခုအချိန်မှာ အရေးတကြီး လိုအပ်နေတဲ့ ခေါင်းဆောင်မှု ဟာကွက်ကို အမေရိကန်က လက်တွေ့ကျကျ ပါဝင် ဖြည့်တင်းပေးလို့ ရနေပြီ ဖြစ်ပါတယ်။

(အာဆီယံ၊ အင်ဒိုနိးရှားနှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးဟောင်း စကော့မာစီရယ်လ်က Nikkei Asia သတင်းဌာနတွင် ရေးသားထားခဲ့သည့် With ASEAN stuck, it is up to U.S. to lead on Myanmar ဆောင်းပါးကို ဘာသာပြန်ဆို​ဖော်ပြထားပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မေလ ၂၈ ရက်နေ့မှာတော့ ဆိပ်ခံရဲ့ ဂါဇာကမ်းရိုးတန်းဖက် သွယ်တန်းထားရာ လျှောက်လမ်း ဧရိယာဟာ လှိုင်းဒဏ်ကြောင့် အခြေပျက်သွားတာကို တွေ့ရပါတယ်။

နိုင်ငံတကာ

ဗြိတိန် တပ်ဖွဲ့ဝင်တွေဟာ ဂါဇာမြေကို လုံးဝမနင်းဘဲ ကမ်းခြေထိ ထောက်ပံ့ရေး ပစ္စည်းတွေ လွှဲပြောင်း ပို့ဆောင်ပေးနေတဲ့ အမေရိကန် စစ်တပ်ရဲ့ မစ်ရှင်မှာ ပူးပေါင်း ကူညီပေးနေပါတယ်။

နိုင်ငံတကာ

အစ္စရေး စစ်တပ် (IDF)ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဒန်နီရယ်လ် ဟာဂါရီကလည်း အမေရိကန်ဆီက စစ်လက်နက် အထောက်အပံ့တွေ ရပ်ဆိုင်းထားရင်တောင်မှ ရာဖားဟ်ထိုးစစ်အတွက် စစ်လက်နက် ရင်းမြစ် အလုံအလောက် ပိုင်ဆိုင်ထားပြီး ဖြစ်တယ်လို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။

နိုင်ငံတကာ

လက်ရှိ အစ္စရေးဟာ ရာဖားဟ်မှာ လေကြောင်းတိုက်ခိုက်မှုတွေ အပါအဝင် ကန့်သတ်စစ်ဆင်ရေးတချို့ လုပ်ဆောင်နေပေမယ့် မြေပြင်ထိုးစစ်ကြီး အဆင့်ထိ ရောက်နေပြီလို့ အမေရိကန်က သတ်မှတ်မထားသေးကြောင်းလည်း ဘိုင်ဒန်က ဆိုပါတယ်။