Connect with us

Hi, what are you looking for?

LuduNwayOo

ဘာသာပြန် ဆောင်းပါး

ရေပေါ်စိုက်ခင်းတွေကြောင့် မွန်းကျပ်နေတဲ့ အင်းလေး

​​ရေ​ပေါ်​ဗေဒါပင်​တွေများလာတာက ​ကန်​ရေမှာ​အောက်စီဂျင်​တွေ ​လျော့နည်း​စေပြီး ​ရေ​နေသတ္တဝါ​တွေကို ဒုက္ခ​ပေးပါတယ်။ ဓါတ်ပုံ-AFP

မြန်မာနိုင်ငံရဲ့ လူသိများ ထင်ရှားလှတဲ့ အင်းလေး ကန်ကြီးထဲမှာ တငြိမ့်ငြိမ့် လှုပ်ခတ်နေတဲ့ စက်တပ် သမ္ဗန်ပေါ်ကနေ ကိုညွန့်ဝင်းတစ်ယောက် ရေပေါ် ခရမ်းချဉ်သီး စိုက်ခင်းကို ဂရုတစိုက် ပျိုးထောင်ပေးနေပါတယ်။ ယူနက်စကို အဖွဲ့ကြီးက သဘာဝ အမွေအနှစ် နယ်မြေတစ်ခုအဖြစ် အသိအမှတ် ပြုထားရာ ရေကန်ကြီးထဲမှာ အဲဒီလို ရေပေါ် စိုက်ခင်းတွေကို နေရာအနှံ့ တွေ့မြင်လာနေရပါတယ်။ ဒါပေမဲ့ လှေကို ခြေထောက်နဲ့ လှော်ခတ်လေ့ရှိတဲ့ တံငါသည်တွေနဲ့ ခြေတံရှည် အိမ်တွေကြောင့် ကမ္ဘာလှည့် ခရီးသွားတွေကြား ထင်ရှားတဲ့ ရေကန်ကြီးဟာ ရေပေါ် စိုက်ခင်းတွေကြောင့်ပဲ တဖြည်းဖြည်း ညစ်နွမ်း ပျက်စီးလာနိုင်တယ်လို့ ဒေသခံတွေက စိုးရိမ်တကြီး သတိပေးနေကြပါတယ်။

 ရေပေါ် စိုက်ခင်း ဧရိယာတွေက ရေမျက်နှာပြင်ပေါ်မှာ တရိပ်ရိပ် တိုးပွား ကျယ်ပြန့်လာနေပြီး ဓာတု အနည်အနှစ်တွေကိုလည်း ရေထဲ ကျဆင်းသွားစေပါတယ်။ အချိန်တွေ ကြာလာတာနဲ့အမျှ အပင်တွေနဲ့ ဆက်စပ်တဲ့ အညစ်အနွမ်းတွေဟာ အင်းလေးကန်ကြီးရဲ့ သာယာရှုမောစရာ အလှအပတွေကို တားဆီး ပိတ်ဆို့လာလိမ့်မယ်လို့ ရေပေါ်စိုက်ခင်း ဆန့်ကျင်ရေး တက်ကြွ လှုပ်ရှားသူတွေက ဆိုပါတယ်။

၁၉၉၂ ကနေ ၂၀၀၉ ခုနှစ် အတောအတွင်း အင်းလေးကန် ရေပြင်မှာ ရေပေါ်စိုက်ခင်းတွေ ဟာ ၅၀၀ ရာခိုင်နှုန်း တိုးလာတယ်လို့ အစိုးရထုတ်ပြန်တဲ့ အစီရင်ခံစာ တစ်စောင်မှာ ဖော်ပြထားပါတယ်။ ဓါတ်ပုံ-AFP

ကိုညွန့်ဝင်းဟာ အရင်တုန်းက ကုန်းမြေပေါ်မှာ စိုက်ပျိုးရေး လုပ်ငန်းတွေ လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ အထွက်နှုန်းက မျှော်လင့်သလို မကောင်းခဲ့ဘူးလို့ သူက AFP သတင်းဌာနကို ပြောပြတယ်။ လွန်ခဲ့တဲ့ နှစ်ပိုင်းတွေမှာတော့ သူဟာ အကျိုးတူ ရေပေါ်စိုက်ခင်း တစ်ခုကို စတင် လုပ်ကိုင်ခဲ့ပြီး ခရမ်းချဉ်သီး တင်ပို့မှုမှာ တစ်သေတ္တာကို မြန်မာကျပ် ၃၀၀၀၀ (၁၄ ဒေါ်လာ) နီးပါးလောက် ရရှိခဲ့ပါတယ်။ 

“ကျိကျိတက် ချမ်းသာသွားတာတော့ မဟုတ်ဘူးပေါ့ဗျာ။ ဒါပေမဲ့ စားဝတ်နေရေး အတွက်တော့ တော်တော် အဆင်ပြေသွားတယ်”လို့ သူက ဆိုတယ်။ 

Public Service Announcement

Public Service Announcement

ဒါပေမဲ့ ရေပေါ် စိုက်ခင်းတွေအတွက် အင်းလေးကန်ကြီးက နစ်နစ်နာနာ ပေးဆပ်ရာတာတွေ ရှိပါတယ်။ ရေပေါ် စိုက်ခင်းတွေကို မျောပါမသွားအောင် ရေကန်အောက်ခြေနဲ့ တိုင်စိုက် ထိန်းချုပ်ထားရပြီး နေရောင်တိုက်ရိုက် မထိအောင်လည်း ကျူးကျော်မျိုးစိတ်ဖြစ်တဲ့ ဗေဒါပင်တွေနဲ့ အဓိက အကာအကွယ် ပေးထားရတယ်။

​​ရေ​ပေါ်​ဗေဒါပင်​တွေများလာတာက ​ကန်​ရေမှာ​အောက်စီဂျင်​တွေ ​လျော့နည်း​စေပြီး ​ရေ​နေသတ္တဝါ​တွေကို ဒုက္ခ​ပေးပါတယ်။ ဓါတ်ပုံ-AFP

အဲဒီ အပင်တွေဟာ အင်းလေးကန် ရေပြင်အနှံ့မှာ တားမနိုင် ဆီးမရ ပျံ့ပွားနေပါတယ်။ ဗေဒါပင်တွေဟာ တခြား အပင်တွေအတွက် နေရောင် မကျအောင် မိုးကာပေးပြီး တဖက်မှာလည်း အောက်စီဂျင် ဓာတ်ငွေ့ ပမာဏကို လျော့ကျစေတယ်။ တစ်နည်းအားဖြင့် ရေမျောဗေဒါပင် အစုအဝေးတွေဟာ ရေပေါ် စိုက်ခင်းတွေ အတွက်တော့ ပေါပေါများများနဲ့ အခမဲ့ ရရှိနိုင်တဲ့ ဆောက်လုပ်ရေး ပစ္စည်းတွေလိုပါပဲ။

ရေမျက်နှာပြင်ထက်မှာတော့ ကိုစည်သူဝင်းဟာ ဗေဒါပင်တွေနဲ့ တခြား ရေမျော ပေါင်းပင်တွေကို ဆွဲတင်ရင်း သူ့အပင်တွေကို ဖုံးကွယ်ပေးနိုင်ဖို့ စီစဉ်နေပါတယ်။ “ခရမ်းချဉ်သီး အပင်တွေက နေရောင် ကြာကြာ အထိမခံဘူး။ ဒီတော့ အပင်ရဲ့ အမြစ်တွေကို ကာထားပေးဖို့ လိုတယ်လေ”လို့ သူက ရှင်းပြတယ်။

၁၉၉၂ ကနေ ၂၀၀၉ ခုနှစ် အတောအတွင်း အင်းလေးကန် ရေပြင်မှာ ရေပေါ်စိုက်ခင်းတွေ ဟာ ၅၀၀ ရာခိုင်နှုန်း တိုးလာတယ်လို့ အစိုးရထုတ်ပြန်တဲ့ အစီရင်ခံစာ တစ်စောင်မှာ ဖော်ပြထားပါတယ်။ ဓါတ်ပုံ-AFP

၁၉၉၂ ကနေ ၂၀၀၉ ခုနှစ် အတောအတွင်း အင်းလေးကန် ရေပြင်မှာ ရေပေါ်စိုက်ခင်းတွေ ဖုံးကွယ်ထားမှုဟာ ၅၀၀ ရာခိုင်နှုန်း တိုးလာတယ်လို့ အစိုးရ ထုတ်ပြန်တဲ့ အစီရင်ခံစာ တစ်စောင်မှာ ဖော်ပြထားဖူးပါတယ်။ အဲဒီနောက်ပိုင်း ကာလတွေမှာလည်း အင်းလေးရဲ့ ရေပေါ်စိုက်ပျိုးမှု ဧရိယာတွေက ဆက်လက် ကျယ်ပြန့်လာဆဲလို့ ဒေသခံတွေက ပြောပါတယ်။

ရေပေါ် စိုက်ခင်းတွေဟာ ရေရှည် တည်မြဲနေတာ မဟုတ်ဘဲ အချိန်ကြာရင် ပုပ်သိုး ပျက်စီးသွားပါတယ်။ အဲဒါအခါ စိုက်ခင်းဟောင်းတွေကို ဖြတ်ထုတ်လိုက်ပြီး ရေပေါ် စိုက်ခင်း အသစ်တွေကို တောင်သူ လယ်သမားတွေက ပြန်တည်ဆောက်ကြတယ်။ ကြာလာတော့ ဆွေးမြေ့ပျက်စီးနေတဲ့ ရေမျောအပင် အစုအဝေးကြီးတွေဟာ အင်းလေးကန်ရဲ့ ကမ်းခြေမှာ စုဝေး ပိတ်ဆို့လာပါတော့တယ်။

ရေပေါ်စိုက်ခင်းတွေဟာ အင်းလေးကန်ကို ပျက်စီးရာ ပျက်စီးကြောင်းဆီ ဦးတည်နေစေတယ်လို့ အမည်မဖော်လိုတဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်း ဝန်ကြီးဌာန အရာရှိ တစ်ယောက်က AFPကို ပြောပါတယ်။

အခုဆိုရင် အင်​လေးကန်ရဲ့​ရေအရည်အ​သွေးကျဆင်းလာသလို၊ ​​ရေနည်းလာပြီးရေကန်ကောလာမယ့် အန္တရာယ်ကိုရင်ဆိုင်​နေရပြီဖြစ်ပါတယ်။ ဓါတ်ပုံ-AFP

ဒေသဆိုင်ရာ အာဏာပိုင်တွေက ရေကန်ကြီးထဲက အဲဒီ အမှိုက်သရိုက် ရေမျော စွန့်ပစ် ပစ္စည်းတွေကို နေရာ တိတိကျကျ သတ်မှတ်ပြီး ထားရှိချင်ပေမယ့် ဒီကိစ္စကို အကောင်အထည်ဖော်ဖို့ လုံလောက်တဲ့ ရင်းမြစ် မရှိဘူးလို့လည်း သူက ဆိုတယ်။ “ဒီတော့ ကန်က တဖြည်းဖြည်း ကျဉ်းမြောင်းလာတော့တာပဲ”လို့လည်း အဲဒီ အရာရှိက ဆက်ပြောပါတယ်။

ကိုညွန့်ဝင်းလိုမျိုး ဒေသခံ လယ်သမားတွေကတော့ သူတို့ဟာ အင်းလေးကန်ကြီးကို ကျဉ်းထဲကျပ်ထဲ တွန်းပို့နေတယ် ဆိုတာကို ငြင်းဆန်ပါတယ်။ တကယ်တမ်းဆိုရင် ကန်တဝိုက်က တောင်စောင်းတွေမှာ တောင်ယာ ခုတ်ထွင် မီးရှို့ရှင်းလင်းတဲ့ စိုက်ခင်းတွေ ဆယ်စုနှစ်နဲ့ချီ တည်ရှိနေခဲ့ပြီး အဲဒီကနေတဆင့် မြေသားတွေက အင်းလေးကန်ထဲ စီးဝင်ပြီး ကန်ကြီးကို တဖြည်းဖြည်း တိမ်ကောလာနေစေတဲ့ ပိုပြီး ထင်ရှားမြင်သာတဲ့ အကြောင်းတရားတွေ ရှိနေသေးတယ်လို့ ထောက်ပြကြပါတယ်။

​​ရေ​ပေါ်​ဗေဒါပင်​တွေများလာတာက ​ကန်​ရေမှာ​အောက်စီဂျင်​တွေ ​လျော့နည်း​စေပြီး ​ရေ​နေသတ္တဝါ​တွေကို ဒုက္ခ​ပေးပါတယ်။ ဓါတ်ပုံ-AFP

“ကျွန်တော် ငယ်ငယ်တုန်းကဆိုရင် ဝါးလုံးစိုက်ပြီး တိုင်းကြည့်တဲ့အခါ ရေအနက်က ၁၂ ပေလောက် ရှိခဲ့ဖူးတယ်။ ဒါပေမဲ့ အခုကျတော့ နွေလတွေဆိုရင် လှေပေါ် ထိုင်နေရင်း ရေထဲ လက်နဲ့စမ်းရုံနဲ့ မြေသားတွေ ပမာဏ တော်တော်များများ ပါလာတတ်တယ်”လို့ သူက ဆိုတယ်။ 

အင်းလေးကန်မှာ ရေပေါ်စိုက်ခင်းတွေ တိုးပွား စည်ပင်လာတာက ကန်ကြီးကို မှီခိုနေရတဲ့ တံငါတွေ အတွက်တော့ အနုတ်လက္ခဏာဆန်တဲ့ သက်ရောက်မှုတွေ ကြုံလာစေပါတယ်။ အသက် ၂၄ နှစ်အရွယ် ကိုနေထွန်းဦးက စိုက်ခင်းတွေကနေ ယိုစီးလာတဲ့ ဓာတုပစ္စည်းတွေကြောင့်လည်း အင်းလေးကန်ဟာ ပိုညစ်နွမ်းလာရတယ်လို့ စွပ်စွဲပါတယ်။

“ကျွန်တော် ငယ်ငယ်တုန်းက ကျောင်းသားဘဝမှာ ကန်ရေရဲ့ အခြေအနေက ဒီလောက် မဆိုးသေးဘူးဗျ”လို့ သူက ဆိုတယ်။ အရင်တုန်းက ကန်ကြီးထဲမှာ ကျက်စားနေပြီး စားလို့ အရသာရှိတဲ့ ငါးမျိုးစိတ် တော်တော်များများကို အခုအခါ ရှာမတွေ့တော့ဘူးလို့လည်း ကိုနေထွန်းဦးက ပြောပြပါတယ်။ 

၂၀၁၇ တုန်းက ကုလသမဂ္ဂရဲ့ အစီရင်ခံစာ တစ်စောင်မှာတော့ ရေပေါ် စိုက်ခင်းတွေရဲ့ ဓာတ်မြေဩဇာတွေနဲ့ ပိုးသတ်ဆေးတွေ အလွန်အကျွံ သုံးစွဲမှုဟာ အင်းလေးကန်ကြီးနဲ့ ပတ်ဝန်းကျင် ဂေဟစနစ်ကို ထိခိုက် ပျက်စီးလာစေတယ်လို့ ဖော်ပြထားပါတယ်။ ဓါတ်ပုံ-AFP

၂၀၁၇ တုန်းက ကုလသမဂ္ဂရဲ့ အစီရင်ခံစာ တစ်စောင်မှာတော့ ရေပေါ် စိုက်ခင်းတွေရဲ့ ဓာတ်မြေဩဇာတွေနဲ့ ပိုးသတ်ဆေးတွေ အလွန်အကျွံ သုံးစွဲမှုဟာ အင်းလေးကန်ကြီးနဲ့ ပတ်ဝန်းကျင် ဂေဟစနစ်ကို ထိခိုက် ပျက်စီးလာစေတယ်လို့ ဖော်ပြထားပါတယ်။

၂၀၁၉ တုန်းက အင်းလေးကန် ထိန်းသိမ်းရေး ဥပဒေသစ် တစ်ခုကို ဒေသခံ လွှတ်တော်မှာ တင်သွင်းခဲ့ဖူးပေမယ့် မူကြမ်း အဆင့်ကနေ ရှေ့တိုးမလာနိုင်ခဲ့ပါဘူး။

အင်းလေးကန်ကို အမှီသဟဲ ပြုနေရတဲ့ စီးပွားရေး လုပ်ငန်းပေါင်းစုံကလည်း ရေကန်ကြီးရဲ့ အကျယ်အဝန်း ကျုံ့လာပြီး ဘက်ပေါင်းစုံ ယိုယွင်းလာမှုတွေက ခရီးသွား ဧည့်သည်တွေ ဆိတ်သုဉ်းသွားစေမှာကို စိုးရိမ်နေကြပါတယ်။

ရေ​ပေါ်​ဗေဒါပင်​တွေများလာတာက ​ကန်​ရေမှာ​အောက်စီဂျင်​တွေ ​လျော့နည်း​စေပြီး ​ရေ​နေသတ္တဝါ​တွေကို ဒုက္ခ​ပေးပါတယ်။ ဓါတ်ပုံ-AFP

“ငယ်ငယ်တုန်းကဆိုရင် ကျွန်တော်တို့ရဲ့ အင်းလေးကန်ကြီးက အရမ်းကျယ်တာ”လို့ အသက် ၃၈ နှစ်အရွယ် ရှိပြီဖြစ်ပြီး အင်းလေးမှာ ရွှေထည်ငွေထည် ပန်းထိမ်လုပ်ငန်းတစ်ခု ဖွင့်လှစ်ထားတဲ့ ကိုကျော်ကျော်က ပြောပါတယ်။ “အခုတော့ နေရာတိုင်းလိုလို ရေပေါ် စိုက်ခင်းတွေ ပြည့်နှက်နေတယ်။ ကျွန်တော်တို့ သောက်တဲ့ရေကလည်း အရင်လို သန့်စင်မနေတော့ဘူး”လို့လည်း သူက ဆိုပါတယ်။ 

တစ်ချိန်တုန်းကတော့ အင်းလေးဟာ မြန်မာနိုင်ငံရဲ့ ကမ္ဘာလှည့် ခရီးသွား အများဆုံး လာရောက်ရာ နေရာတစ်ခု ဖြစ်ခဲ့ပါတယ်။ ကိုဗစ် ကပ်ရောဂါ မတိုင်ခင်ကဆိုရင် နှစ်စဉ် ပြည်တွင်း ခရီးသွား တစ်သန်းကျော်နဲ့ နိုင်ငံခြားသား နှစ်သိန်းကျော်လောက် လာရောက် လည်ပတ်လေ့ ရှိခဲ့တယ်။ ဒါပေမဲ့လည်း ကိုဗစ် ကပ်ရောဂါဆိုးကနေ နာလန်ထစ နိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့အခါ စစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့တွေကြား တိုက်ပွဲတွေ နေရာအနှံ့ ပေါ်ပေါက်လာပါတော့တယ်။

အင်းလေးကန်ဟာ ရှမ်းပြည်နယ် တောင်ပိုင်းမှာ ဖွဲ့စည်း ပါဝင်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပတ်ကျော်ကစလို့ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားလာခဲ့တဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့တော့ အတော်လေး အလှမ်းဝေးပါတယ်။ စစ်ရေးနဲ့ နိုင်ငံရေး အခြေအနေတွေ ဂယက်ရိုက်ခတ်တာကြောင့် အင်းလေးရဲ့ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းအပေါ် ထိခိုက်သက်ရောက်လာတာ မဆန်းပါဘူး။

၁၉၉၂ ကနေ ၂၀၀၉ ခုနှစ် အတောအတွင်း အင်းလေးကန် ရေပြင်မှာ ရေပေါ်စိုက်ခင်းတွေ ဟာ ၅၀၀ ရာခိုင်နှုန်း တိုးလာတယ်လို့ အစိုးရထုတ်ပြန်တဲ့ အစီရင်ခံစာ တစ်စောင်မှာ ဖော်ပြထားပါတယ်။ ဓါတ်ပုံ-AFP

“နိုင်ငံခြားသားတွေ လာမလည်တာ သုံးနှစ်လောက် ရှိပြီဗျ”လို့ ကိုကျော်ကျော်က ခပ်ညည်းညည်း ဆိုပါတယ်။ အခုဆိုရင် သူ့ရဲ့ ပန်းထိမ် ဝန်ထမ်း တချို့တောင်မှ နိုင်ငံခြားထွက် အလုပ်လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တခြား ဘာသာစကားတွေ သင်ယူနေပြီလို့ ကိုကျော်ကျော်က ပြောပြပါတယ်။ တချို့ကတော့ လက်သမားအဖြစ် ပြောင်းလဲ အသက်မွေးကုန်ကြပါတယ်။

ကိုစည်သူဝင်းကတော့ သူချစ်မြတ်နိုးတဲ့ ရေကန်ကြီးကို စွန့်ခွာ မသွားချင်ပါဘူး။ “အင်းလေးမှာ နေရတာ ပျော်ပါတယ်။ ပြီးတော့ အင်းလေးကန်ကြီး ပျောက်ကွယ်သွားမှာကိုလည်း ကျွန်တော်တို့ စိုးရိမ်တယ်”လို့ သူက ပြောပါတယ်။

(AFP သတင်းဌာန၏ Myanmar’s famed Inle Lake chokes on floating farms ဆောင်းပါးကို ဘာသာပြန်ဆိုသည်)

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီဘက်ကတော့ PDF တွေရဲ့ စခန်းကိုသွားတိုက်တာလို့ဆိုထားပြီး တိုက်ပွဲမှာ PDF ခေါင်းဆောင်ကို အသေမိတယ်လို့ သတင်းထုတ်ထားပါတယ်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း PDF အဖွဲ့ခေါင်းဆောင် ဆရာကျောင်းခေါ် ကိုဇော်ဇော်အောင်ကိုလည်း ဖမ်းမိထားတယ်လို့စစ်ကောင်စီက ဓာတ်ပုံတကွနဲ့ ဝါဒဖြန့်ထားပါတယ်။

ဘာသာပြန် ဆောင်းပါး

“ဘယ်သူကမှတော့ မိဘဘိုးဘွားပိုင် မြေတွေကို မစွန့်လွှတ်ချင်ဘူးပေါ့။ ဒါပေမဲ့ သူတို့ကို ငြင်းဆန်မိရင် အသတ်ခံရနိုင်တယ်လေ”လို့ ကချင် လူမှုဝန်ထမ်း အဖွဲ့ဝင် တစ်ဦးက Global Witnessကို ပြောပြခဲ့ပါတယ်။

သတင်း

ပြည်သူများ၏ ထောက်ပံကူညီမှုများအား တော်လှန်ရေးအတွက် လက်နက်၊ခဲယမ်းများ ၀ယ်ယူရေးကဏ္ဍတွင် အဓိကအသုံးပြုမည်ဖြစ်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများမှ ရရှိသည်များကို တပ်ဖွဲ့တွင်းရိက္ခာအဖြစ် အသုံးပြုသွားမည် ဖြစ်ကြောင်း PPDFအဖွဲ့က ဆိုသည်။