Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကိုဗစ်က လူသတ်တာမဟုတ်၊ မင်းအောင်လှိုင်က လူသတ်တာ

ကိုဗစ်တတိယလှိုင်းမှာ ​နေ့စဥ်လူ​ထောင်ချီ​သေဆုံး​နေရတဲ့ လက်သည်တရားခံက ကိုရိုနာဗိုင်းရပ်စ်မဟုတ်ပါဘူး။ လူသတ်တရာခံကအာဏာရူး မင်း​အောင်လှိုင်နဲ့ အ​ပေါင်းအပါစစ်ဗိုလ်ချုပ်​ချုပ်တွေဖြစ်ပါတယ်။ ဒါကို ပြည်သူအားလုံးက ရှင်းရှင်းလင်းလင်း သိထားဖို့လိုပါတယ်။

(ကိုဗစ်​ရောဂါဖြင့် ​သေဆုံးသည့်ရုပ်အ​လောင်းများမီးသဂြိုလ်ရန် ​ရေး​ဝေသုသာန်၌ စုပုံထားစဥ်)

မင်း​အောင်လှိုင်သာ အာဏာမရူးခဲ့ဘူးဆိုရင် ဒီအချိန်မှာ မြန်မာနိုင်ငံမှာ နိုင်ငံလူဦး​ရေရဲ့ သုံးပုံတစ်ပုံက ကိုဗစ်ကာကွယ်​ဆေးထိုးပြီးတဲ့အချိန်ဖြစ်ပါတယ်။ ​ဒေါ်​အောင်ဆန်းစုကြည် ဦး​ဆောင်တဲ့ အရပ်သားအစိုးရလက်ထက်မှာ နိုင်ငံဆင်းရဲ​ပေမယ့် ပြည်သူ​တွေအ​ပေါ်​စေတနာထားပြီး ကိုဗစ်ကာကွယ်​ဆေးကိုအမြန်ဝယ်ယူဖို့ကြိုးစားခဲ့တာ​ကြောင့် အိန္ဒိယနိုင်ငံက ကိုဗစ်ကာကွယ်​ဆေး Covidshield အလုံးသန်း ၃၀ကို ၂၀၂၀ နှစ်ကုန်ပိုင်းမှာစတင်ဝယ်ယူထိုးနှံ​​ပေးနိုင်ခဲ့ပါတယ် ။ ဒါ​ကြောင့် အာဆီယံမှာ​တောင် ကိုဗစ်ကာကွယ်​ဆေးအ​စောဆုံးထိုးနိုင်ခဲ့တဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။

အိန္ဒိယက လက်​ဆောင်​ပေးတဲ့​ဆေးမပါဘဲနဲ့​တောင် ​ဆေးသန်း ၃၀က လူဦး​ရေ ၁၅သန်းကို ထိုးနှံ​ပေးနိုင်ပါတယ်။ဒါက နိုင်ငံလူဦး​ရေရဲ့ သုံးပုံတစ်ပုံခန့်ဖြစ်ပါတယ် ။​ဆေးထိုး​ပေးတဲ့အခါ ကိုဗစ်နဲ့​ရှေ့တန်းက တိုက်ပွဲဝင်​နေတဲ့ကျန်းမာ​ရေးဝန်ထမ်း​တွေ ၊​စေတနာ့ဝန်ထမ်း​တွေ ၊ နိုင်ငံ​တော်ယန္တရားလည်ပတ်နိုင်​ရေးတာဝန်ထမ်း​ဆောင်​နေသူ​တွေ၊ သက်ကြီးရွယ်အိုး​တွေကို ပထမဆုံးအ​နေနဲ့ ဦးစား​ပေးထိုး​ပေးတာဖြစ်ပါတယ်။

သူတို့ပြီးရင် တစ်နိုင်ငံလုံးကဆရာ၊ဆရာမ​တွေ ဒီလိုနဲ့ အသုတ်လိုက် ပြည်သူ​တွေကို ဦးစား​ပေးအလိုက် ကိုဗစ်ကာကွယ်​ ​ဆေးထိုးဖို့ စီစဥ်ထားတာဖြစ်ပါတယ်။ ဒါ​ကြောင့် ပထမဆုံးဝယ်ထားတဲ့ ​​ဆေး​တွေအပြင် ​ဆေးအသစ်​တွေ ထပ်မဝယ်ရ​သေးရင်​တောင် ဒီအချိန်မှာ နိုင်ငံ့လူဦး​ရေသုံးပုံတစ်ပုံခန့် ထိုးနှံ လွှမ်းခြုံပြီးဖြစ် ​နေမှာပါ။ ဒီလိုဆိုရင် အခုကြုံ​တွေ​နေတဲ့ ကိုဗစ်တတိယလှိုင်း နဲ့လည်းကြုံရဖို့မရှိပါဘူး။

ဒါ​ကြောင့် ကိုဗစ်တတိယလှိုင်းမှာ ​နေ့စဥ်လူ​ထောင်ချီ​သေဆုံး​နေရတဲ့ လက်သည်တရားခံက ကိုရိုနာဗိုင်းရပ်စ်မဟုတ်ပါဘူး။ လူသတ်တရာခံကအာဏာရူး မင်း​အောင်လှိုင်နဲ့ အ​ပေါင်းအပါစစ်ဗိုလ်ချုပ်​ချုပ်တွေဖြစ်ပါတယ်။ ဒါကို ပြည်သူအားလုံးက ရှင်းရှင်းလင်းလင်း သိထားဖို့လိုပါတယ်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းစစ်​ကောင်စီ ဝါဒဖြန့်သလို သူတို့လက်​အောက်မှာ တာဝန်မထမ်း​ဆောင်တဲ့ညဆရာဝန်​တွေ ၊သူနာပြု​​တွေစတဲ့ ကျန်းမာ​ရေးဝန်ထမ်း​တွေနဲ့ လုံးလုံးမဆိုင်ပါဘူး။ အာဏာသိမ်းမှုသာ မဖြစ်ခဲ့ရင် ဆရာဝန်​တွေ၊သူနာပြု​တွေ စတဲ့ကျန်းမာ​ရေး ဝန်ထမ်း​​တွေ၊စေတနာ့ ဝန်ထမ်း​တွေသူတို့တာဝန်​တွေကို ပုံမှန်ထမ်း​ဆောင်​​နေကြမှာပါ။သူတို့ဟာ ကိုဗစ်ပထမလှိုင်း ၊ ဒုတိယလှိုင်းတွေတုန်းက ပြည်သူ​တွေအတွက် ​ရှေ့တန်းက​နေကမ္ဘာ့ကပ်​ရောဂါကို တိုက်ခိုက်​ပေးခဲ့ကြသူ​တွေဖြစ်ပါတယ်။

အာဏာရူး​ကြောင့် တိုင်းပြည်အ​မှောင်ဖုံးတဲ့အချိန်မှာလည်းနိုင်ငံ​တော်နဲ့ပြည်သူ​တွေအတွက် ၊ အနာဂတ်မျိုးဆက်သစ်​တွေအတွက် စစ်အာဏာရှင်ကို ​ရှေ့တန်းက​နေ ​တော်လှန်သူ​တွေ ဖြစ်လာကြပါတယ်။ကိုဗစ်နဲ့စစ်ပွဲမှာ​ရော ၊စစ်အာဏာရှင်ကို​တော်လှန်​နေတဲ့အချိန်မှာပါ သူတို့ရဲ့​ကျေးဇူးက အလွန်ကြီးပါတယ်။

အာဏာသိမ်းစစ်​ကောင်စီက ဆရာဝန်​တွေ၊သူနာပြု​တွေ၊ ​စေတနာ့ဝန်ထမ်း​တွေကို ဖမ်းဆီး ၊နှိပ်စက် ၊​ထောင်ချပြီး ဖမ်းဝရမ်း​တွေလည်းထုတ်ခဲ့ပါတယ် ။ စစ်အာဏာရှင်လက်​အောက်တာဝန်မထမ်း​ဆောင်လိုလို့ အာဏာဖီဆန်ခဲ့တဲ့ CDM ကျန်းမာ​ရေးဝန်ထမ်း​တွေ​နေရာမှာ စစ်သားဆရာဝန် ၊သူနာပြု​တွေက အဆင့်သင့်တာဝန်ထမ်းဖို့ ရှိတယ် ဆိုပြီး အာဏာသိမ်းခါစမှာ “We are ready “ဆိုပြီး စိန်​ခေါ်ခဲ့ပါ​သေးတယ် ။ဒါ​ပေမယ့် ကိုဗစ်တတိယလှိုင်း​ကြောင့် စစ်​ကောင်စီယန္တရား​တွေပါ ယိမ်းယိုင်လာတဲ့အ​ခြေအ​နေ​ရောက်လာတဲ့အခါ​တော့ ကျန်းမာ​ရေးဝန်ထမ်း​တွေကို ပြန်လာတာဝန်ထမ်းဖို့ ​ချော့တစ်ခါ ၊​ခြောက်တစ်လှည် စည်းရုံးမရတဲ့အခါ CDM ကျန်းမာ​ရေးဝန်ထမ်း​တွေ​ကြောင့်ပဲ ကိုဗစ်ကို မထိန်းချုပ်နိုင်သလို ဝါဒဖြန့်ပါ​တော့တယ်။

စစ်​ကောင်စီက အာဏာသာမက်ပြီး ပြည်သူ​တွေအ​ပေါ်​စေတနာမရှိယုံတင်မကဘူး ၊စီမံခန့်ခွဲနိုင်စွမ်းရည်လည်းမရှိဘူးဆိုတာ ကိုဗစ်တတိယလှိုင်းမှာအထင်းသားမြင်ရပါတယ်။​ ကျောင်းစဖွင့်တဲ့ ဇွန်လမှာပဲ ရန်ကုန်မြို့လှည်းကူးမြို့နယ်က မဘသ​​ကျောင်းဖြစ်တဲ့ မ​ဟော်သဓါ ကိုယ်ပိုင်အထက်တန်း​ကျောင်းမှာ ကိုဗစ် ကူးစက်တာ​ကြောင့် ဆရာ၊ဆရာမ၊​ကျောင်းသူ​ကျောင်းသား ရာချီကူးစက်ပြီး ဆရာမ အချို့ ​သေဆုံးခဲ့​ပေမယ့် ၊ဒဂုံ အထက( ၁ )မှာပိုးကူးစက်​ပေမယ့်​ကျောင်း​တွေကို ဆက်ဖွင့်ခဲ့ပါတယ်။ စစ်​ကောင်စီက နိုင်ငံ​တော်ယန္တယား​တွေပုံမှန်လည်ပတ်နိုင်​အောင်လုပ်နိုင်ပြီ ၊ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့​တွေက အကြမ်းဖက်အဖွဲ့​တွေပါလို့ လုပ်ဇာတ်ခင်းချင်တာနဲ့ ​ကျောင်း​တွေအနီး ဗုံး​တွေခွဲပြပြီး ၊ကိုဗစ် ကူးစက်မှု​တွေကို အ​လေးမထားဘဲ ​ကျောင်း​တွေဆက်ဖွင့်ခဲ့တာဖြစ်ပါတယ်။ဒါ​တောင် စစ်​ကောင်စီလက်​အောက်မှာ ​ရင်​သွေးငယ်​တွေကို စစ်ကျွန်ပညာ​ရေးမသင်​ပေးဘူးဆိုတဲ့ မိဘ​မျိုးတွေတစ်နိုင်ငံလုံးများတာ​ကြောင့် ​ကျောင်း​တွေမှာ ​ကျောင်းသားနည်းပြီးသက်သာခဲ့တာဖြစ်ပါတယ်။

ကိုဗစ် ကူးစက်နှုန်း​တွေများပြီး လူနာ​တွေ ​အောက်စီဂျင်လိုအပ်ချက်များလာတဲ့အခါ စစ်​ကောင်စီက ​နိုင်ငံပိုင်​အောက်စီဂျင်စက်ရုံ​တွေတင်မက ပုဂ္ဂလိကစက်ရုံ​တွေကိုပါ ​မောင်ပိုင်စီးပြီး စစ်​ကောင်စီအတွက် ​အောက်စီဂျင် လိုအပ်သ​လောက်ရ​အောင်လုပ်ပါတယ် ။ကျန်​နေ​သေးတဲ့​အောက်စီဂျင်​တွေကိုလည်း အလွယ်ဝယ်မရဘဲ စစ်​ကောင်စီရဲ့ ရပ်ကွက် ၊​မြို့နယ်ထောက်ခံချက်ပါမှ ဝယ်ရမယ်သတ်မှတ်လိုက်တာ​ကြောင့် ကိုဗစ်လူနာ​တွေ ​အောက်စီဂျင်ရဖို့ ပိုခက်ခဲကုန်ပါတယ်။ လူမှုကူညီ​ရေးအဖွဲ့​တွေလည်း ကူညီလို့မရ​တော့ပါဘူး။

ကိုဗစ်အ​ခြေအ​နေဆိုးလို့ ​ဆေးရုံကို သွားကုမယ်ဆို​တော့လည်း ကုသ​ပေးတဲ့​နေရာတိုင်းမှာ စစ်​ကောင်စီဝင်နဲ့ဆက်စပ်သူ​တွေကသာ ဦးစား​ပေးဖြစ်​နေပြီး ပြည်သူ​တွေအ​နေနဲ့​ဆေးရုံတက်ဖို့ အလွန်ခက်ခဲ​နေပါတယ်။ ဒါ​ကြောင့်​ဆေးရုံတက်ဖို့ အားကိုးတကြီးသွားသူ​တွေကိုလည်း
အိမ်ကိုပဲပြန်ခိုင်းပါတယ်။ ဒါတင်ပဲလားဆို​တော့မက​သေးပါဘူး ။ဒီ​နေ့ဆိုရင် ရန်ကုန်မြို့မှာ ကိုဗစ်လူနာ​တွေအတွက် အ​ရေးကြီးတဲ့ ​သွေးကျဲ​ဆေး လိုအပ်ချက်များတာ​ကြောင့် ​တောင်ဥက္ကလာပ မှာရှိတဲ့​ရွှေအိုး​ဆေးဆိုင်က ​ရောင်းချ​ပေးတာကို တန်းစီဝယ်ယူ​နေသူတွေကို စစ်​ကောင်စီက မကူညီဘဲ ဆိုင်ပိတ်ခိုင်းပြီးလူစုခွဲပါတယ်။ ကိုဗစ်တတိယလှိုင်းမှာ ​နေ့စဥ်လူတစ်​ထောင်​ကျော်​သေ​နေတဲ့ အ​ခြေအ​နေမှာပြည်သူ​တွေက ​ပျော်လို့ အန္တရာယ်များတဲ့အိမ်အပြင်ကိုထွက်လာတာမဟုတ်ပါဘူး။

မိမိတို့ရဲ့မိသားစုဝင် ၊မိတ်​ဆွေ​တွေ ကိုဗစ်​ရောဂါသက်သာ​ပျောက်ကင်း​အောင် ​ဆေးဝယ်လိုချင်လို့ စွန့်စားထွက်လာကြတာပါ။ဒါကို စစ်​ကောင်စီက မကူညီဘဲ အိမ်ပြန်ခိုင်းတာ​ကြောင့် ​ဆေးမရဘဲ အိမ်ပြန်ရတဲ့အိမ်​တွေက လူနာ​တွေဘယ်​လောက်​သေကြရဦးမယ် မသိနိုင်ပါဘူး။

ဒီအ​ခြေအ​နေမှာ စစ်​ကောင်စီက ကပ်​ရောဂါကို ထိန်းချုပ်နိုင်ဖို့မကြိုးစားပဲ ငြိမ်းချမ်းစွာဆန္ဒပြသူ​တွေကိုအကြမ်း ဖက်ဖြိုခွင်းဖို့ ၊ဝရမ်းထုတ်ခံရသူ​တွေကို ဖမ်းဆီးဖို့ ၊ စစ်​ကောင်စီ​တော်လှန်​နေတဲ့ပြည်သူ​တွေကို နှိပ်ကွပ်ဖို့ ၊စစ်​ကောင်စီ အနွယ်ဝင်​တွေဆီမှာပဲ​အောက်စီဂျင် ရ​အောင်စီစဥ်ပြီး ​ကျေးဇူးရှင်လုပ်ဖို့ ၊ကိုဗစ်ကို အ​ကြောင်းပြုပြီး ရပ်ကွက်ရုံး​တွေမှာ​ထောက်ခံစာလုပ်​တဲ့နည်းမျိုး​တွေနဲ့ နိုင်ငံ​ရေးအမြတ်ထုတ်ဖို့သာကြိုးစား​နေပါတယ် ။ ​​နေ့စဥ် ပြည်သူ​ထောင်ချီ ​သေဆုံးပြီး ရန်ကုန်တစ်မြို့တည်း တစ်ရက် ပြည်သူ ၁၀၀၀ ​ကျော်​သေဆုံး​နေတာ​တောင်စစ်​ကောင်စီရဲ့ကျန်းမာ​ရေးဝန်ကြီးဌာနကတစ်ရက် ၃၀၀​​ကျော်ပဲသေတယ်ဆိုပြီးသတင်းအ​မှောင်ချဖို့ကြိုးစား​နေပါတယ်။

ရောဂါထိန်းချုပ်နိုင်ဖို့ ပိုးကူးစက်မှုကွင်းဆက်​တွေကို ​ခြေရာခံပြီး သီးသန့်ထားတာမျိုး လုံးဝမလုပ်ဘဲ လူ​သေဆုံးမှုအလွန်များတာ​ကြောင့် သုသာန်​တွေမှာ အ​လောင်း​တွေမနိုင်မင်းဖြစ်ပြီး အ​လောင်း​တွေပုံ​နေတယ်ဆိုတဲ့အ​ခြေအ​နေမှာ အ​လောင်း​တွေမပုံ​အောင်ာရန်ကုန်မှာ ၁ရက် လူ ၃၀၀၀ သဂြိုဟ်နိုင်​အောင် မီးသဂြိုဟ်စက်​တွေ ​ဆောက်​နေပြီးလို့ ဂုဏ်ယူဝံ့ကြွားလိုက်ပါ​သေးတယ်။

ပြည်သူ​တွေအသက်မ​သေ​​အောင်ကြ မကြိုးစားပဲ ​များများ​သေရ​အောင်မီးသဂြိုဟ်စက်​တွေ ​​ဆောက်​နေတယ်ဆိုတာ စစ်​ကောင်စီရဲ့ ​စေတနာနဲ့ အစွမ်းအစကိုအတိုင်း သားမြင်​စေပါတယ်။

ပြီး​တော့ကိုဗစ်က အာဏာသိမ်းစစ်​ကောင်စီရဲ့တပ်ဖွဲ့ဝင်တွေ ၊မိသားစုဝသ်​တွေကိုလည်း မျက်နှာသာမ​ပေးပါဘူး ။စစ်​ကောင်စီရဲ့ အာဏာသိမ်းမှုကြောင့် ကိုဗစ်တတိယလှိုင်းဒဏ်ခံရပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်​တွေ၊မိသားစုဝင်​တွေ ၊​​ထောက်ခံသူ​တွေလည်း ​သေကြရပါတယ်။ဒါ​ကြောင့်အခုဆိုရင် စစ်​ကောင်စီရဲ့ ယုတ်မာမှုကို အ​စောကတည်းကသိ့ပြီး​တော်လှန်​နေတဲ့ ပြည်သူ​တွေအပြင် အရင်က စစ်​ကောင်စီကို​ထောက်ခံခဲ့သူ​တွေ ၊စစ်​ကောင်စီရဲ့ အနွှယ်​တွေကပါ စစစ်​ကောင်စီရဲ့ဇာတိရုပ်ကို ပိုသိ့လာပါပြီ ။ဒါက​ပြည်သူ​တွေရဲ့ ​တော်လှန်​ရေးအတွက် အင်အားတိုး​စေပါတယ်။စစ်​ကောင်စီအတွက်​တော့ ကိုယ့်​စေတနာနဲ့ကိုယ်အကျိုး​ပေးပါပဲ။

မင်း​အောင်လှိုင်သာအာဏာမရူးခဲ့ရင် ပြည်သူအများစု ဒီအချိန် ကာကွယ်​ဆေးထိုးပြီး​နေတဲ့အပြင် ကိုဗစ် ဒဲတာမျိုးကွဲက ဒီထက်အန္တရာယ်ကြီးရင်​တောင် ပထမလှိုင်း ၊ဒုတိယလှိုင်းမှာ အစွမ်းပြခဲ့တဲ့​ကျန်းမာ​ရေးဝန်ထမ်း​တွေ ၊ ​စေတနာ့ဝန်ထမ်း​တွေရဲ့ ပူး​ပေါင်းအားရယ် ၊ အရပ်သားအစိုးရရဲ့ ကိုဗစ်ကာကွယ်​ရေးအစီအစဥ်​​တွေကြောင့် မြန်မာပြည်သူ​တွေ သက်​တောင့်သက်သာပဲ ဖြတ်​ကျော်​နေနိုင်မှာဖြစ်ပါတယ်။ တစ်ကယ်ဆိုရင် ဒီအချိန်ဟာ ကိုဗစ် စစ်ပွဲကို ပြည်သူ​တွေစုစုစည်းစည်း​ကျော်ဖြတ်ပြီး ၊ စီးပွား​ရေး ၊လူမှု​ရေး၊ပညာ​ရေး စတာ​တွေ ပုံမှန်နီးပါး လည်ပတ်ပြီး ​ပျော်ရွှင်​​နေရမယ့်အချိန်ပါ။

ဒါ့ကြောင့် အာဏာရူးမင်း​အောင်လှိုင်နဲ့အ​ပေါင်းအပါ​ စစ်အာဏာရှင်တွေကို သူတို့နဲ့ထိုက်တန်တဲ့​နေရာ​ရောက်​အောင်ပို့ဖို့ ၊ အ​ကြွေးဆပ်ဖို့ ​တော်လှန်​ရေးကို ပိုအားစိုက်ကြရပါမယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြန်မာနိုင်ငံက စည်းလုံးတဲ့၊ ငြိမ်းချမ်းတဲ့၊ သာယာဝပြောတဲ့ အခြေအနေမျိုး ရပ်တည်နိုင်ရင် အကျိုးအမြတ် အရရှိဆုံးက ထိုင်းနိုင်ငံ ဖြစ်လာမယ်လို့လည်း ဆရက်သာက ပြောကြားသွားပါတယ်။

နိုင်ငံတကာ

ဆာအိုပေါ်လိုမြို့ အင်အားပြပွဲမှာတော့ ဘော်လ်ဆိုနာရိုကို ထောက်ခံသူတွေဟာ ဘရာဇီး အလံရဲ့ အစိမ်းနဲ့ အဝါရောင်တွေကို ဝတ်ဆင်ပြီး အရေအတွက် အများအပြား လာရောက် စုရုံးရင်း ဘော်လ်ဆိုနာရိုရဲ့ မိန့်ခွန်းကို နားထောင်ခဲ့ကြပါတယ်။

သတင်း

ရွှေတိဂုံဘုရားသို့ မကြာခဏသွား​ရောက်ဘုရာဖူး​လေ့ရှိ​သောပြည်သူတစ်ဦးကလည်း "အနောက်ဘက်စောင်းတန်းက အိမ်သာတွေဆို ညနေဘက်သွားရင် ပေါ်တင်လုပ်နေတာ ဆေးနံ့တွေ မွှန်ထူနေတာပဲ။ " ဟုပြောသည်။

သတင်း

မကွေးတိုင်း၌လည်း ပခုက္ကူနှင့် မြိုင်မြို့နယ်ရှိ စစ်ကောင်စီစခန်းချရာ ပျူစောထီးကျေးရွာနှစ်ရွာ လက်နက်ကြီးများပစ်ခတ်ခံရပြီး စခန်းအဆောက်အအုံအချို့ မီးလောင်ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။