Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ပြည်သူ​တွေအာရုံစိုက်​ရမယ့် ပြည်သူ့ခုခံစစ်ပွဲ​​​​တွေ

​နွေးဦး​တော်လှန်​ရေးရဲ့ အ​ရေးကြီးတဲ့ တိုက်ပွဲ​တွေ ချင်းပြည်နယ်မှာမ​နေ့ကစဖြစ်​နေပါတယ်။အကြမ်းဖက်စစ်​ကောင်စီက သူတို့အထိ့နာ​​နေသလို ၊​လူထုတော်လှန်​ရေးအား​ကောင်းတဲ့​ဒေသ​တွေဖြစ်တဲ့ ချင်းပြည်နယ်နဲ့စစ်ကိုင်းတိုင်းမှာ ထိုးစစ်​ကြီးတွေဆင်ဖို့ ​အောက်တိုဘာလဆန်းမှာစစ်အင်အားအများအပြားဖြည့်တင်း​နေပါတယ်။မ​နေ့ (​အောက်တိုဘာ၁၃)က ဖလမ်းက​နေ ဟားခါးကို လာ​နေတဲ့ အကြမ်းဖက်စစ်​ကောင်စီယာဉ်တန်းကို ချင်းအမျိုးသားတပ်ဦး (CNF/CNA) နဲ့ ချင်း​ဒေသကာကွယ်​ရေးတပ်ဖွဲ့ (CDF)တို့ကပူး​ပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ဒါအပြင် ဟားခါးမြို့အထွက်က​နေ ထွက်ကြိုဖို့ ကြိုးပမ်းတဲ့စစ်​ကောင်စီတပ်ကိုလည်းချင်း​တော်လှန်​ရေး အဖွဲ့​တွေက တိုက်ခိုက်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်းမှာလည်း ​အောက်တိုဘာလဆန်းမှာအင်အားအလွန်အကျွံတိုးချဲ့လာတဲ့ စစ်​ကောင်စီတပ်​တွေကို ​ဒေသအလိုက်ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့​တွေက​နေ့စဥ်ရက်ဆက် ​ပျောက်ကြားနည်းနဲ့ခုခံတွန်းလှန်နေပါတယ်။ ကယားပြည်နယ် ၊ကချင်ပြည်နယ် ၊ကရင်ပြည်နယ် ၊မ​ကွေးတိုင်း ၊ရှမ်းပြည်နယ်​၊ တနသာ်ရီတိုင်းစတဲ့​ဒေသတွေမှာလည်း စစ်​ကောင်စီတပ်​တွေကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့​တွေရယ် ၊ ​ဒေသခံပြည်သူ့ကာကွယ်​ရေးတပ်​တွေကခုခံတိုက်ခိုက်မှုအရှိန်အဟုန်မြှင့်​နေပါတယ်။ ​ရခိုင်ပြည်နယ်မှအပ ကျန်​ဒေသ​တိုင်းလိုလိုမှာ ​ဒေသခံ​တော်လှန်​ရေးအဖွဲ့​တွေကအနည်းဆုံး မြို့ပြ​ပျောက်ကြားစစ်ကိုဆင်နွှဲ​နေကြတာဖြစ်ပါတယ်။ဒေသအများစုမှာ တိုက်ပွဲ​တွေရှိ​နေပေမယ့် အကြမ်းဖက်စစ်​ကောင်စီတပ်က စစ်ကိုင်းတိုင်းနဲ့ချင်းပြည်နယ်ကိုအလုံးအရင်းနဲ့ ထိုးစစ်ကြီးဆင်ဖို့လုပ်​နေတာဖြစ်တဲ့အတွက်ပြည်သူ​တွေက​နွေဦး​တော်လှန်​ရေးမှာ​အောင်ပွဲရချင်တာမှန်ရင် ဒီတိုက်ပွဲ​တွေအ​ပေါ်အာရုံစိုက်​ပေးဖို့လိုပါတယ်။ပြီး​တော့ ပြည်သူ့ကာကွယ်​ရေးတပ်​တွေ ၊စစ်​ဘေးဒုက္ခသည်​တွေကို ရတဲ့နည်းလမ်း​ပေါင်းစုံက​နေ ကူညီ​​ပေးကြဖို့ ၊ဝန်းရံ​ပေးကြဖို့တာဝန်ရှိပါတယ်။

ဒီအချိန်မှာ မြန်မာနိုင်ငံမှာလူသုံးများတဲ့​ဖေစ်ဘွခ်လူမှုကွန်ယက်မှာအလှပုံ​တွေတင်တာ၊ ဘုရား​ဖူးထွက်တာ၊ ​​ဘောလုံးပွဲ​တွေအ​ကြောင်းအာ​ပေါင်အာရင်းသန်သန်​ပြောတာ၊ Netflix က Squid Game အ​ကြောင်း​​တော်ကီပွားတာ၊ ကိုရီးယားမင်းသားမင်းသမီးအ​ကြောင်း​​ပြောဆို​နေတာ၊ တစ်ရက်တစ်ရက် ​​ဖေ့စ်ဘွတ်ခ်​​ရေးစီးက​ပေါ်ပင်​တွေ​ပေါ်မှာသာယာ​နေတာ စတဲ့​နွေဦး​တော်လှန်​ရေးကို အ​ထောက်အကူမဖြစ်တာ​တွေကို ​ခေတ္တရပ်ထားကြပြီး ပြည်သူ့တပ်​တွေရဲ့ခုခံတိုက်ပွဲ​တွေအ​ပေါ်အာရုံစိုက်​ပေးဖို့ ​မေတ္တာရပ်ခံပါတယ်။ ​အခုလိုစစ်ပွဲ​တွေဖြစ်​နေတဲ့အချိန်မှာ ဘုရားဖူးသွားလိုက်၊ ဘားသွားလိုက် ၊ကလပ်တက်လိုက် ၊ KTV ​တွေမှာ​သောက်စား​ပျော်ပါး​လိုက်လုပ်​နေတာ​တွေက ဘယ်လိုမှမသင့်​တော်ပါဘူး။ဒီလိုလုပ်တာက​​ ​​တော်လှန်​ရေးအဖွဲ့သားတွေ၊ ဓမ္မဘက်​တော်သား​တွေ​စော်ကား​နေတာနဲ့အတူတူပါပဲ ။

ဒေသအသီးသီးက ပြည်သူ့သားသမီးဖြစ်တဲ့ လူငယ်​တွေ ၊တိုင်းရင်းသားညီအစ်ကို​တွေက လက်နက်ဆွဲကိုင်ပြီး ကမ္ဘာ​ပေါ်မှာ အရက်စက်၊အယုတ်မာဆုံး မင်း​အောင်လှိုင်ရဲ့စစ်တပ်ကို ရင်ဆိုင်တိုက်ခိုက်​နေတာဟာစစ်တိုက်ချင်လွန်းလို့မဟုတ်ပါဘူး။အာဏာလုယူခဲ့တဲ့ စစ်​ကောင်စီကို မလိုလား​ကြောင်းလ​ပေါင်းများစွာငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်ခဲ့တဲ့ပြည်သူ​တွေရဲ့ဆန္ဒကို မျက်ကွယ်ပြု၊ ရက်ရက်စက်စက်ပစ်သတ် ၊​နေ့စဥ်နဲ့အမျှ ပြည်သူကိုရန်သူလိုသ​ဘောထားပြီး ဖမ်းဆီး၊သတ်ဖြတ်၊လုယက်၊ အဓမ္မပြုကျင့်၊ ဖျက်ဆီး​နေတဲ့အကြမ်းဖက်စစ်တပ်ကို ဖြုတ်ချဖို့တခြားနည်းလမ်း​တွေမရှိ​တော့တဲ့အဆုံးမှာ ပြည်သူ​တွေက ​တော်လှန်​ရေးအဖွဲ့​တွေနဲ့ပူး​ပေါင်းပြီး လက်နက်ဆွဲကိုင်ခုခံ​တော်လှန်​နေတာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

နေစဥ်နဲ့အမျှ ဘယ်အချိန်ကိုယ့်အိမ်တံခါးလာ​ခေါက်ပြီးဖမ်းမလဲ၊ ဘယ်​နေရာမှာပစ်သတ်ခံရလဲလို ​ကြောက်စိတ်နဲ့​နေရတဲ့အ​ခြေအ​နေကလွတ်​မြောက်ဖို့ ၊ အကြမ်းဖက်စစ်တပ်ရဲ့ စစ်ကျွန်ဘဝကလွတ်မြောက်​ဖို့ ၊ ဒီမိုက​ရေစီနဲ့လူ့အခွင့်အ​ရေး​တွေပြန်ရဖို့ ၊ ဖက်ဒရယ်ဒီမိုက​ရေစီရဖို့ ၊ အရာအားလုံးကိုဖျက်ဆီး​နေတဲ့ အကြမ်းဖက်စစ်​ခေါင်း​ဆောင်​တွေရဲ့ ထင်တိုင်းကျဲမှု​တွေ​အောက်က လွတ်​မြောက်ဖို့ မြန်မာနိုင်ငံသားအားလုံးအတွက် ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့​တွေ ၊ ​တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့​တွေက အကြမ်းဖက်စစ်တပ်ကို ခုခံ​တော်လှန်​နေကြတာဖြစ်ပါတယ်။ ဒါကို ပြည်သူ​တွေက ရှင်းရှင်းလင်းလင်းသိ့မြင်နားလည်ဖို့လိုပါတယ်။

​ရွေး​ကောက်ပွဲမဲလိမ်လို့အာဏာထိန်းတာဆိုတဲ့ လုပ်ကြံဇာတ်လမ်းဆင်ပြီး ​​နောက် ၂ ​နှစ်အကြာမှာရွေး​ကောက်ပွဲလုပ်ပြီးအာဏာပြန်လွှဲ​ပေးမယ့်လို့ အကြမ်းဖက်​ခေါင်း​ဆောင် မင်း​အောင်လှိုင်ရဲ့ ပျက်လုံးတွေကို အတည်ထင်​ ယုံကြည်​အောင်ပြည်သူ​တွေဥာဏ်မတိမ်ဘူးလို့ယုံကြည်ပါတယ်။ သမ္မတလုပ်ချင်လို့အာဏာသိမ်းတဲ့မင်း​အောင်လှိုင်နဲ့ စစ်ဗိုလ်ချုပ်​တွေဟာ သူတို့စီမံသလိုမဖြစ်လာဘဲ ၊လ​ပေါင်းများစွာအကျပ်အတည်း​ဖြစ်ခဲ့တာ​ကြောင့် နိုင်ငံ့အာဏာကိုတစ်ကယ်သာချုပ်ကိုင်သွားနိုင်ရင် အနည်းဆုံးနှစ် ၅၀ ​က​နေ နှစ်၁၀၀ လောက်အထိ့တိုင်းပြည်ကို စိတ်တိုင်းကျဖျက်ဆီးကြမှာဖြစ်ပါတယ်။အဲဒီလိုသာဖြစ်ခဲ့ရင် နိုင်ငံအတွက်​စေတနာမရှိသလို ကိုယ်ရည်ကိုယ်​သွေးညံဖျင်းလှတဲ့အာဏာရူး​တွေရဲ့​အောက်မှာကျွန်​တော်သာမက၊ကျွန်​တော်တို့ရဲ့သားသမီး၊​မြေးမြစ်​တွေပါ စစ်ကျွန်ခံရမှာဖြစ်ပါတယ်။ပြည်သူတစ်​ယောက်ချင်းက ဒီအ​ခြေအ​နေမျိုး လက်ခံနိုင်လား၊ မိမိတို့မျိုးဆက်​တွေအတွက် အဲလိုအ​မွှေးဆိုး​တွေချန်ထားရစ်နိုင်လား​ဆိုတာသေချာစဥ်းစားကြည့်ပါဦး။ အခု​နွေဦး​တော်လှန်​ရေးက ပြည်သူ​တွေ ရဲ့ ညီညီညွတ်ညွတ်နဲ့ တွန်လှန်းမှု​ကြောင့် အာဏာလုစစ်​ကောင်စီ အထိ့နာ​နေသလို ၊ နိုင်ငံတကာမျက်နှာစာမှာလည်းအရှုံးကြီးရှုံး​နေပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့​တွေရယ် ၊ပြည်သူ​တော်လှန်​ရေးအဖွဲ့​တွေရဲ့ သတ္တိ​ကောင်း​ကောင်းနဲ့ခုခံတိုက်ခိုက်​နေမှု​ကြောင့် အခုဆို
မင်း​အောင်လှိုင်ရဲ့ စိတ္တဇလူသတ်စစ်တပ်ဟာ ဘယ်တုန်းကမှမကြုံဖူးတဲ့ ကျယ်​ပြောလှတဲ့စစ်မျက်နှာ​ပေါင်းစုံကိုဖွင့်ထားရပြီး အထိ့လည်းနာ​ ၊စစ်လည်းပန်း​နေပြီဖြစ်ပါတယ်။​ခေတ်မီ၊ စစ်နက်နက်​​တွေ ၊စစ်ဘက်သုံးယန္တရား​တွေ ​ကြောင့်အင်အားကြီးမားတယ်လို့ထင်ရ​ပေမယ့် ပြည်သူ​​တွေကိုရန်သူလို ရက်စက်ယုတ်မာခဲ့တဲ့ရလဒ် ပြည်သူ​တွေရဲ့ နာကျည်းမှု​တွေ​ကြောင့် တပ်သားသစ်​ခေါ်ယူဖြည့်ဆည်းဖို့အလွန် ခက်ခဲ​နေပြီဖြစ်ပါတယ်။ ပြည်သူ​တွေရဲ့ ​ထောက်ခံအား​ပေးမှုမရှိ​တော့ဘဲ၊ ပြည်သူ​တွေက မင်း​အောင်လှိုင်စစ်တပ်ကို အကြမ်းဖက်လက်နက်ကိုင်အဖွဲ့လို့ရှုမြင် ဆက်ဆံတာ​ကြောင့် ​နေရာအနှံ့မှာ စစ်​ကောင်စီတပ်ဟာယုံကြည်မှာ​ပျောက်ဆုံးပြီး ပြည်သူ့သစ္စာလည်းစူး​နေပြီဖြစ်ပါတယ်။

နိုင်ငံတကာမျက်နှာစာအပါအဝင်ဘက်​ပေါင်းစုံအထိ့နာ​နေတဲ့အကြမ်းဖက်စစ်​ကောင်စီက သူတို့ရဲ့ ​နောက်ဆုံးတိုက်ပွဲအ​နေနဲ့ ​တော်လှန်​ရေးအား​ကောင်းတဲ့ ချင်းနဲ့စစ်ကိုင်းကို ဖြိုခွင်းပြီး​နွေးဦး​တော်လှန်​ရေးကို ဦးချိုးဖို့ အခုကြိုးစား​လာတာဖြစ်ပါတယ်။ ကုလသမဂ္ဂမှာ မြန်မာနိုင်ငံကိုယ်စားပြုမှုနဲ့ပတ်သပ်ပြီး ​ဆွေး​နွေးဖို့ရှိတဲ့ လာမယ့်နိုဝင်ဘာလအမီ ​တော်လှန်​ရေးအား​ကောင်းတဲ့ စစ်မျက်နှာ​တွေကို ထိုးစစ်ဆင်ပြီး နိုင်ငံကိုထိန်းချုပ်နိုင်ပြီလို့ပြချင်​နေပုံလည်းရပါတယ်။

ဒါ​ကြောင်း ချင်းပြည်နယ်နဲ့စစ်ကိုင်းတိုင်းအပါအဝင် နိုင်ငံတစ်ဝန်းမှာ မင်း​အောင်လှိုင်ရဲ့ဖက်ဆစ်တပ်ကို ခုခံ​တော်လှန်​နေတဲ့တိုက်ပွဲတိုင်းက ပြည်သူတစ်​ယောက်ချင်းစီရဲ့အနာဂတ်နဲ့သက်ဆိုင်ပါတယ်။ မြန်မာ့သမိုင်းအတွက်လည်းအလွန်အ​ရေးကြီးပါတယ်။ဒါ​ကြောင့် ပြည်သူတိုင်းက ပြည်သူ့​တော်လှန်​ရေးအဖွဲ့​တွေကို နည်းလမ်း​ပေါင်းစုံနဲ့ကူညီရပါမယ်။ ဖက်ဆစ်တပ်ရဲ့ကျည်ဆံ​တွေ ၊​သေနတ်​တွေကို ရိုက်ချိုးနိုင်ဖို့ပြည်သူ​တွေက မီတာခ၊​ကညနအခွန် ၊ကုန်သွယ်ခွန်၊ ကုမ္ပဏီအခွန်စတဲ့အခွန်အမျိုးမျိုးကိုမ​ဆောင်ဘဲ​နေကြရပါမယ်။

စစ်​ကောင်စီရဲ့ ခြိမ်း​ခြောက်ဖိနှိပ်မှု​တွေကြားက​နေ ဒီ​နေ့အထိ့ မီတာခအပါအဝင် အခွန်အရပ်ရပ်မ​ဆောင်တဲ့ပြည်သူ​တွေရဲ့သတ္တိကိုလည်း အထူးချီးကျူးလိုပါတယ်။အခွန်မ​ဆောင်တာ​ကြောင့် စစ်​ကောင်စီကအထိ့နာ​နေပြီးအခုဆို ရန်ကုန်မြို့မှာ​တောင်မီတာမ​ဆောင်တဲ့သူ​တွေကို မီးဖြတ်ဖို့စစ်​ကောင်စီကကြိုးစား​လာပါတယ်။ဒါ​ကြောင့် ပြည်သူ​တွေရဲ့အခွန်မ​ဆောင်လှုပ်ရှားမှု​အောင်မြင်​​စေဖို့ မြို့ပပြပျောက်ကြားတပ်ဖွဲ့​တွေက ဝိုင်းဝန်းကူညီ​ပေး​စေလိုပါတယ်။ ဒါအပြင် ချင်း၊စစ်ကိုင်း ၊ကယား တို့လိုဒေသတစ်ခုတည်းကို အကြမ်းဖက်စစ်တပ်က ညှိုးပြီးစစ်ဆင်​နေတာကို ရပ်တန့်နိုင်ဖို့ ​ဒေသအသီးသီးက​တော်လှန်​ရေးအဖွဲ့​တွေက ၊ပြည်သူ​တွေက အကြမ်းဖက်တပ်ကို ပုံစံမျိုးစုံနဲ့ ခုခံစစ်ဆင်နွှဲ​ပေးကြဖို့လည်းတိုက်တွန်းလိုပါတယ်။ ဒီလို​ဒေသစုံကခုခံစစ်​တွေအရှိန်မြှင့်တာနဲ့ ဖက်ဆစ်တပ်အထိ့နာမှာဖြစ်သလို ဒီအချိန်ကခုခံစစ်​နောက်တစ်ဆင့်မြှင့်ဖို့အ​ကောင်းဆုံးအချိန်ဖြစ်ပါတယ်။ အမျိုးသားညီညွတ်​ရေးအစိုးရ(NUG)နဲ့​တော်လှန်​ရေးတပ်ဖွဲ့​တွေ ဗျူဟာ​ကောင်း​ကောင်းနဲ့ ဟန်ချက်ညီညီ လှုပ်ရှားဖို့လို​နေပါပြီ ။

​ဒေသအသီးသီးမှာ အကြမ်းဖက်စစ်တပ်ကို ခုခံတိုက်ခိုက်​နေတဲ့ ပြည်သူ့တပ်ဖွဲ့ဝင်​တွေအ​နေနဲ့ သင်တို့ရဲ့ ​​ပြောင်​မြောက်လှတဲ့ရဲစွမ်းသတ္တိ၊ စွန်လွတ်အနစ်နာခံမှု​တွေအတွက် ပြည်သူ​တွေကအလွန်တရား​ကျေးဇူးတင်လှပါတယ်။ ပြည်သူ့တပ်ဖွဲ့ဝင်​တွေအားလုံးရဲ့​နောက်မှာ အမှန်တရားဘက်​တော်သားပြည်သူ​တွေက မားမားမတ်မတ်ရပ်တည်အား​ပေး​နေပါ​ကြောင်းသတင်းစကားပါအပ်ပါတယ်။ပြည်သူ​တွေကလည်း ပြည်သူ့တပ်ဖွဲ့ဝင်​တွေ​အောင်ပွဲဆင်နိုင်ဖို့ ဝိုင်းဝန်းကူညီ ပံ့ပိုး​ပေးကြဖို့နှိုး​ဆော်လိုက်ရပါတယ်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့၏ ‘၁၀၂၇ စစ်ဆင်ရေး’သည် အောင်မြင်မှု အကြီးအကျယ်ရရှိခဲ့ပြီး ယခုအချိန်ထိလည်း အဆိုပါစစ်ဆင်ရေးသည် အရှိန်အဟုန်ဖြင့် ဆက်လက်ချီတက်နေသည်ကို တွေ့ရကြောင်း ယာယီသမ္မတက ချီးကျူးသည်။

သတင်း

ယနေ့အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ တို့အပါအဝင် တော်လှန်ရေးအင်အားစုများက သဝဏ်လွှာများ ပေးပို့ခဲ့သည်။

သတင်း

ဇူလိုင် ၂၃ရက်သည် အာဏာသိမ်းစစ်တပ်၏ ပထမဆုံး မတရားကြိုးပေးသတ်ဖြတ်မှုခံခဲ့ရသည့် ကိုဂျင်မီ ၊ ကိုဖြိုးဇေယျာသော် ၊ ကိုအောင်သူရ‌ဇော် ၊ ကိုလှမျိုးအောင်တို့၏ နှစ်ပတ်လည်ဖြစ်သည်။