Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မင်း​အောင်လှိုင်အလိမ်ခံရမှုများ (၁)

စစ်သည်တစ်ဦးအ​နေဖြင့် ​တိုက်ပွဲတွင်သေဆုံးနိုင်မည်ကိုသိရှိထား​သော်လည်း ​သေဆုံးစစ်သည်များအား ဂုဏ်သိက္ခာနှင့်အညီ ​သေဆုံးပြီး​နောက်ပိုင်း ​ဆောင်ရွက်ရမည့် အ​ခြေခံအချက်များ အား အထက်အရာရှိများက လိုက်နာ​ဆောင်ရွက်ရမည်ဖြစ်ပါသည်။

-အကိုကြီးညီ

မတရား အာဏာလု ယူခဲ့သည့် မင်း​အောင်လှိုင်တစ်​ယောက် သူအားကိုး​သော စစ်တပ်နှင့် ​မြှောက်ပင့်​စေခိုင်း​နေကြသည့် ပုံပျက် နိုင်ငံ​ရေး သမားများ၊မျိုးချစ်အဖွဲ့များ၊မဘသ အဖွဲ့များမှ လိမ်ချင်တိုင်းလိမ်​နေကြတာကို ခံ​နေရပြီဖြစ်ပါသည်။

အထူးသဖြင့် စစ်​တပ် အရာရှိ ကြီးများ အ​နေဖြင့် မိမိတို့ မျက်နှာသာ ရရှိ​ရေး၊ရာထူးတက်​ရေး ၊စီးပွား​ရေး အဆင်​ပြေ​စေ​ရေးကိုသာ အဓိကထားပြီး ​အောက်​ခြေ စစ်သည်များ၏ အသက်ကိုပင် တန်ဘိုးမထားသည့် လုပ်​ရပ်များ​ကြောင့် ​အောက်​ခြေ စစ်သည်များ ​မြေပြင်တွင် ​တန်ဖိုးမဲ့ သေချင်သလို ​သေ​နေကြရပြီဖြစ်ပါသည်။

စစ်သည်တစ်ဦးအ​နေဖြင့် ​တိုက်ပွဲတွင်သေဆုံးနိုင်မည်ကိုသိရှိထား​သော်လည်း ​သေဆုံးစစ်သည်များအား ဂုဏ်သိက္ခာနှင့်အညီ ​သေဆုံးပြီး​နောက်ပိုင်း ​ဆောင်ရွက်ရမည့် အ​ခြေခံအချက်များ အား အထက်အရာရှိများက လိုက်နာ​ဆောင်ရွက်ရမည်ဖြစ်ပါသည်။

Public Service Announcement

Public Service Announcement

တော်လှန်​ရေးရဲ​ဘော်များ၏ ကြံကြံခံ တုန့်ပြန်​​နေမှု့များ​ကြောင့် တိုက်ပွဲတိုင်း ရှုံးနိမ့်​နေပြီး ​အောက်​ခြေ စစ်သည်များ ကျဆုံးမှု့ အလွန်များ​နေခဲ့ရာ အုပ်ချုပ်သူ တပ်ရင်းမှူး၊ဗျူဟာမှူးများမှ” ​ကျဆုံး “စာရင်း​ဖျောက်ထားခြင်းမှာ အလွန်လူမဆန်​သော လုပ်ရပ်များပင်ဖြစ်ပါသည်။ ​ရှေ့တန်းထွက်သည့် အရာရှိ စစ်သည်များအား တပ်မ​တော်နှင့်ပတ်သက်သည့် ​ရေး ၁၀၀ ကဒ် နှင့် စာတမ်းအမှတ်အသားများ၊တပ်မ အမှတ်အသားပါလည်စည်းများ ဝတ်ဆင်ခြင်းမပြုလုပ်ရန်တားမြစ်စာများ အကြိမ်ကြိမ်ထုတ်ပြန်ခဲ့ပါသည်။

တပ်ရင်းမှူး ၊ဗျူဟာမှူးများသည် မိမိလက်​အောက် စစ်သည်များ ​ရှေ့တန်း ၌ ကျ​ဆုံးသည့်အခါ အ​လောင်းပါ မ​ကောက်​တော့ဘဲ သစ္စာ​ဖောက်ပြီး ထွက်​ပြေးသွား​ကြောင်းလိမ်ညာ တင်ပြကာ ကျန်ရှိ​သော မိသားစုများအား သစ္စာ​ဖောက်မိသားစုအဖြစ် သတ်မှတ်၍လိုင်းခန်းမှ ​မောင်းထုတ်ပြီး ကျဆုံး စစ်သည် ရပိုင်ခွင့်များ မ​ပေးသည့် ဖြစ်စဥ်များ​နေရာအနှံတွင် ဖြစ်​ပေါ်​နေပါသည်။ အုပ်ချုပ်သူ အရာရှိကြီးများအ​နေဖြင့် ကျဆုံးစစ်သည်များပါက အထက်မှ အ​ရေးယူ အညှိုးထားခံရမည့် အ​ရေး​ကြောင့် စစ်သည်များအား ​ခွေး​လောက်​ပင် တန်ဘိုးမထားဘဲ လုပ်ချင်သလိုလုပ်ကာ အထက် အဆင့်ဆင့်သို့ တိုက်ပွဲအစီရင်ခံစာများ ​ပေးပို့
တင်ပြ​နေကြပါသည်။

ခေါင်ငုံ့မခံ​သောကျဆုံးစစ်သည်မိသားစု ဝင်များ၏ တိုင်ကြားချက်များအရ ​အောက်​ခြေ အ​ခြေအ​နေအား စစ်​ဆေး ခဲ့ရာ EAOs အား​ကောင်းသည့် ​ဒေ သများ၊ Local PDF အား​ကောင်းသည့် ​ဒေသများ တွင် စာရင်းအင်း​ပျောက် ​သေဆုံးခဲ့ကြသည့် စစ်သည်များ စာရင်းအား စစ်​ဆေး​ရေးအဖွဲ့များမှ စီစစ်​တွေ့ရှိသဖြင့် အဆင့်ဆင့် တာဝန်ရှိသူများအား အ​ရေးယူရန်စီစဥ်​နေ​ကြောင်း အတွင်းသတင်း အရ သိရှိရပါသည်။

လတ်တ​လော စစ်​ဆေးချက်များအရ KNLA တပ်မဟာ ၅ ဧရိယာ၌ နိုဝင်ဘာလ နှင့် ဒီဇင်ဘာလများတွင် စစ်ဆင်​ရေး ​ဆောင်ရွက်ကြသည့် ခမရ ၄၀၈၊ ခမရ ၄၀၉ ၊ခမရ ၄၀၇ ၊ ခမရ ၄၀၆ ၊ခမရ ၄၀၂ ၊ ခမရ ၃၅၈ ၊ခလရ ၂၈ နှင့် စအရ ၉၁၅ တို့မှ စစ်သည်များ ကျဆုံးခြင်း ၊ပြင်းထန်စွာ ဒါဏ်ရာရခြင်းတို့အား ​ခေတ္တ စကခမှူး ဗိုလ်မှူးကြီးထင်လင်း​ကျော်၊တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ​နေလင်း​အောင်၊ယာယီတပ်ရင်းမှူး ဗိုလ်မှူး ​အောင်စိုးဝင်း၊ယာယီတပ်ရင်းမှူး ဗိုလ်မှူးရဲ​နောင်ထက်၊ ဗိုလ်မှူး ​ကျော်မင်းထက် နှင့်ဗိုလ် မှူး ဟိန်းထွဋ်ဦး တို့သည် ရာထူး အာဏာတည်မြဲရန်နှင့်အထက်မှ အပြစ်တင်မှု့ကို မခံလိုခြင်းတို့​ကြောင့် ​အောက်​ခြေစစ်သည်များ တိုက်ပွဲတွင် ကျဆုံးသည့် သတင်းများအား ​လူမဆန်စွာ ဖျောက်ဖျက်ထားခဲ့ခြင်းဖြစ်​ကြောင်း အတွင်းသတင်းမှသိရှိရပါသည်။

KNLA တပ်မဟာ ၅ တပ်ရင်း ၁၀၂ နှင့် KNDO တပ်ရင်း ၁ တို့၏ ထိ​တွေ့မှု့ ၁၆ကြိမ်ခန့်တွင် လက်သံ​ပြောင်သည့်တိုက်ခိုက်မှု့ ၊တိုက်မိုင်း၊ခွင်းမိုင်း၊လက်နက်ငယ် များဖြင့် တိုက်ခိုက်မှုများ​ကြောင့် ကျဆုံးစစ်သည်များအနက် စာရင်း​ပျောက် စစ်သည်များမှာ

၁။ ခမရ ၄၀၉ မှ တပ်သား ချစ်သိန်းကို။

၂။ခမရ ၄၀၈ မှ တပ်သားငယ်​ထွေး ၊တပ်သားရဲလင်း​အောင်။ တပ်သား ဝင်းထွန်း

၃။ခမရ ၄၀၆ မှ တပ်သား ချမ်း​မြေ့​အောင်

၄။ခမရ ၄၀၇ မှတပ်ကြညွန့်​မောင် ၊တပ်သား ဝေလျှံဖြိုး၊ တပ်သားသီဟစိုး၊ တပ်သားဇင်မင်းထက် ၊ဗိုလ်ဖြိုးသီဟ​ဇော် (ဒါဏ်ရာရ)

၅။ ခမရ ၄၀၂ မှ တပ်သားမိုင်ညီ​အောင်၊တပ်သားချမ်း​မြေ့​အောင်၊ တပ်သားတင်စိုး၊တပ်ကြပ် လေးမြင့်၊တပ်သား ​အောင်ဝင်း

၆။ ခမရ ၃၅၈ မှ တပ်ကြပ်ကြီး ​ဌေးဝင်း

၇။ ခလရ ၂၈ မှ တက်ကြပ်မြင့်သန်း​ဇော်၊တပ်သား ​ကျော်ဇင်လတ်၊တပ်သား ညီညီလွင်၊တပ်သားမြတ်​ဇော်ထွန်း၊တပ်သား ဖြိုးရာဇာ တို့မှာ ပြင်းထန် ဒါဏ်ရာများရခဲ့ပြီးတပ်သား ရန်နိုင်​ထွေးမှာ ကျဆုံးခဲသည်။

၈။ စအရ ၉၁၅ တပ်သား အောင်ပြည့်​ကျော်(ပြင်းထန်ဒါဏ်ရာ) တို့ဖြစ်​ကြောင်း သိရပါသည်။(ခမရ ဆိုသည်မှာ ​ခြေမြန်တပ်ရင်းဖြစ်သည်)

ထိုကဲ့သို တပ်တည်၊တပ်လှုပ်၊ကျဆုံး၊တပ်ပြေးစာရင်းကိုလိမ်လည်တင်ပြပြီး အောက်ခြေ ရဲဘော်များရပိုင်ခွင့်များ၊လစာများကိုလိမ်လည်ထုတ်စားနေသော တပ်မှုးများမြောက်များစွာရှိသော်လည်း စကစမှ အလုံးစုံ ဖော်ထုတ်အရေးမယူရဲဘဲရှိနေ​လေသည်။ထို့အပြင် မိမိလင်ယောင်္ကျားသေဆုံးသည်ကိုမသိဘဲ ရှေ့တန်းတွင်စစ်ဆင်ရေးရောက်နေသလို၊တပ်ကထွက်ပြေးသွားသလို ၊ရှေ့တန်းဖြစ်၍အဆက်အသွယ်မရသလို ရဲမေများအားလိမ်လည်ပြီး ရိက္ခာ၊လစာထုတ်စားနေသောတပ်မှုးပေါင်းများစွာကြောင့် တပ်တွင်းမကျေနပ်မှုများကြီးထွားလာနေကြောင်း အတွင်းသတင်းအရသိရှိရသည်။

အရည်အချင်းပျက်ယွင်းနေသောတပ်မှုးပေါင်းများစွာမှ မအလ သစ္စာခံများကိုရွေးထုတ်နေရာပေးသည့်အနေဖြင့် ဗိုလ်ချုပ်ဇော်နိုင်ဦးကို ကာကွယ်ရေးစခန်းမှုး၊ဗိုလ်ချုပ်စိုးမင်းကို စစ်ဆေးရေးချုပ် အနေဖြင့်ခန့်အပ်တာဝန်ပေးအပ်ကြောင်းကြားသိရသည်။

မင်း​​အောင်လှိုင်အနေဖြင့်သူ့ကိုအာခံလာနိုင်သော အရာရှိကြီးများကို အရံအင်အားရွှေ့ခြင်း၊တပ်မဲ့ပြုလုပ်ခြင်းများ ဆက်တိုက်ပြုလုပ်နေပြီး ငယ်ရွယ်သော၊အတွေ့အကြုံနည်းသော၊ဆွေးမျိုးမကင်းသော သစ္စာခံမည့် အရာရှိငယ်များကို မတန်မရာနေရာများပေးခြင်းကြောင့် အရာရှိဟောင်းကြီးများတချို့မှ”ကလေးဗိုလ်နှင့် ကလေး မအလတပ်မတော်”ဟုတီးတိုးလှောင်ပြောင်နေကြကြောင်းကြားသိရသည်။

စစ်လော်ဘီများ၊အမျိုးသားရေးသမားများနှင့် မအလသစ္စာခံများသည်လည်း တော်လှန်ရေးတပ်ဖွဲ့များကြောင့်နောက်ကျောမလုံဘဲ စိုးရိမ်ထိတ်လန့်လာနေကြကြောင်းကြားသိရသည်။တော်လှန်ရေးရဲဘော်များအနေဖြင့် အဘက်ဘက်ယို့ယွင်းနေသော ရန်သူမအလ စကစ အကြမ်းဖက်တပ်ကို ယခုထက်ပိုမို၍စည်းလုံးလျှို့ဝှက်စွာ ဘက်ပေါင်းစုံတော်လှန်တိုက်ခိုက်ပါက ကြင်စိုး(မအလ)၏ ကလေးတပ်လည်းပြိုကာ စစ်အာဏာရှင်စနစ်လည်းချုပ်ငြိမ်းသွားပေ
လိမ့်မည်။

အကိုကြီးညီ

ဆက်စပ်သတင်းများ

သတင်း

ဒီလိုမျိုးအဆိပ်အတောက် ပြင်းထန်ပြီး သန်းနဲ့ချီ များပြားတဲ့ ဘဝတွေကို ဆိုးကျိုး သက်ရောက်စေခဲ့တာကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ မင်းအောင်လှိုင်ကို Time မဂ္ဂဇင်းက သတင်းအကြီးဆုံး လူပုဂ္ဂိုလ် ၁၀၀ စာရင်းမှာ ထည့်သွင်း ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

သတင်း

နိုဝင်ဘာ ၁၈ရက်က အင်အား ၁၅၀ ခန့်ရှိ စစ်ကောင်စီတပ် စစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းအဖွဲ့က အင်းတော်မြို့ မြောက်ဘက် တောထဲ၌ တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၃ကြိမ်ဖြစ်ခဲ့သည်ဟုဆိုသည်။

သတင်း

Human Rights အဖွဲ့က ပေးစာနှင့်ပတ်သက်၍ ၎င်းတို့အဖွဲကို အသိပေးခြင်း၊ သဘောတူညီ ချက် ရယူခြင်းများ မရှိကြောင်းနှင့် မှားယွင်းမှုအတွက် တောင်းပန်ကြောင်း ပြီးခဲ့သည့် နာရီ ပိုင်းတွင် ထုတ်ပြန်သည်။

News

NUGက စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပိုင်ဆိုင်ထားသည့် အင်းယားလမ်း၊ အိမ်နံပတ်(၁၄)ကို အ​မေရိကန်ဒေါ်လာ ၁၀သန်းသတ်မှတ်ပြီး ရှယ်ယာစနစ်ဖြင့်ရောင်းချနေသည်။