Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မင်းအောင်လှိုင်ကြိုးဆွဲရာကနေသူ

စစ်တက္ကသိုလ်အပါတ်စဥ်- DSA(22)ဆင်း ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်သည်ကား ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့်အပါတ်စဉ်တူဖြစ်သည်။မင်း​​အောင်လှိုင်ချန်ထားသော သက်တမ်းရှည် ဗိုလ်ချုပ်ကြီးဖြစ်သည်။ ရထားပို့ဆောင်ရေး ဝန်ကြီးဦးဝင်းစိန်သမီး ဒေါ်သင်ဇာဝင်းစိန်အမျိုးသားဖြစ်သူ ရာပြည့်သည် အနေအေးသူ၊ဆေးလိပ်အလွန်ကြိုက်သူ၊ အမိန့်နာခံတတ်သူဖြစ်သည်။

-အကိုကြီးညီ

ရန်ကုန်တိုင်းအတွင်းရှိတပ်ရင်းတခုတွင် တပ်ရင်းမှုးတာဝန်ထမ်းဆောင်စဉ်ယောက္ခမဖြစ်သူ ဦးဝင်းစိန်နှင့် ဆေးညွှန်ချုပ်ဗိုလ်ချုပ်သန်းအောင် တို့၏ထောက်ခံမှုဖြင့် ဗိုလ်ချုပ်မှုးကြီးသန်းရွှေမျက်စိကျခြင်း ခံရပြီးစစ်ဆေးတက္ကသိုလ်နည်းပြ အရာရှိချုပ်၊ထိုမှတဆင့်ဗိုလ်မှုးချုပ်၊ကျောင်းအုပ်ကြီး(စစ်ဆေးတက္ကသိုလ်)၊အရှေ့ပိုင်းတိုင်း တိုင်းမှုး၊စစ်ဥပဒေချုပ်၊ကစထမှုး အဆင့်ဆင့်ရာထူးတက်လာသူဖြစ်သည်။

ငြိမ်းချမ်းရေးအဖွဲ့ တပ်ကိုယ်စားလှယ်အဖြစ် အမျိုးသားဒီမီုက​ရေစီအဖွဲ့ ချုပ်- NLDအစိုးရလက်ထက်တွင်တာဝန်ပေးအပ်ခြင်းခံရသူဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်၊တိုင်းရင်းသားခေါင်းဆောင်များနှင့်ဆက်ဆံရေးပြေလည်သူဖြစ်သည်သတ်မှတ်ခံရသူဖြစ်သည်။လွှတ်တော်တွင်ဒေါ်အောင်ဆန်းစုကြည်ကို အလေးပြုခြင်းကြောင့်မင်း​အောင်လှိုင်၏ဆူပူကြိမ်းမောင်းခြင်းကို ခံခဲ့ရသူဖြစ်သည်။

မင်း​အောင်လှိုင်အာဏာသိမ်းပြီးနောက် ဗိုလ်ချုပ်ရာပြည့်ကိုဖြုတ်ချရန် စီစဉ်ခဲ့သော်လည်း ဖဒိုမန်းငြိမ်းမောင်၊ဦးသိန်းညွန့်၊ဦးခက်ထိန်နန်၊ ယဦးကိုကိုလှိုင်တို့အကြံပေးမှုဖြင့် အာဏာသိမ်း​ခေါင်း​ဆောင်ကဖြုတ်မချတော့ဘဲ ငြိမ်းချမ်းရေးအဖွဲ့ ဥက္ကဌ၊ပြည်ထောင်စုအစိုးရရုံးဝန်ကြီးအဖြစ်
တပ်မဲ့တာဝန်ပေးအပ်ခဲ့သည်။

Public Service Announcement

Public Service Announcement

‘ဝ’ဒေသသို့ အာဏာသိမ်းပြီးမကြာမီခင်တွင် မင်း​အောင်လှိုင် စေခိုင်းမှုကြောင့် သွားရောက်ပြီး ‘ဝ’အဖွဲ့များကို သေနတ်မပေါက်အောင်ရာပြည့်စွမ်းဆောင်ခဲ့သည်။ ဗိုလ်ချုပ်စိန်ဝင်း၊ဗိုလ်ချုပ်ရဲအောင်တို့အား အာဏာသိမ်း​ခေါင်း​ဆောင်ကရာထူးမှချောင်ထိုးကာစစ်မှုထမ်းဟောင်းအဖွဲ့သို့ပို့လိုက်သော်လည်း ရာပြည့်ကိုမူကား ငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင်အဖြစ်ထားရှိကာ မင်း​အောင်လှိုင် အလိုကျ ငြိမ်းချမ်းရေးခေါင်းဆောင်အဖြစ်ဆောင်ရွက်လျက်ရှိသည်။

ထိုအပြင် မင်း​အောင်လှိုင် ဇနီးကြူကြူလှက ဗိုလ်ချုပ်ရာပြည့်နှင့်ဇနီး ဒေါ်သင်ဇာဝင်းစိန်ကိုအိမ်သို့ခေါ်ယူပြီး အပေးအယူညှိနှိုင်းမှုလုပ်ကာ နေအိမ်ဘုရားခန်းတွင် သစ္စာရေသောက်ခိုင်းခဲ့ကြောင်းအတွင်းသတင်းပေးမှကြားသိရသည်။ထို့နောက် မင်း​​အောင်လှိုင်၏လုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်ကာနိုင်ငံတော်ဘတ်ဂျက်မှ လုံခြုံရေးအတွက်အစစ်အဆေးမရှိ
သုံးစွဲခွင့်ပြုထားကြောင်း ကြားသိရသည်။ထိုအပြင်ယခုအခါ ရာပြည့်ကို အာဏာသိမ်း​​ကောင်စီ( စကစ )ဝင်အဖြစ်ပါ ထပ်မံတာဝန်​ပေးအပ်လိုက်​ကြောင်း စစ်​ကောင်စီဝါဒဖြန့်မီဒီယာများက ​ဖေ​ဖော်ဝါရီ ၈ ရက်တွင်​ဖော်ပြ​နေကြသည်ကို​တွေ့ရသည်။

လေးကေ့ကော် စစ်မျက်နှာပွင့်ပြီးနောက် မင်း​အောင်လှိုင်က မြောက်ပိုင်းအဖွဲ့များနှင့်ရာပြည့်တွေ့ဆုံရန်အလျင်အမြန်ဆောင်ရွက်ခိုင်းပြီး သေနတ်မပေါက်အောင်ဆောင်ရွက်စေခဲ့သော်လည်း မအောင်မြင်ခဲ့ချေ။

ထပ်မံကြားသိရသော သတင်းအရ အာဏာသိမ်း​ခေါင်း​ဆောင်သည် SSPPနှင့် RCSS ကိုနယ်မြေလုတိုက်ပွဲများ အချင်းချင်းဆက်လက်တိုက်ခိုက်စေရန် သွေးထိုးလုပ်ဆောင်နေသကဲ့သို့ ရာပြည့်အစီအစဉ်ဖြင့်လျှို့ဝှက်ပို့ထားသော သူလျှိုများမှတဆင့် “ဝ”အဖွဲ့တွင်းပေါက်အဖွဲ့
(​ပေါက်ယူချန်းအဖွဲ့)နှင့် ကျောက်အဖွဲ့ (​ကျောက်​ကော်အန်းအဖွဲ့ ) ကိုသွေးခွဲရန်စီစဉ်နေကြကြောင်းလည်းကြားသိရသည်။

ထို့အပြင် မွန်ခေါင်းဆောင်များကိုလည်း ရာပြည့်မှတဆင့်အပေးအယူလုပ်ခိုင်းထားပြီးအခြား ရာပြည့်နှင့်ပုဂ္ဂိုလ်ရေးရင်းနှီးသောတိုင်းရင်းသားခေါင်းဆောင်ကြီးများကိုလည်း တယ်လီဖုန်းမှတဆင့်မကြာခဏ ဆက်သွယ်စေကာ သွေးဆောင်စည်းရုံးခိုင်းထားကြောင်း အတွင်းသတင်းများအရသိရှိရသည်။

လာမည့်ဖေဖဝါရီ (၁၂)ရက်နေ့ပြည်ထောင်စုနေ့တွင် EAOs (တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့) များအားငြိမ်းချမ်းရေးအကြောင်းပြဖိတ်ခေါ်၍ ဗိုလ်ရှုသဘင်ကျင်းပရန်စီစဉ်နေသော အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်သည် တိုင်းရင်းသားEAOs များကိုတက်ရောက်ရန် ရာပြည့်မှတ
ဆင့် ဆက်သွယ်စည်းရုံးစေရန် ဖိအားပေးနေကြောင်း အတွင်းသတင်းများအရ သိရှိရသည်။

ဦးပိုင်ရှယ်ယာအမြောက်အများနှင့်ကျောက်တွင်းလုပ်ကွက်များရရှိပြီးနောက်ဗိုလ်ချုပ်အသိုင်းအဝိုင်းတွင် ”ကိုရာပြည့်ဂွင်မိသွားပြီ”ဟု အတင်းစကားဆိုနေကြကြောင်း ကြားသိရသည်။စကားပြောညက်သော ဗိုလ်ချုပ်ရာပြည့်သည် သူ့အကျိုးစီးပွါးအတွက် တိုင်းရင်းသားခေါင်းဆောင်များကို ညင်သာသောအပြောများ၊မရေရာသောကတိများဖြင့် စည်းရုံးသိမ်းသွင်းနိုင်မည်ဟုယုံကြည်နေသူဖြစ်ကြောင်း တပ်တွင်းသတင်းများအရကြားသိရသည်။

မူဝါဒခိုင်ခိုင်မာမာမရှိဘဲ မင်းအောင်လှိုင်အလိုကျလိုက်ပါလုပ်ဆောင်နေသော ဗိုလ်ချုပ်ရာပြည့်ကိုတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များအနေဖြင့်အထူးသတိထားဆက်ဆံရန်လိုအပ်ပေသည်။ အတိတ်သမိုင်းတွင် မြေခွေးဗိုလ်ချုပ်ခင်ညွန့်ကြောင့် အကွဲကွဲအပြားပြားဖြစ်ခဲ့သော မိမိတို့အဖွဲ့အစည်းများ၏ သမိုင်းသင်ခန်းစာကိုပြန်လည်ဆင်ခြင်ရန်လိုအပ်ပြီး ယခုအခါ ဗိုလ်ချုပ်ရာပြည့်မှတဆင့်မင်းအောင်လှိုင်စည်းရုံးနေမှုများကို သတိထားငြင်းပယ်ရန်လိုအပ်လှပေသည်။

မည်သို့ပင်ဆိုစေကာမူ ကတိသစ္စာမတည်သော၊အမြဲလှည့်ဖျားသွေးခွဲတတ်သော စစ်အာဏာရှင်တို့၏အကျင့်စရိုက်များကို သိရှိနားလည်ပြီးဖြစ်သည့် တိုင်းရင်းသားပြည်သူတော်လှန်ရေးအင်အားစုတရပ်လုံးသည် “ဒီတစ်ကြိမ် စစ်အာဏာရှင်စနစ်အမြစ်ပြတ်စေရမည်”ဟူသောခိုင်မာသောစိတ်ဖြင့် အားလုံးစုပေါင်းဆောင်ရွက်ပြီး အကြမ်းဖက်စစ်​ကောင်စီကို အပြီးတိုင်တော်လှန်ဖယ်ရှားကြမည်ကိုပြည်သူများနှင့်အတူ စာ​ရေးသူလည်းယုံကြည်မျှော်လင့်ပါသည်။

အရေးတော်ပုံမုချအောင်ရမည်။

ဆက်စပ်သတင်းများ

သတင်း

တိုင်ကြားသူများထဲတွင် ၂၀၂၁ခုနှစ်စက်တင်ဘာ ၂၉ ရက်က စစ်ကောင်စီတပ်က ပစ်သတ်ခံခဲ့သည့် ပူးရဲလ်တူးသမီးလည်းပါဝင်သည်။ ပူးရဲလ်တူးသည် ပူးဟရမ်ကျင်းနှင့်အတူ ထန်တလန်မြို့က ထွက်ပြေးပြီး ဆေးဝါးများပြန်ယူစဉ် စစ်ကောင်စီတပ်က နှစ်ဦးလုံးကို သတ်ဖြတ်ခဲ့သည်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်အမည်အား ဟာသ တစ်တော့ ရုပ်သံတစ်ခု၌ သုံးစွဲရိုက်ကူးထားသည်ဆိုကာ ၎င်းအား စစ်ကောင်စီ၏ ဝါဒဖြန့်ချန်နယ်များတွင်လှုံ့ဆော်ပြီးနောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

သတင်း

တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi သည် ပြီးခဲ့သည့် ၂၀၂၂ ဇူလိုင်တွင် ပုဂံမြို့သို့လာရောက်ကာ စစ်ကောင်စီခန့်နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်နှင့်တွေ့ဆုံခဲ့သော်လည်း အာဏာသိမ်းစစ်ခေါင်း ဆောင်မင်းအောင်လှိုင်ကိုတွေ့ဆုံခြင်းမရှိခဲ့ပေ။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်များအနေဖြင့်လည်း အကြမ်းဖက်စစ်ကောင်စီကို နိုင်ငံတ ကာမျက်နှာစာတွင် တိုးမဝင်နိုင်စေရေး သံခင်းတမန်ခင်းစွမ်းရည်ကို သုံးပြီး ဆက်လက် ကြိုးစားကြရန်လည်း ယာယီသမ္မတက တိုက်တွန်းသည်။