Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

နေပြည်တော် စစ်ရုံးမှ ပူးပေါင်းပါဝင်နေသည့် ပြည်သူ့တော်လှန်ရေး

မနေ့က Yak 130 တိုက်ခိုက်ခံရမှုတွင်တော့ ထူးခြားသည်။ တောင်ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်ချုပ်လှညွှန့်အား မကြိုက်နှစ်သက်သည့် ကက(လေ) က ဌာနအချို့ပါဝင်ပတ်သက်ခဲ့ခြင်းကြောင့်ဖြစ်သည်။ ၎င်းတို့သည် ဗိုလ်ချုပ်ကြီးထွန်းအောင်ကိုလည်း မကျေနပ်ကြပေ။

​ဖေ​ဖော် ၁၈ ရက်ညက ​မှော်ဘီရှိ ​လေတပ်ဌာနချုပ်တွင် People's Force က ဗုံးတပ်ဆင်​ဖောက်ခွဲခဲ့​သော YAK-130 အမျိုးအစား တိုက်ခိုက်​ရေး​လေယာဥ်

— ညီသုတ

လေတပ်မှာတာဝန်ကျနေတဲ့ အရာရှိ ၁ထောင်ကျော်နဲ့ အခြားအဆင့် ၉ထောင်ကျော် စုစုပေါင်း ၁သောင်းကျော်ရဲ့ ကိုယ်ရေးအချက်အလက်များအပြင် မြေပြင်တပ်မှူးများရဲ့ စစ်ဆင်ရေးဒေသဝင်ရာအချက်အလက်များကို ပေးပို့ခြင်းဖြင့် စစ်ရုံးဌာနများမှ ပြည်သူ့တော်လှန်ရေးတွင် ပူးပေါင်းပါဝင် နေသည်။ ကက(ထူး) ၊ ကက(ရေး) ၊ ကကတမ်း မှ တာဝန်ရှိသူများသည် စစ်ကောင်စီအပေါ် အယုံအကြည်ကင်းမဲ့လျက်ရှိကြပြီး ရုန်းထွက်ရန်အခြေအနေမပေးသည့် အခြေအနေတွင် စစ်ရုံးအတွင်းမှနေပြီး ပြည်သူနှင့်ပူးပေါင်းခြင်းနည်းလမ်းကိုသာ ရွေးချယ်ကြတော့သည်။

ပြည်သူ့တော်လှန်ရေးတွင် ကက(လေ) မှ ပြည်သူ့ဘက်တော်သားခံယူလိုသူများရဲ့ ပူးပေါင်းပါဝင်မှုသည် ကာလကြာရှည်ရှိခဲ့ပြီးဖြစ်သည်။ ထိုပူးပေါင်းပါဝင်မှုတွင် ဒုတိယဗိုလ်မှူးကြီးနှင့်အထက် အရာရှိကြီးများ ကိုယ်တိုင်ပင် ပါဝင်နေကြသည်။ တပ်တွင်းဆန့်ကျင်လိုသူများ ပိုမိုအားကောင်းရန်တော့ လိုအပ်သေးသည်။ ထို့အပြင် အချို့သော ပူးပေါင်းပါဝင်မှုများမှာ ပုဂ္ဂိုလ်ရေးတင်းမာမှုများကို အခြေခံသည်။

လေတပ်သားများတွင် အုပ်စု (၃)စုရှိပြီး လေယာဉ်စက်ပြင် (က)သည်သာ သီးခြားဝင်ငွေရရှိနေကြပြီး အခြားအုပ်စု (ခ) နှင့် (ဂ) များသည် ပုံမှန်လစာသာ ရရှိကြသည်။ ထို့ကြောင့် အုပ်စု (ခ)နှင့် (ဂ)သည် အုပ်စု(က)များကို မကျေနပ်ကြချေ။ အုပ်စု(ဂ)သည် လုံခြုံရေးအဓိယူရပြီး ပြည်သူ့ဘက်တော်သားဖြစ်လိုခြင်း ၊ တပ်တွင်းတွင် ခွဲခြားနှိမ်ချဆက်ဆံခံရခြင်း၊ တပ်နေမပျော်ခြင်းများကြောင့် လုံခြုံရေးဆိုင်ရာယိုပေါက်များကို နေ့စဉ်ဖွင့်ဟပေးပို့နေကြသည်။

Public Service Announcement

Public Service Announcement

သို့သော် မနေ့က Yak 130 တိုက်ခိုက်ခံရမှုတွင်တော့ ထူးခြားသည်။ တောင်ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်ချုပ်လှညွှန့်အား မကြိုက်နှစ်သက်သည့် ကက(လေ) က ဌာနအချို့ပါဝင်ပတ်သက်ခဲ့ခြင်းကြောင့်ဖြစ်သည်။ ၎င်းတို့သည် ဗိုလ်ချုပ်ကြီးထွန်းအောင်ကိုလည်း မကျေနပ်ကြပေ။

မနေ့က Yak 130  တိုက်ခိုက်ခံရမှုတွင်တော့ ထူးခြားသည်။ တောင်ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်ချုပ်လှညွှန့်အား မကြိုက်နှစ်သက်သည့် ကက(လေ) က ဌာနအချို့ပါဝင်ပတ်သက်ခဲ့ခြင်းကြောင့်ဖြစ်သည်။ ၎င်းတို့သည် ဗိုလ်ချုပ်ကြီးထွန်းအောင်ကိုလည်း မကျေနပ်ကြပေ။
စစ်​ကောင်စီ ​လေတပ်ကပြည်သူများအ​ပေါ် ဗုံကျဲတိုက်ခိုက်မှု​ကြောင့် ​ရေမျက်အင်းအတွင်း​လေယာဥ်ပျက်ကျခဲ့ပြီး ​လေယာဥ်​မောင်း​သေဆုံးမှုအ​ပေါ်ပြည်သူများက ​ပျော်ရွှင်ခဲ့ကြသည်

အကြောင်းရင်း ၂ရပ်မှာ –

၁။ ဦးစီးချုပ်(လေ)သည် ကာကွယ်ရေးဦးစီးချုပ်ရဲ့ ပြည်သူ့နေအိမ်များအပေါ် ဗုံးကြဲချခိုင်းသည့် မတရားအမိန့်များကို ဆင်ခြင်ဉာဏ်မသုံးဘဲ နာခံနေခြင်း။
၂။ တောင်ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်ချုပ်လှညွှန့်က ကက(လေ) ဌာနတချို့အား ဝင်ရောက်စွက်ဖက်ခဲ့ရာမှ ပုဂ္ဂိုလ်ရေးတင်းမာခဲ့ခြင်း။

တောင်ပိုင်းလေတပ်ကွပ်ကဲဌာနချုပ်မှူး ဗိုလ်ချုပ်လှညွှန့်အား စစ်ဆင်ရေးကိစ္စရပ်များ ၊ အုပ်ချုပ်မှုကိစ္စရပ်များအား ဝင်ရောက်စွက်ဖက်မှုများကြောင့် ကက(လေ) ဌာနအချို့မှ မကျေနပ်ပေ။ ဗိုလ်ချုပ်လှညွှန့်သည် မောက်မာသူဖြစ်ပြီး ကက(လေ) ဌာနအချို့အား ဝင်ရောက်စွက်ဖက်ခြင်းများရှိခဲ့သည်။ ထိုသို့လုပ်ရဲသည်မှာလည်း ဗိုလ်ချုပ်လှညွှန့်သည် ကာကွယ်ရေးဦးစီးချုပ်ရဲ့ ကိုယ်ရံတော်တပ်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး တပ်ချုပ်နှင့် ပနံသင့်နေသောကြောင့်ဖြစ်သည်။ ထို့ကြောင့် ကက(လေ) ဌာနအချို့သည် တောင်ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ် လက်အောက်ခံဧရိယာများကို ပစ်မှတ်ထားခဲ့ကြသည်။

မကြာသေးခင်က ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်ကို အနားပေးလိုက်သည်။ ထိုဖြစ်စဉ်ကြောင့် လေတပ်တွင်း စိတ်ကွမ်းကွဲမှု ပြင်းထန်ခဲ့ပြီး အုပ်စုတွင်း ဂိုဏ်းဖွဲ့မှုများ ခိုင်မာလာခဲ့သည်။ လက်ရှိတာဝန်ပေးခံထားရတဲ့ ဗိုလ်ချုပ်ကြီးထွန်းအောင် ကို တပ်မတော်(လေ) တွင် မနှစ်သက်သူများသည်။ အရာရှိငယ်များသည်လည်း မကြိုက်နှစ်သက်ကြပေ။ ဗိုလ်ချုပ်ကြီးထွန်းအောင်သည် ရဟတ်ယာဉ်မောင်းသူအုပ်စုမှ ဒုတိယဗိုလ်မှူးကြီး ၊ ဗိုလ်မှူး နှင့် ဗိုလ်ကြီးများကို နှိမ်ချဆက်ဆံလေ့ရှိသည်။ နှိမ်ချဆက်ဆံမှုများကြောင့် စက်မှုလက်မှုအရာရှိ (၄၀၀) ကျော်ထဲမှ အများစုသည်လည်း ဗိုလ်ချုပ်ကြီးထွန်းအောင်ကို မကြိုက်ကြပေ။

ကာကွယ်ရေးဦးစီးချုပ်မှ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်အနားပေးရာတွင် လာဘ်စားမှုများနှင့် အမျိုးသမီးကိစ္စအား အကြောင်းပြသည်။ ထိုအကြောင်းပြချက်သည် မလုံလောက်ပေ။အဘယ်ကြောင့်ဆိုသော် ဗိုလ်ချုပ်ကြီးထွန်းအောင် ကိုယ်တိုင်ပင်လျင် လာဘ်စားကြမ်းသူဖြစ်သောကြောင့်ဖြစ်သည်။ သို့သော် ကာကွယ်ရေးဦးစီးချုပ်အလိုကျ အမိန်နာခံမှုတွင် ဗိုလ်ချုပ်ကြီးထွန်းအောင်က သာသည်။ ထိုအချက်ကြောင့်ပင် ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်သည် စောစီးစွာ အနားပေးခံခဲ့ရသည်။ ထို့ကြောင့် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်ကို ထောက်ခံအားပေးသူအုပ်စုများကလည်း ဗိုလ်ချုပ်ကြီးထွန်းအောင်ကို မကျေနပ်ကြချေ။

ထို့အပြင် လေတပ်အတွင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရဲ့ အမိန့်ကို လွန်ဆန်နိုင်မယ့် ဦးစီးချုပ်(လေ)အား မျှော်လင့်နေသည်မှာ ကြာမြင့်နေပြီ ဖြစ်သည်။ ယခု ဗိုလ်ချုပ်ကြီး ထွန်အောင်အား ဦးစီးချုပ်(လေ) အဖြစ်ခန့်လိုက်ခြင်းကြောင့် ၎င်းတို့ မျှော်လင့်ချက် ပိုမိုဆိတ်သုန်းသွားသည်။ ဗိုလ်ချုပ်ကြီးထွန်းအောင်သည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ အမိန့်ကို ဆင်ခြင်ဉာဏ်မရှိဘဲ နာခံတတ်သူပြီး ဗိုလ်ချုပ်လှညွှန့်သည် မောက်မာသူဖြစ်သည်။ ကက(လေ) မှ အမြော်အမြင်ရှိသူများသည် လက်ရှိအခင်းအကျင်းအား စိတ်ပျက်နေကြပြီး ၎င်းတို့အနာဂတ်ပျောက်ဆုံးနေသည်ဟု ခံစားနေကြရသည်။

ပြီးခဲ့တဲ့ရက်ပိုင်းတွင် လေယာဉ်ပျက်ကျခဲ့ပြီး လေယာဉ်မှူးသေဆုံးခဲ့သည်။ သေဆုံးသူ လေယာဉ်မှူးသည် ပြည်သူ့တံတွေးခွက်တွင် မျောရသည်။ ထိုကဲ့သို့သော အခြေအနေများကြောင့် တပ်မတော်(လေ)အတွင်းမှ အရာရှိ စစ်သည်များ အနာဂတ်ပျောက်ဆုံးနေပြီး ဂုဏ်သိက္ခာကင်းမဲ့လျက်ရှိလည်သည်ကို တဖြည်းဖြည်း သိရှိနားလည်လာကြသည်။ ထိုကဲ့သို့ သမိုင်းမှတ်တမ်းဆိုးမဖြစ်အောင် တပ်မတော်(လေ)အား ပြုပြင်ပြောင်းလဲရန် အလျင်အမြန်ပြောင်းလဲရန် လိုအပ်လျက်ရှိသည်။

တပ်မတော်(လေ)အား အလျင်အမြန်ပြုပြင်ရန် နည်းလမ်း (၃) သွယ်မှာ –

၁။ ပြည်သူဘက်သို့ ကူးပြောင်းရပ်တည်ခြင်းနည်းလမ်း။ ( ယခုဆောင်းပါးရေးချိန်မှာပင် လေတပ်မှ အရာရှိတစ်ဦးသည် ပြည်သူ့ဘက်ရပ်တည်ကူးပြောင်းခဲ့ပြီးဖြစ်၍ မကြာခင်တွင် ထုတ်ပြန်ပေးပါမည်)

၂။ ထိပ်ပိုင်းအရာရှိ ၊ အရာငယ်များ စုပေါင်းအင်အားဖြင့် ပြည်သူ့နေအိမ်များအား ဗုံးကြဲတိုက်ခိုက်ရန်အမိန့်များကို စုပေါင်းဆန့်ကျင်ခြင်းနည်းလမ်း။

၃။ တပ်တွင်းမှနေပြီး ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းဆောင်ရွက်ရန် တို့ ဖြစ်ကြောင်း အကြံပြုလိုပါသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။