Connect with us

Hi, what are you looking for?

LuduNwayOo

News

ဒီပဲယင်းမြို့နယ် တိုက်ပွဲ PDF ၁၈ ဦး ကျဆုံး၊ စစ်ကောင်စီ ၄ ဦးသေဟု ထုတ်ပြန်

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်တွင် ယမန်နေ့(ဇူလိုင် ၂ ရက်)က ဖြစ်ပွားသော တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)မှ ၁၈ ဦး ကျဆုံးခဲ့ပြီး ၁၀ ဦးကျော် ဒဏ်ရာရခဲ့ကြောင်း ဒီပဲယင်း PDF က သတင်းထုတ်ပြန်သည်။

ဇူလိုင် ၂ ရက်က စစ်ကောင်စီက အင်အား ၁၅၀ ခန့်ဖြင့် ဝင်ရောက်လာ၍ ဒီပဲယင်းမြို့နယ်အတွင်းရှိ ဆပ်ပြာကျင်း နှင့် ဘုတ်ရွာအပါအဝင် ကျေးရွာများမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း၊ ထွက်ပြေးသည့် ပြည်သူများအား စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်၍ မြို့နယ် PDF တပ်ဖွဲ့ဝင်များက ပြန်လည်ခုခံခဲ့၍ တိုက်ပွဲဖြစ်ပွားခဲ့ဟု ထုတ်ပြန်ခဲ့သည်။

အပြန်အလှန် ပစ်ခတ်မှုတွင် စစ်ကောင်စီမှ လက်နက်ကြီးဖြင့် အချက် ၄၀ ထက်မနည်းပစ်ခတ်ခဲ့ရာ PDF တပ်ဖွဲ့ဝင်များ ကျဆုံး ဒဏ်ရာရမှု များပြားခဲ့ပြီး တစ်ဦးဖမ်းဆီးခံခဲ့ရဟု ဆိုသည်။

စစ်ကောင်စီဘက်မှလည်း ဒဏ်ရာရသူ ၇ ဦးနှင့် သေဆုံးသူ ၄ ဦးခန့်ရှိကြောင်း ဒီပဲယင်း PDF က သတင်းထုတ်ပြန်ခဲ့သည်။

စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုလှုပ်ရှားမှုများ အင်အားကောင်းသည့် ဒီပဲယင်းမြို့နယ်ကို စစ်ကောင်စီလက်နက်ကိုင်များက အင်အားအလုံးအရင်းဖြင့် မကြာခဏ ဝင်ရောက်စီးနင်းခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။