Connect with us

Hi, what are you looking for?

သတင်း

ဧရာဝတီတိုင်းအတွင်း တိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်ဘေးရှောင်များအား စစ်ကောင်စီ တားမြစ်

ဧရာဝတီတိုင်းရှိ ရေကြည်၊ ငါးသိုင်းချောင်းနှင့် လေးမျက်နှာမြို့နယ်ထိစပ်နယ်မြေများတွင် တိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်ဘေးရှောင်များအား စစ်ကောင်စီက တားမြစ်မှုများရှိနေကြောင်း သတင်းရရှိသည်။

ဧရာဝတီတိုင်းအတွင်း စစ်ဘေးရှောင်လာကြသော ရခိုင်စစ်ဘေးရှောင်များအား တွေ့ရစဉ်။ ဓာတ်ပုံ - အေအပ်ပီ

မတ် ၂၁၊ ၂၀၂၅။ မိထက်/People’s Spring

ဧရာဝတီတိုင်းရှိ ရေကြည်၊ ငါးသိုင်းချောင်းနှင့် လေးမျက်နှာမြို့နယ်ထိစပ်နယ်မြေများတွင် တိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်ဘေးရှောင်များအား စစ်ကောင်စီက တားမြစ်မှုများရှိနေကြောင်း သတင်းရရှိသည်။

အာရက္ခတပ်တော်(AA)နှင့် ပူးပေါင်းတပ်များက မတ်လ ၁၅ရက်ကစ၍ ရေကြည်မြို့နယ် မြောက်စမ်းကျေးရွာအခြေစိုက် အမှတ်(၃၄၄)အမြောက်တပ် (အမတ-၃၄၄)နှင့် သာပေါင်းမြို့နယ်ရှိ အမှတ်(၃၀၈)ခြေမြန်တပ်ရင်း (ခမရ-၃၀၈)ကို ဦးတည်၍ စစ်ရေးဖော်ဆောင်မှုအရှိန်မြှင့်လိုက်ပြီးနောက် ဒေသတွင်း၌ တိုက်ပွဲများပြင်းထန်လာခြင်း ဖြစ်သည်။

စစ်ကောင်စီက မတ်လ ၁၇ရက်မှစ၍ လေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့သည်။

Public Service Announcement

Public Service Announcement

“ စစ်ဘေးရှောင်တွေက တစ်နိုင်တစ်ပိုင်သယ်ပြီး ထွက်လာကြရတာ။ ဟင်္သာတ၊ အထောင်၊ ယုန်သလင်း၊ ကွင်းကောက်မြို့အဝင်ဂိတ်တွေမှာ စစ်သားတွေနဲ့ရဲတွေက အသေအလဲစစ်ပြီး ပြန်လွှတ်နေတာ။ တချို့ဆို လမ်းဘေးတွေမှာထိုင်နေရတယ်။ ရခိုင်မှတ်ပုံတင်တွေကိုပိုစစ်တယ်” ဟု လေးမျက်နှာမြို့ခံတစ်ဦးက ပြောသည်။

တိုက်ပွဲမှာ ရေကြည်မြို့နယ်အတွင်းရှိ ကျားကိုက်၊ စက်စက်ယို၊ ကက္ကူကြီးကျေးရွာ၊ လေးမျက်နှာမြို့နယ်တွင် ဝက်ကုန်းရွာ၊ ချင်းလယ်ရွာပတ်ဝန်းကျင်၌ ဖြစ်နေသည်။ အဆိုပါ နေရာများသည် ရေကြည်မြို့၊ မြောက်စမ်းရွာအခြေစိုက် အမတ(၃၄၄)နှင့်လည်း မိုင်အနည်းငယ်သာ ကွာဝေးသည်။

မတ်လ ၁၈ ရက်ညက ဝက်ကုန်းကျေးရွာအနီးသို့ စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်ခဲ့သည်။

” လေးမျက်နှာ ငဝန်မြစ်ကူးတံတားကို စစ်တပ်ဘက်က ပိတ်ထားတယ်။ နောက်ပြီး ဖုန်းလိုင်းတွေလည်းဖြတ်ထားတယ်။ ဒီရက်ထဲမှာ ဖုန်းဆက်သွယ်ရေးတော်တော်ခက်လာတယ်” ဟု ဟင်္သာတမြို့ခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်သည့်ဒေသများသို့ ဟင်္သာတ – တလုတ်ထော်လမ်းပိုင်းအသုံးပြု၍ အမိုးအုပ်ထားသည့်စစ်ကောင်စီကားများဖြင့် သွားလာနေပြီး လမ်းသွားလမ်းလာများ ခြိမ်းခြောက်မှုများရှိနေသည်ဟု သတင်းရရှိသည်။

လက်ရှိဒေသတွင်း စစ်ရေးအခြေအနေအရ ဒေသခံပြည်သူများ သတိထားသွားလာကြရန် ရေကြည်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

ဧရာဝတီတိုင်းအတွင်း တိုက်ပွဲများဆက်လက်ပြင်းထန်လာနိုင်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့များက လူမှုကွန်ရက်မှတစ်ဆင့် သတိပေးနေကြသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ မေလ ၁၉ရက် ညနေက ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊KPDF က ဒရုန်းနဲ့ဗုံးကြဲလို့ အာဏာသိမ်းစစ်တပ်ကစစ်သား ၄ဦး သေဆုံးခဲ့ပြီး စစ်ဘေးရှောင်တွေရဲ့ နေအိမ်တွေကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

ဆောင်းပါး

‌ရွှေပြည်စိုး/ People’s Spring စစ်အာဏာရှင်ကို ခုခံတော်လှန်ရေးမှာ အားအနည်းဆုံးဒေသလို့ လှောင်ပြောင်ခံရတဲ့ ၁၄မျဉ်းစောင်းဒေသမှာ အာရက္ခတပ်တော်(AA)ရဲ့ အကူအညီတွေနဲ့အတူ လူထုရဲ့တိုက်ပွဲခေါ်သံတကျော့ပြန် ညံလာပါပြီ။ ၂၀၂၄ နှစ်ကုန်ပိုင်း နဲ့ ၂၀၂၅ နှစ်ဆန်းပိုင်းမှာ ဧရာဝတီရဲ့တိုက်ပွဲခေါ်သံတွေ ဆူညံပေါက်ကွဲနေခဲ့တာပါ။ ရခိုင်ပြည်နယ်၊ ဂွမြို့ကို၂၀၂၄ နှစ်ကုန်ပိုင်းမှာ အာရက္ခတပ်တော်(AA)က သိမ်းယူပြီး...

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာပေါင်း ၃၀နီးပါးက ပြည်သူပေါင်း ၂၄၀၀၀ ကျော် တိမ်းရှောင်နေရပြီး စားဝတ်နေရေးအခက်အခဲတွေရှိနေကြောင်း ဒေသခံတွေက ပြောပါတယ်။