Connect with us

Hi, what are you looking for?

သတင်း

ဖား​ဆောင်းမှာ မြေခခဲ့တဲ့စစ်တပ်တိုက်​လေယာဥ်ရဲ့အပျက်အစီးဓါတ်ပုံ​တွေကို KNDFထပ်မံထုတ်ပြန်

ကရင်နီတပ်​ပေါင်းစုက ဖား​ဆောင်းမြို့နယ်မှာပစ်ချခဲ့တဲ့ စစ်တပ်တိုက်​လေယာဥ်ရဲ့ အပျက်အစီး​တွေဓါတ်ပုံ​တွေကို ဇူလိုင် ၄ ရက်မှာထပ်မံထုတ်ပြန်ပါတယ် ။

ဇူလိုင်-၅၊၂၀၂၅။People’s Spring

ကရင်နီတပ်​ပေါင်းစုက ဖား​ဆောင်းမြို့နယ်မှာပစ်ချခဲ့တဲ့ စစ်တပ်တိုက်​လေယာဥ်ရဲ့ အပျက်အစီး​တွေဓါတ်ပုံ​တွေကို ဇူလိုင် ၄ ရက်မှာထပ်မံထုတ်ပြန်ပါတယ် ။

ဇူလိုင်လ(၂) ရက်နေ့ နံနက် (၁)နာရီခန့်မှာဖားဆောင်မြို့သိမ်းတိုက်ပွဲအတွင်းကို ဗုံးလာကြဲခဲ့တဲ့ စစ်ကောင်စီရဲ့ဂျက်လေယာဉ် (၄) စင်းကို ကရင်နီတပ်ပေါင်းစုံ တော်လှန်ရေးတပ်ဖွဲ့​တွေက တန်ပြန်တိုက်ခိုက်ခဲ့ရာ တရုတ်နိုင်ငံထုတ် FTC-2000G တိုက်လေယာဉ်ကို ပစ်ချနိုင်ခဲ့တယ်လို့​ဖော်ပြပါတယ် ။

ပျက်ကျခဲ့တဲ့ စစ်တပ် တိုက်လေယာဉ်ကို ဇူလိုင်လ ၃ ရက်နေ့ မွန်းလွဲပိုင်းမှာ ဖားဆောင်းမြို့နယ်အတွင်း တစ်နေရာမှာ ရှာဖွေတွေ့ရှိခဲ့တယ်လို့သိရပါတယ် ။

Public Service Announcement

Public Service Announcement

စစ်​ကောင်စီက​တော့ တိုက်​လေယာဥ်ဟာ ဇူလိုင် ၁ ရက်ညမှာ​လေ့ကျင့်ပျံသန်းရင်းစက်ချို့ယွင်းတာ ဒါမှမဟုတ် ရာသီဥတုဆိုးဝါတာ တစ်ခုခု​ကြောင့်အဆက်အ

သွယ်ပျက်သွား​နေပြီရှာ​ဖွေ​​နေပြီလို့ဇူလိုင် ၃ ရက်မှာထုတ်ပြန်ခဲ့ပါတယ် ။ လက်​တွေ့မှာ ကရင်နီတပ်​ပေါင်းစုက တိုက်​လေယာဥ်ကိုရှာ​ဖွေ့ပြီး သတင်းဓါတ်ပုံ​တွေကို ဓါတ်ပြန်​ပေးလိုက်တာဖြစ်ပါတယ်။

ဓါတ်ပုံ-KNDF

ဆက်စပ်သတင်းများ

သတင်း

မိုးဗြဲမြို့ရှိ လူနေအိမ် များကို စစ်ကောင်စီတပ်စစ်ကြောင်းကနေ့စဥ်မီးရှို့ဖျက်ဆီးနေပြီး မိုးဗြဲ-လွိုင်ကော်လမ်းပိုင်းတွင် တိုက်ပွဲများ ပြင်းထန်နေကြောင်းကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

သတင်း

ကရင်နီပြည်နယ်က ဖားဆောင်းမြို့သိမ်းတိုက်ပွဲဟာ ဆက်လက်ပြင်းထန်နေပြီး ရဲဘော်တစ်ဦးကျဆုံးခဲ့တယ်လို့ ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၊ ဗဟိုစစ်ဦး၊ တပ်ရင်းအမှတ် ၆၂၆ (KPLA- B 626) တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

​တိုက်​လေယာဥ်ဟာ FTC-2000G အမျိုးအစား ဖြစ်ပြီး ၊​လေယာဥ်ပျက်အနီးအ​လောင်း ၂ ​လောင်း​တွေ့