ဆောင်းပါး
-ဥသြ/People’s Spring “ Everything will be OK” အားလုံးအဆင်ပြေသွားမှာပါ လို့အဓိပ္ပါယ်ရတဲ့အဂ်လိပ်စာတန်းလေးကနွေဦးတော်လှန်ရေး အစောပိုင်းရက်တွေမှာ ပြည်သူတွေရင်ထဲ မှတ်မှတ်ထင်ထင်ရှိခဲ့တဲ့စာသားလေးဖြစ်ပါတယ်။ ဒီစာသားလေးနွေဦးတော်လှန်ရေးမှာ ပြည်သူတွေရင်ထဲရောက်ခဲ့တာအခုဆိုရင် ၅နှစ်ရှိခဲ့ပါပြီ။ ဒီစာသားနဲ့အတူ ချစ်စဖွယ်ကောင်းပြီး သတ္တိကောင်းလှတဲ့ ကြယ်စင်ဆိုတဲ့ မိန်းကလေးငယ်ကိုတွဲပြီး မြင်လာကြမယ်ထင်ပါတယ် ။ ကြယ်စင်ဆိုတဲ့နာမည်ကိုကြားလိုက်ရင် မန္တလေးမြို့ကသာမကမြန်မာနိုင်ငံတစ်ဝန်းပြည်သူအများစုက...


















































