ဆောင်းပါး
ပုဂ္ဂလိက CDM ဝန်ထမ်းတွေရဲ့ ရဲစွမ်းသတ္တိနဲ့အနစ်နာခံကြိုးစားမှုကြောင့်မြန်မာနိုင်ငံထဲက ကမ္ဘာသိ စီမံကိန်းကြီးတစ်ခုရပ်နားနေရတယ်ဆိုတာကိုသိသူကတော့အလွန်နည်းပါတယ်။ ဒါကနွေဦးတော်လှန်ရေးမှာ ပုဂ္ဂလိဝန်ထမ်း CDM တွေကြောင့် ထင်သာမြင်သာအရှိဆုံး အောင်မြင်မှုတွေထဲကတစ်ခုဖြစ်ပါတယ်။ဝန်ထမ်းပေါင်း ၇၀၀၀ ကျော်ရှိတဲ့ နိုင်ငံတကာစီမံကိန်းကြီးဟာ စစ်အုပ်စုအာဏာသိမ်းမှုနောက်ပိုင်းခတ္တရပ်နားခဲ့ပြီးတော့ ဒီနှစ်ဆန်းမှာ ပြန်လည်ပတ်ဖို့ ကြိုးစားခဲ့ပေမယ့် ဝန်ထမ်းတွေရဲ့CDMလုပ်မှုကြောင့် ဒီနေ့အထိ ရပ်တန့်ထားရတာဖြစ်ပါတယ်။