သတင်း
ထီးချိုင့်-ကသာလမ်းပိုင်းကျောက်ကြမ်းလမ်းအတိုင်း မောင်းနှင်လာသည့် စစ်ကောင်စီယာဉ်တန်းကို ယမန်နေ့(မတ်လ ၁၀ရက်)ညနေတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခြင်းဖြစ်သည်။
Hi, what are you looking for?
ထီးချိုင့်-ကသာလမ်းပိုင်းကျောက်ကြမ်းလမ်းအတိုင်း မောင်းနှင်လာသည့် စစ်ကောင်စီယာဉ်တန်းကို ယမန်နေ့(မတ်လ ၁၀ရက်)ညနေတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခြင်းဖြစ်သည်။
ထိုသို့တိုက်ခိုက်မှုကြောင့် ကားကြီးလေးစီးအနက်၂ စီးမိုင်းမိပြီး ၃ပွင့်တစ်ဦး၊ တစ်ပွင့်နှစ်ဦး အပါဝင်အများအပြားသေဆုံးပြီး ဒဏ်ရာရရှိသူအများပြားရှိနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
စစ်ကောင်စီယာဥ်တန်း ချောင်းဦးမှ မထွက်မီ မြင်းမူနယ်သို့ဖြတ်သန်းမည့် လမ်းခရီးတွင် ရှေ့ပြေးအဖွဲ့တစ်ဖွဲ့စေလွှတ်ပြီး မိုင်းရှင်းလင်းရေးလုပ်ဆောင်သည့်ကြားမှ ဖောက်ခွဲတိုက် ခိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း MMU-PDF က ပြောသည်။