သတင်း
သားကြီး/People’s Spring ထီးချိုင့်မြို့မှတဆင့် ဧရာဝတီမြစ်ကြောင်းအတိုင်း လေကြောင်းလုံခြုံရေးယူဆန်တက်နေသည့် စစ်ကောင်စီတပ်ရေယာဥ်ငါးစင်းက မြစ်ကမ်းဘေးတလျှောက် ရမ်းသမ်းပစ်ခတ်ရာ ကသာမြို့နယ်မှ အရပ်သားသုံးသေဆုံးပြီး ဒဏ်ရာရသူများပြားကြောင်း သတင်းရရှိသည်။ စစ်ကောင်စီ၏ ရေယာဥ်ငါးစင်းသည်စက်တင်ဘာလ ၁ ရက်က ထီးချိုင့်မြို့နယ်သို့ရောက်ရှိလာပြီး ယနေ့တွင် ကသာမြို့နယ်ဘက်သို့ဆက်လက်ဆန်တက်နေခြင်းဖြစ်သည်။ “တောက်လျှောက်ပစ်လာတာ။ မြစ်ကမ်းနဲ့ ပိုဝေးတဲ့နေရာကို ရှောင်ကြရတာပေါ့။ လေကြောင်းကလည်း...