သတင်း
မန္တလေးမြို့ မြောက်ခြမ်းရှိ မတ္တရာ၊ စဥ့်ကူး၊ သပိတ်ကျင်းဒေသများတွင်လည်း စစ်ကောင်စီတပ်က ကျေးရွာများအားဝင်ရောက်ကာ မီးရှို့ဖျက်ဆီးပြီး ဒေသခံပြည်သူများအား သတ်ဖြတ်မှုများ ပြုလုပ်နေသည်။
Hi, what are you looking for?
မန္တလေးမြို့ မြောက်ခြမ်းရှိ မတ္တရာ၊ စဥ့်ကူး၊ သပိတ်ကျင်းဒေသများတွင်လည်း စစ်ကောင်စီတပ်က ကျေးရွာများအားဝင်ရောက်ကာ မီးရှို့ဖျက်ဆီးပြီး ဒေသခံပြည်သူများအား သတ်ဖြတ်မှုများ ပြုလုပ်နေသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများရမ်းသမ်းပစ်ခတ်သည့် ကျည်ထိ၍ ချောင်းသလဲကျေးရွာရှိ နွားနှစ်ကောင်သေဆုံးပြီး နေအိမ်လေးလုံးမီးရှို့ခံခဲ့ရကြောင်း၊ ထို့အပြင် ကျေးရွာရှိနေအိမ်များအား ဝင်ရောက်ကာ တန်ဖိုးရှိပစ္စည်းများ ယူဆောင်သွားကြောင်း ဗိုလ်လင်းယုန်တပ်ဖွဲ့က ဆိုသည်။
ထုတ်ပြန်ချက်နှင့်ပတ်သက်၍ သမန်းကျားပြောက်ကျားတပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။
စဥ့်ကူးမြို့နယ်သည် မိုးကုတ်-မန္တလေးလမ်းပိုင်းပေါ်၌ တည်ရှိပြီး ရှမ်းပြည်နယ်နှင့်စစ်ကိုင်းတိုင်းသို့သွားသော စစ်ကောင်စီယာဥ်များ ဖြတ်သန်းသွားလေ့ရှိသည်။
PDF(မန္တလေး)မှ ရဲဘော်အာကာစိုး(ခ) မိစိုးသည်လည်း စစ်မြေပြင်၌ အာဇာနည်သူရဲကောင်းပီသစွာ အသက်ပေးသွားခဲ့ရကြောင်း၊ မြင့်မြတ်စွာ အသက်ပေးလှူခဲ့သော ရဲဘော်အာကာစိုးအား ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေးမှ အစဉ်ဂုဏ်ယူအောက်မေ့နေမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။