သတင်း ရဟန်း၊ ပြည်သူ ၁၀ ဦးသေဆုံးခဲ့သောညောင်ကုန်းရွာလေကြောင်းတိုက်ခိုက်ခံရမတွင် ဒဏ်ရာရသူများကို PDFများကျန်းမာရေးစောင့်ရှောက်မှုပေး စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ခဲ့သူများကို တတ်နိုင်သလောက် ကူညီပေးကြရန် ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် ဦးဇော်ထက်ကလည်းမေတ္တာရပ်ခံသည်။ LuduNwayOoဇူလိုင် 18, 2023
ဆောင်းပါး “အမေ့ဆုတောင်း” စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ ညောင်ကုန်းကျေးရွာရှိ နေအိမ်ဝင်းတစ်ခုတွင် အဘွား ဒေါ်ညိို(အမည်လွှဲ)မှာ တပြုံးပြုံးဖြင့် ခုံတစ်ခုတွင် ထိုင်နေသည်။ LuduNwayOoဇူလိုင် 1, 2023
ဗီဒီယို “လေယာဉ်သံတော်ဆိုပြီးတော့ ဘာမှ ကို မလုပ်လိုက်ရပါဘူးကွယ်။ ၀ုန်းကနဲဆိုကျလာတာ။ ကျတဲ့အကျမှာ အကုန်လုံးတစ်ခါတည်းမှန်ပြီးတော့ အကုန်သေတာပါပဲကွယ်။ အဖွားတစ်ယောက်တည်း ကျန်တာပါ။ မရှုမလှတွေချည်းတည်းပါကွယ် သေလိုက်တာမှ။ မျက်နှာပျက်သွားတဲ့သူနဲ့ အဖွားလည်း အရူးမကြီးကျလို့။ ဘယ်မောင်မှလည်း ကောက်မကိုင်ရ၊ ညီမကောက်မကိုင်နိုင် မောင်ကောက်မကိုင်နိုင်။ မောင်နှမ ငါးယောက်လုံး” စစ်ကောင်စီက ဇွန် ၂၇ ရက်ညနေ ၃ နာရီဝန်းကျင်မှာ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ညောင်ကုန်းရွာကို တိုက်ပွဲလည်းမရှိ ၊PDF တွေလည်းမရှိဘဲ တိုက်လေယာဥ်တစ်စီးနဲ့ ဗုံးကျဲပြီးပစ်ခတ်တာကြောင့် ပြည်သူ ၁၃ ဦးသေဆုံးပြီးတော့ ရဟန်းတစ်ပါး ပျံလွန်တော်မူခဲ့ပါတယ်။ LuduNwayOoဇွန် 30, 2023
သတင်း ညောင်ကုန်းရွာ ဗုံးကြဲခံရမှု ပြည်သူ(၁၃)ဦး သေဆုံးပြီး ရဟန်း(၁)ပါးပျံလွန်တော်မူ စစ်အုပ်စု ကြဲချခဲ့သည့်ဗုံးသည့် ညောင်ကုန်းကျေးရွာတောင်ပိုင်းရှိ ဘုန်းကြီးကျောင်းအနီးတွင် ကျရောက်ပေါက်ကွဲခဲ့၍ သက်တော် ၅၅ နှစ်အရွယ် ဥုးခေမာ ပျံလွန်တော်မူခဲ့ခြင်းဖြစ်သည်။ LuduNwayOoဇွန် 30, 2023
ဘာသာပြန်ဆောင်းပါး “နာကြည်းလွန်းလို့ ကျွန်မ တစ်ကိုယ်လုံး တဆတ်ဆတ် တုန်နေခဲ့တယ်” ဇွန် ၂၇ ရက်မှာ စစ်လေယာဉ် တစ်စီးကနေ ဗုံး ၃ လုံး ကြဲချသွားခဲ့ပါတယ်။ ပုလဲ မြို့နယ်ထဲက ညောင်ကုန်းကျေးရွာ ဘုန်းကြီးကျောင်းနားမှာ ဗုံးတွေ တဖွဲဖွဲ ကျရောက် ပေါက်ကွဲခဲ့တယ်လို့ ဒေသခံ ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူကိုဇော်ထက်က ပြောပါတယ်။ LuduNwayOoဇွန် 30, 2023
သတင်း ညောင်ကုန်းရွာ လေကြောင်းတိုက်ခိုက်မှု သေဆုံးသူ ၁၀ဦးအထိရှိလာ ညောင်ကုန်းကျေးရွာကို ယမန်နေ့ (ဇွန်လ ၂၇ရက်) ညနေ ၃နာရီခွဲခန့်တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲသွားခြင်းဖြစ်သည်။ LuduNwayOoဇွန် 28, 2023
သတင်း ပုလဲ၊ ညောင်ကုန်းရွာ ဗုံးကျဲခံရမှု ပြည်သူ ၈ ဦးသေ ၁၅ ဦးထက်မနည်းဒဏ်ရာရ ညောင်ကုန်း ကျေးရွာကို ယနေ့ (ဇွန်လ ၂၇ရက်) ညနေ ၃နာရီခွဲခန့်တွင် စစ်ကောင်စီက တိုက်ပွဲမရှိ ၊ PDF များလည်းမရှိဘဲ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။ LuduNwayOoဇွန် 27, 2023