သတင်း
ဗိုလ်ကျားရိုင်းပြည်သူ့ကာကွယ်ရေးတပ် - Wild Tiger LPDF အဖွဲ့သည် ဒေသတွင်းတော်လှန်ရေးအင်အားစုများနှင့်ပူးပေါင်း၍ သြဂုတ် ၁၇ ရက်ကလည်း ရွှေဘိုမြို့အဝင်ရှိ စစ်ကောင်စီတပ်အား တိုက်ခိုက်ခဲ့သေးသည်။
Hi, what are you looking for?
ဗိုလ်ကျားရိုင်းပြည်သူ့ကာကွယ်ရေးတပ် - Wild Tiger LPDF အဖွဲ့သည် ဒေသတွင်းတော်လှန်ရေးအင်အားစုများနှင့်ပူးပေါင်း၍ သြဂုတ် ၁၇ ရက်ကလည်း ရွှေဘိုမြို့အဝင်ရှိ စစ်ကောင်စီတပ်အား တိုက်ခိုက်ခဲ့သေးသည်။
တည်သီးတောရွာသည် စစ်ကောင်စီတပ်က လက်နက်တပ်ဆင်ပေးထားသည့် ပျူအားကောင်းသော ကျေးရွာတစ်ရွာဖြစ်သည်။ အဆိုပါ ကျေးရွာသည် ခင်ဦးမြို့နှင့် ပိုမိုနီးကပ်လျက်ရှိသည်။
စစ်ကောင်စီဘက်ကလည်း တည်သီးတောကျေးရွာ လက်နက်ကြီးဖြင့်တိုက်ခိုက်ခံရမှုကို ထုတ်ပြန်ခဲ့ပြီး ၅ ဦးသေဆုံးကာ ၉ ဦး ပြင်းထန်ထိခိုက်ဒဏ်ရာရရှိသွားကြောင်း အသိပေးသည်။
တည်သီးတောကျေးရွာတွင် စစ်ကောင်စီတပ်သည် အခြေခံပညာကျောင်း၌ တပ်စွဲထားပြီး ဒရုန်းဖြင့် တိုက် ခိုက်ခံရခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။
ဧပြီ ၃ ရက်ကလည်း တည်သီးတောကျေးရွာရှိ အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးများကို ဒေသတွင်း PDFပူးပေါင်းဖွဲ့မှသွားရောက်တိုက်ခိုက်ရာ အကြမ်းဖက်စစ်သား နှစ်ဦးသေဆုံးကာ လေးဦးထိခိုက်ဒဏ်ရာများ ရရှိသွားခဲ့သေးသည်။