သတင်း စစ်ကောင်စီတပ်က စစ်ကိုင်း၊ ဝက်လက်နှင့် ခင်ဦးနယ်ရှိ ကျေးရွာ ၆ရွာ မီးရှို့ဖျက်ဆီး၊ ဒေသခံ ပြည်သူနှစ်ဦး သတ်ဖြတ် စစ်ကိုင်းနှင့်ဝက်လက်ရှိ မီးရှို့ဖျက်ဆီးခံကျေးရွာငါးရွာတွင် စစ်ကောင်စီတပ်ရှိနေဆဲဖြစ်၍ နေအိမ် အရေအတွက်မသိရသေးပေ။ LuduNwayOoဇွန် 3, 2023
သတင်း စစ်ကိုင်းတွင် စစ်ကောင်စီတပ်က ကျေးရွာနှစ်ရွာ မီးရှိူ့ဖျက်ဆီး၊ ကျေးရွာလေးရွာမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင် မေလ တတိယက စစ်ကိုင်းမြို့နယ် ပဒူကျေးရွာဝန်းကျင်တွင် စစ်ကောင်စီတပ်နှင့် ဒေသတွင်း PDFများ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက လေကြောင်းဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ကာ ပဒူကျေးရွာကိုလည်း မီးရှို့ဖျက်ဆီးသွားခဲ့သေးသည်။ LuduNwayOoဇွန် 3, 2023
သတင်း ထီးချိုင့်နှင့် ကသာအစပ်ရှိ ရွာများကို စစ်ကောင်စီတပ် စစ်ကြောင်းသုံးခုဖြင့် ဝင်ရောက်လာ၍ ဒေသခံများ စစ်ရေးသတိရှိရန်နှင့် ဘေးလွတ်ရာကြိုတင်တိမ်းရှောင်နေကြ သတိပေး စစ်ကောင်စီစစ်ကြောင်းသည် ထီးချိုင့်နှင့် ကသာနယ်တွင် နှစ်လခန့်ကြာ ငြိမ်သက်နေရာမှ ယခုရက်ပိုင်းအတွင်း တကျော့ပြန်စစ်ကြောင်းထိုးလာခြင်းဟု တော်လှန်ရေးးအင်အားစုများက ပြောသည်။ LuduNwayOoမေ 30, 2023
သတင်း ဗန်းမောက်နယ် ကြောင်လည်ရွာအနီးတိုက်ပွဲ စစ်ကောင်စီတပ် အရာရှိအပါအဝင် သေဆုံးမှုများဟု ဒေသခံပြော စစ်ကောင်စီတပ်သည် ဗန်းမောက်၊အင်းတော်နယ်များ၌ စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်လျက်ရှိပြီး ကျေးရွာများကို မီးရှို့ခြင်း၊ဒေသခံ ပြည်သူများကိုဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းများ ကျူးလွန်ခဲ့သည်။ LuduNwayOoမေ 25, 2023
သတင်း တနိုင်းမြို့ဦးတည်လာသည့် စစ်ကောင်စီတပ်က ဒေသခံများ ဖမ်းဆီး၊ လူသားဒိုင်းအဖြစ် အသုံးပြု စစ်ကောင်စီတပ်သည် မေလ ၁၇ရက်က ဖားကန့်မြို့နယ်၊ နန့်ယားကျေးရွာနှင့် ခင်တောင်ကျေးရွာကို ဝင်ရောက်စီးနင်းပြီး ဒေသခံ ပြည်သူ ၄၀ ခန့်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ LuduNwayOoမေ 23, 2023
သတင်း ရေးမြို့နယ်မြောက်ပိုင်းတိုက်ပွဲ စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုများဟု ဒေသခံပြော DVB သတင်းဌာန၏ ရေးမြောက်ပိုင်းတိုက်ပွဲ သတင်းဖော်ပြချက်တွင် စစ်ကောင်စီတပ်မှ ၃၀ဦးခန့်သေဆုံးခဲ့ကြောင်း ရေးမြောက်ပိုင်း PDF တာဝန်ခံ ဗိုလ်ရန်နိုင်၏ ပြောကြားချက်ကို ဖော်ပြထားသည်။ LuduNwayOoမေ 23, 2023
သတင်း KNU မူးမြို့နယ် နောင်ကုန်းရွာကို စစ်ကောင်စီ ဒရုန်းဖြင့် တိုက်ခိုက်၊ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ KNU မူးမြို့နယ် ညောင်ပင်သာရွာမှ ဒေသခံ ၂၀ခန့်ကို စစ်ကောင်စီတပ်က မေလ ၁၀ ရက်တွင် မီးရှို့သတ်ဖြတ်ခဲ့သည့်နေ့မှစ၍ စစ်ကောင်စီတပ်၍ အကြမ်းဖက်ရန်ကြောင့် ထွက်ပြေးတိမ်းရှောင်ရသည့် ပြည်သူအများအပြားရှိခဲ့ကြောင်း KNU က ထုတ်ပြန်သည်။ LuduNwayOoမေ 23, 2023
သတင်း ဗန်းမောက်နယ် စစ်ရေးတင်းမာနေဆဲ၊ စစ်ရှောင်များ အကူအညီလိုအပ်ဟု ဒေသခံပြော စစ်ကောင်စီတပ်၏ စစ်ရေးလှုပ်ရှားမှု၊ ကျေးရွာများ မီးရှို့မှုကြောင့် စစ်ရှောင်ပြည်သူများ အခက်အခဲများစွာ ကြုံနေရပြီး အကူအညီများလိုအပ်နေသည်ဟု အသိပေးသည်။ LuduNwayOoမေ 21, 2023
သတင်း ကန့်ဘလူနယ်တွင် မုန်တိုင်းအပြီး စစ်ကောင်စီတပ်စစ်ကြောင်းထိုးနေ၍ ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရ ထိုသို့ စစ်ကြောင်းထိုးမှုကြောင့် ထန်းကုန်းတိုက်နယ်ရှိ ကျေးရွာ (၁၉) ရွာမှ ဒေသခံပြည်သူပေါင်း သုံးသောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသတွင်း ဒေသတွင်း သတင်းအချက်အလက်များ ဖော်ပြပေးနေသော Infinity Group က အသိပေးသည်။ LuduNwayOoမေ 17, 2023
သတင်း ညောင်ပင်သာရွာ အစုလိုက်၊အပြုံလိုက်သတ်ဖြတ်မှုကျူးလွန်သည့် စစ်ကောင်စီက PDF အယောင်ဆောင် ပြီး ဒေသခံများကို ခေါ်ယူသတ်ဖြတ်ခဲ့ဟု မိသားစုဝင် ပြော စစ်ကောင်စီက ယခုကဲ့သို့ ပြည်သူများအား ရက်စက်စွာ သတ်ဖြတ်ခဲ့မှုအပေါ် အရေးယူပေးရန် နိုင်ငံတကာကို တောင်းဆိုလိုကြောင်း၊ အကြိမ် ကြိမ်တောင်းဆိုခဲ့သော်လည်း မရခဲ့ကြောင်း၊ သို့ရာတွင် ထပ်မံတောင်းဆိုလိုကြောင်း ဒေသခံက ပြောသည်။ LuduNwayOoမေ 17, 2023