သတင်း မကွေးတိုင်း မြို့နယ်အများစုဖုန်းလိုင်းပြတ်တောက်၊ မုန်တိုင်းသတင်းအချက်အလက်ရရှိမှုနည်း၍ ကြိုတင်ပြင်ဆင်မှုအားနည်းဟုဒေသခံများပြော စစ်တပ်က အာဏာသိမ်းပြီးနောက် မကွေးတိုင်းအတွင်း အိမ်ခြေ ၉၀၀၀ကျော်ကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး စစ်ဘေးရှောင်နေရပ်စွန့်ခွာသူအများစုက အမိုးအကာမလုံခြုံသည့်နေရာများတွင်နေထိုင်နေရသည်။ LuduNwayOoမေ 14, 2023
သတင်း စစ်တွေမြို့တွင် မုန်တိုင်းဒီရေများဝင်လာ ၊ပိတ်မိနေသောဒေသခံများ အရေးပေါ် ကယ်ဆယ်ရေး တောင်းခံနေ ရေတက်လာ၍ ပိတ်မိပြည်သူများက ၎င်းတို့ နေထိုင်ရာလမ်း၊ ဆက်သွယ်ရန် ဖုန်းနံပါတ်တို့အားလူမှုကွန်ရက်တွင် ဖော်ပြပြီး အကူအညီတောင်းခံနေကြသည်ကိုတွေ့ရသည်။ LuduNwayOoမေ 14, 2023
သတင်း မုန်တိုင်းတိုက်နေချိန် စစ်ကောင်စီတပ်အန္တရာယ်ကြောင့် ခင်ဦးနယ်ရှိ ဒေသခံသုံးထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရ ယနေ့ (မေလ ၁၄ရက်)နံနက်၆ နာရီခန့်က ခင်ဦးမြို့နယ်၊ အင်းပတ်ကွေ့ရှိ စစ်ကောင်စီတပ်နှင့် ရွာသစ်ကုန်းရွာရှိ ပျူစောထီးများသည် ချမ်းသာကုန်းနှင့် အင်းပတ်ကျေးရွာအတွင်းသို့ လက်နက်ကြီး၊ငယ်များ ပစ်ခတ်ဝင်ရောက်ခဲ့သည်။ LuduNwayOoမေ 14, 2023
သတင်း ဟင်္သာတ မီးရထားရုံးအနီး ဗုံးပေါက်ကွဲပြီးနောက် စစ်ကောင်စီတပ်က ဒေသခံအချို့နှင့်မီးရထားဝန်ထမ်းအချို့ ဖမ်းဆီး ဟင်္သာတမြို့၊ ကနောင်စုရပ်ကွက်ရှိ မီးရထားတိုင်း(၉)ရုံးရှေ့တွင် မေလ ၁၂ ရက် နံနက် ၉နာရီခန့်က ဗုံးပေါက်ကွဲခဲ့ခြင်းဟု ဒေသခံများက ပြောသည်။ LuduNwayOoမေ 13, 2023
သတင်း ကော့ကရိတ်တွင် စစ်ကောင်စီတပ် လက်နက်ကြီးရမ်းပစ်၍ အရပ်သားတစ်ဦးသေ၊ ရှစ်ဦး ဒဏ်ရာရဟု ဒေသခံပြော ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)ဘက်က လတ်တလော စစ်ရေးလှုပ်ရှားမှုများ မပြုလုပ်သော်လည်း စစ်ကောင်စီက ညဘက်တွင် ဒေသတွင်းရှိကျေးရွာများသို့ လက်နက်ကြီး ရမ်းပစ်နေသည်ဟု ဆိုသည်။ LuduNwayOoမေ 11, 2023
သတင်း ခင်ဦးနယ်တွင် စစ်ကောင်စီတပ် စစ်ကြောင်းမီးရှို့နေ၍ ဒေသခံခုနစ်ထောင်ခန့် ထွက်ပြေးတိမ်းရှောင်နေရ စစ်ကောင်စီတပ်သည် မေလ ၇ ရက် နံနက်ပိုင်းတွင် ဧရာဝတီမြစ်ကူး၍ ခင်ဦးမြို့နယ်သို့ အင်အား ၂၀၀ခန့်ဖြင့် ခြေလျင်စစ်ကြောင်းထိုးလာခဲ့ခြင်း ဖြစ်သည်။ LuduNwayOoမေ 8, 2023
နိုင်ငံတကာ နျူကလီးယား ဓာတ်အားပေး စက်ရုံနားမှာ ရုရှားက အရေးပေါ် ရွှေ့ပြောင်းခိုင်းမှုတွေကြောင့် ဒေသခံတွေ အထိတ်တလန့်ဖြစ် မယ်လီတိုပိုရဲ့ ယူကရိန်း မြို့တော်ဝန် အိုင်ဗန် ဖီဒိုရော့ဗ်က အရေးပေါ် ညွှန်ကြားချက်ကြောင့် အနီးတဝိုက်က ဒေသခံတွေရဲ့ ကားတွေ ထောင်နဲ့ချီ စုဝေး ထွက်ခွာကုန်ကြပြီး ကားတန်းကြီးက ၅ နာရီလောက် ကြာအောင် ပိတ်မိနေခဲ့တယ်လို့ ပြောပါတယ်။ LuduNwayOoမေ 7, 2023
သတင်း ဖမ်းဆီးခံ ဖားကန့်ဒေသခံ ၂၀၀ကျော် သုံးရက်ကြာသည်အထိ ပြန်မလွှတ်သေး မရှီကထောင်ရပ်ကွက်မှ Happy KTV တွင် စစ်ကောင်စီတပ် စစ်ကြောင်းမှူးတစ်ဦးအပါအဝင် စစ်တပ်နှင့် ဆက်နွယ်နေသူ စီးပွားရေးလုပ်ငန်းရှင်လေးဦး သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရသည်။ LuduNwayOoဧပြီ 23, 2023
သတင်း နောင်ချိုမြို့နယ်အတွင်းတိုက်ပွဲတွေကြောင့် ဒေသခံ ၅,၀၀၀ ကျော် စစ်ရှောင်နေရ တိုက်ပွဲဆက်လက်ဖြစ်ပွားနေတာကြောင့် စစ်ရှောင်ဦးရေ တိုးလာပြီး နီးစပ်ရာ ဆွေမျိုးတွေ ဆီသွားရောက်သူရှိသလို ဘုန်းကြီးကျောင်းတွေမှာ တိမ်းရှောင်နေကြရသူတွေရှိပါတယ်။ LuduNwayOoဧပြီ 23, 2023
သတင်း ပဇီကြီးရွာဝန်းကျင် စစ်ကောင်စီက တောနင်းစစ်ကြောင်းထိုးနေ၍ ဒေသခံများ ဘေးလွတ်ရာ ရွှေ့ပြောင်းတိမ်းရှောင်နေရ စစ်ကောင်စီစစ်ကြောင်းသည် ပဇီကြီးရွာအပြင် အနီးပတ်ဝန်းကျင်ရွာများတွင်လည်း မြေပြင်ကင်းပုန်းများရှိနေသလို လေကြောင်းမှလည်း ခြိမ်းခြောက်နေ၍ ဒေသခံအများအပြား ပုန်းအောင်းပြေးလွှားနေရခြင်း ဖြစ်သည်။ LuduNwayOoဧပြီ 21, 2023