မေးမြန်းခန်း “ကျွန်တော်တို့မှာ ဆုံးရှုံးစရာဘာမှမရှိတော့ဘူး။ အောင်ပွဲသာရမယ်၊နိုင်သာနိုင်သွားမယ်ဆိုရင် ကျွန်တော်တို့တစ်ရွာလုံး စစ်မြေပြင်ဖြစ်သွားပါစေ။ ဘယ်အိမ်ပါပါ။ အရာရာ အစကနေ ပြန်စတင်မယ်” အခုနောက်ဆုံး ဧပြီ ၁၁ရက်က မီးရှို့ဖျက်ဆီးတာမှာပြည်သူတွေရဲ့အိမ် အလုံးရေ ၁၅၀ထက်မနည်း မီးလောင်ပြာကျခဲ့ပြန်ပါတယ်။စစ်ကောင်စီတပ်က စာနာမှုမရှိဘဲ အကြိမ်ကြိမ် အကြမ်းဖက်ဖျက်ဆီးမှုကြုံနေရတဲ့ နတ်ချောင်းရွာက ဒေသခံတစ်ဦးကို လူထုနွေဦး(People's Spring)သတင်းဌာနက ဆက်သွယ်မြန်းထားပါတယ်။ LuduNwayOoဧပြီ 14, 2022
News ကလေးမြို့ နတ်ချောင်းရွာကို စစ်ကောင်စီတပ်မီးရှို့၍ နေအိမ်၁၀၀ကျော် မီးလောင်ဆုံးရှုံး "ဘယ်ဘာသာရေး အဆုံးအမကိုမှ နှလုံးသားထဲထိ ရောက်ရှိခဲ့ကြဟန်မတူ။ ယုတ်မာတဲ့ အလုပ်ပဲ လုပ်တတ်ကြတော့တဲ့ လူယုတ်တစု"ဟု ဒေသခံတစ်ဦးက ပြစ်တင်ရှုတ်စွာ ပြောသည်။ LuduNwayOoဧပြီ 11, 2022
News ကလေးမြို့ နတ်ချောင်းရွာကို အကြမ်းဖက်စစ်ကောင်စီတပ် ထပ်မံမီးရှို့ ဖျက်ဆီးနေ စစ်ကောင်စီတပ်ရန်ကြောင့် ဒေသခံများနေရပ်စွန့်ခွာထွက်ပြေးနေရသည့်နတ်ချောင်းကျေးရွာကို အကြမ်းဖက်စစ်ကောင်စီက ယနေ့နံနက်ကစ၍ မီးရှို့နေခြင်းဖြစ်သည်။ LuduNwayOoဧပြီ 11, 2022
News ကလေး – ဂန့်ဂေါလမ်းရှိ နတ်ချောင်းရွာကို စစ်ကောင်စီတပ် ထပ်မံမီးရှို့နေဟု ဒေသခံပြော ဂန့်ဂေါ -ကလေးလမ်းရှိ နတ်ချောင်းရွာကို စစ်ကောင်စီတပ်က ၂၀၂၁ ဒီဇင်ဘာက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့၍ ဒေသခံအများစု စစ်ဘေးရှောင်နေရသည့် နတ်ချောင်းရွာ နယ်မြေ(၁)ကို အကြမ်းဖက်စစ်တပ်က ယနေ့ ထပ်မံဝင်ရောက်မီးရှို့နေကြောင်း၊ အိမ်ခြေ မည်မျှ မီးရှို့ခံရသည်ကို စုံစမ်းဆဲဖြစ်ကြောင်း ၎င်းက ဆိုသည်။ LuduNwayOoမတ် 15, 2022
News စစ်ကောင်စီတပ်မီးရှို့ခဲ့သည့် နတ်ချောင်းရွာမှနေအိမ်များ “ရွာအခြေအနေက အခုလောလောဆယ် တချို့တဝက် ရွာထဲ ပြန်ကြတဲ့သူ ပြန်ကြတယ်။ အိမ်ကတော့ နောက်ပိုင်း အသစ်ထပ်ရှို့တာမျိုးတော့မရှိဘူး။ အရင်တုန်းက ရှို့ထားတာတွေက စုစုပေါင်း ၂၈အိမ်လောက်ရှိမယ်” ဟု နတ်ချောင်းဒေသခံက ပြောသည်။ LuduNwayOoဇန်နဝါရီ 16, 2022
News နတ်ချောင်းရွာရှိ နေအိမ်နှင့် ပစ္စည်းများကို စစ်ကောင်စီတပ် ငါးကြိမ်မြောက် ထပ်မံမီးရှို့ဖျက်ဆီး ယနေ့တွင် နတ်ချောင်းရွာနှင့် ဆက်စပ်နေသည့် ချောင်းခွရွာဘက်သိုပ့ စစ်ကောင်စီတပ်များ ဝင်ရောက်နေကြောင်း သိရသည်ဟု နတ်ချောင်းရွာခံက ပြောသည်။ LuduNwayOoဒီဇင်ဘာ 28, 2021
News စစ်ကောင်စီတပ်မီးရှို့၍ နတ်ချောင်းရွာ မီးရှိန်ပြင်းနေ၊ နေအိမ်၁၀လုံးထက်မနည်း မီးလောင် “ဘုန်ကြီးကျောင်းမှာ နေရစ်ခဲ့တဲ့ သက်ကြီးရွယ်အို၊ လူငယ် ၊မိန်းမသားတွေရဲ့ ဖုန်းတွေကို စကစက အကုန်သိမ်းထားတယ်”ဟု ၎င်းက ဆိုသည်။ LuduNwayOoဒီဇင်ဘာ 27, 2021
News စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် လက်နက်အင်အားဖြည့်ပြီး နတ်ချောင်းရွာကို ထပ်မံမီးရှို့ စစ်ကောင်စီတပ်က ဒီဇင်ဘာ ၂၃ရက် တိုက်ပွဲတွင် ရဟတ်ယာဉ် အသုံးပြု တိုက်ခိုက်ခဲ့ခြင်း၊ ကျေးရွာလူထုကို အကြောင်းမဲ့သတ်ဖြတ်ခြင်းတို့ကြောင့် နတ်ချောင်းရွာမှ အမျိုးသမီး နှစ်ဦးနှင့် စိတ်မနှံ့သူတစ်ဦးအပါအဝင် ၁၁ဦးထက်မနည်းသေဆုံးခဲ့ကြောင်း နတ်ချောင်းရွာခံက ပြောသည်။ LuduNwayOoဒီဇင်ဘာ 27, 2021
News နတ်ချောင်းရွာဒေသခံများ၏ ကား၊ ဆိုင်ကယ်နှင့် နေအိမ်အချို့ကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး ဒီဇင်ဘာ ၂၂ရက်မှ ယနေ့နံနက်ထိ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ခဲ့ရာ ဒီဇင်ဘာ ၂၃ရက်တွင် ရဟတ်ယာဉ် ၂စီးဖြင့် စစ်ကောင်စီက တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။ LuduNwayOoဒီဇင်ဘာ 27, 2021
News နတ်ချောင်းရွာ ယမန်နေ့ညက တစ်ညလုံးနီးပါး တိုက်ပွဲဖြစ်ပြီး နှစ်ဖက်ထိခိုက်မှုရှိဟု ဒေသခံပြော စစ်ကောင်စီတပ် ဝင်ရောက်လာသည့်နေ့ကတည်းက ဒေသခံများ စစ်ဘေးတိမ်းရှောင်နေခြင်းလည်းဖြစ်ပြီး အခက်အခဲများ ကြုံနေရသည်ဟု ဆိုသည်။ LuduNwayOoဒီဇင်ဘာ 27, 2021