ရသ
ပန်းနုဝင်း မှုန်ကုတ်ကုတ် တောင်တန်းပေါ်က လှုပ်တုတ်တုတ် အလင်းရောင်နောက်လိုက်နေတဲ့ မှိန်စုတ်စုတ် ဆေးထိုးအပ်တချောင်း။ အသက်ရှုမဝတဲ့ ဆေးရုံကို ရင်နာနာနဲ့ကျောခိုင်းခဲ့တာ ဘလေဘဇာဖြစ်နေတဲ့ ခေတ်ကို ပြောင်းစေချင်လို့။ ငရဲမီးတွေ ငါတို့နယ်ကို မလောင်ခင်ကတည်းက မီးမုန်တိုင်းထဲ တိုးဝင်ခဲ့တာ သတ္တိကောင်းလွန်းလွန်းလို့ မဟုတ်ဘူး။ အိမ်က အဆင်ပြေလွန်းလို့ မဟုတ်ဘူး။ ကြယ်တွေကြွေတာ...