

သတင်း
ခရိုနီနေဝင်းထွန်းက စစ်ကောင်စီအကျိုးအတွက် ပအိုဝ်းလူမျိုးများ၏အသက်စတေး တိုက်ပွဲဝင်ခိုင်းနေဟု PNLA ပြော
စစ်ကောင်စီအာဏာသိမ်းပြီးနောက် ပအိုဝ်းဒေသ ခုခံတော်လှန်မှုများ အားကောင်းလာချိန် အာဏာရှင်များ၏ စီးပွားဖက်ဖြစ်သည့် ခရိုနီနေဝင်းထွန်းက PNO ပြည်သူ့စစ်၏ စစ်ဘက်ခေါင်းဆောင်ပိုင်းကို ဝင်ရောက်တာဝန်ယူပြီး စစ်ကောင်စီ အကျိုးအတွက် ပအိုဝ်းလူမျိုးများ၏ အသက်ကို စတေး အသုံးချနေကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောသည်။