သတင်း
ဗန်းမော်မြို့တွင် ယနေ့နံနက်ပိုင်းက စစ်ကောင်စီတပ်၏ စုပေါင်းရုံး၊ မီးသတ်နှင့်ရဲစခန်းတို့၌ ပေါက်ကွဲမှုများဖြစ်ပြီနောက် စစ်ကောင်စီက မြို့အဝင်၊ အထွက်ကို စစ်ဆေးရေးတင်းကြပ်ထားသည်။
Hi, what are you looking for?
ဗန်းမော်မြို့တွင် ယနေ့နံနက်ပိုင်းက စစ်ကောင်စီတပ်၏ စုပေါင်းရုံး၊ မီးသတ်နှင့်ရဲစခန်းတို့၌ ပေါက်ကွဲမှုများဖြစ်ပြီနောက် စစ်ကောင်စီက မြို့အဝင်၊ အထွက်ကို စစ်ဆေးရေးတင်းကြပ်ထားသည်။
မနေ့က ညနေပိုင်းမှာ ပိတ်ဆို့စစ်ဆေးနေချိန် ကမ်းနားလမ်း ၊ဝေါဝိန်ဆိပ်ကမ်း အနီး မှာ ဆိုင်ကယ်စီးလာတဲ့ လူ နှစ်ဦးကို စစ်ဆေးချိန်မှာ တစ်ဦးက ထွက်ပြေးသွားပြီး ကျန်တစ်ဦး ကို မိခဲ့တယ်လို့စစ်ကောင်စီရဲ့ သတင်းဖြန့်ချက်မှာတွေ့ရပါတယ်။
"မြို့ထဲမှာနေ့လည် ၁၂ နာရီကျော်ထဲကတည်းက ပိတ်စစ်နေတာပါ။ လသာဘက်ကိုဆို ကြိုးဝါတွေရော သံဆူးကြိုးတွေနဲ့ပါ တစ်လမ်းကို ပိတ်ချလိုက်ပြီ။ တစ်လမ်းပဲ မောင်းခိုင်းပြီး ကားတိုင်းကို စစ်နေတယ်။ မသင်္ကာရင်ဖုန်းတွေပါ ယူစစ်နေတာ တွေ့ခဲ့ရတယ်" ဟု ၎င်းက ပြောသည်။
မနော်ဟရီလမ်း၊ ၅၅လမ်း၊ ၅၉လမ်း၊ ၅၆လမ်း၊ ၅၇လမ်း၊ ၁၁၈လမ်း၊ ၆၂လမ်း ၁၁၃လမ်း၊ စတဲ့လမ်းနေရာတွေမှာ သွားလာမှုပိတ်ထားသလို စစ်ဆေးတာတွေပြုလုပ်နေတာဖြစ်ပါတယ်။