နိုင်ငံတကာ
Wagnerရဲ့ အကြီးအကဲဖြစ်သူ ယီဗ်ဂျီနီ ပရစ်ဂေါ့ဇင်ဟာ ပူတင်ကို လက်နက်ကိုင်ပြီး တိုက်ရိုက် စိန်ခေါ်လိုက်တာ ဖြစ်သလို ပူတင်ကလည်း ပြေငြိမ်းမှုရဖို့ အလျှော့ပေး လိုက်လျောခဲ့ရတယ်လို့ ဘလင်ကန်က ဆိုပါတယ်။
Hi, what are you looking for?
Wagnerရဲ့ အကြီးအကဲဖြစ်သူ ယီဗ်ဂျီနီ ပရစ်ဂေါ့ဇင်ဟာ ပူတင်ကို လက်နက်ကိုင်ပြီး တိုက်ရိုက် စိန်ခေါ်လိုက်တာ ဖြစ်သလို ပူတင်ကလည်း ပြေငြိမ်းမှုရဖို့ အလျှော့ပေး လိုက်လျောခဲ့ရတယ်လို့ ဘလင်ကန်က ဆိုပါတယ်။
Wagnerတွေကို အသက် ၆၂ နှစ် ရှိပြီဖြစ်တဲ့ ယီဗ်ဂျီနီ ပရစ်ဂေါ့ဇင်က ဦးဆောင်ပါတယ်။ တစ်ချိန်ကတော့ သူဟာ ပူတင်ရဲ့ အနီးကပ် မဟာမိတ်ပါ။ အခုတော့ ပူတင်ကိုယ်တိုင်က ပရစ်ဂေါ့ဇင်ကို သူပုန်ခေါင်းဆောင်လို့ ပြင်းပြင်းထန်ထန် စွပ်စွဲ ရှုတ်ချနေပြီ ဖြစ်ပါတယ်။
ရုရှား စစ်ဦးစီးတွေကို ဖြုတ်ချမယ်လို့ ကြုံးဝါးပြီး Wagner ကြေးစားတပ်ဖွဲ့က မြို့တော် မော်စကိုဆီ ဦးတည် ချီတက်ဖို့ ကြိုးစားလာတဲ့နောက် ပူတင်ဟာ လုံခြုံရေးအရ ကရင်မလင် နန်းတော်ကို စွန့်ခွာသွားပြီဆိုတဲ့ ထင်ကြေးသတင်းတွေ စတင် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။