ဗီဒီယို
အမေရိကန်က အဲဒီ မိုးပျံပူဖောင်းဟာ တရုတ်ရဲ့ ထောက်လှမ်းရေး ကိရိယာ တစ်ခုလို့ စွပ်စွဲထားပြီး ပင်လယ်ထဲ ပျက်ကျသွားတဲ့ အစိတ်အပိုင်းတွေကို လိုက်လံ ရှာဖွေ ဆယ်ယူခဲ့သလို စွပ်စွဲချက် မှန်ကန်ကြောင်း အတည်ပြုနိုင်ဖို့ ကြိုးစားနေပါတယ်။
Hi, what are you looking for?
အမေရိကန်က အဲဒီ မိုးပျံပူဖောင်းဟာ တရုတ်ရဲ့ ထောက်လှမ်းရေး ကိရိယာ တစ်ခုလို့ စွပ်စွဲထားပြီး ပင်လယ်ထဲ ပျက်ကျသွားတဲ့ အစိတ်အပိုင်းတွေကို လိုက်လံ ရှာဖွေ ဆယ်ယူခဲ့သလို စွပ်စွဲချက် မှန်ကန်ကြောင်း အတည်ပြုနိုင်ဖို့ ကြိုးစားနေပါတယ်။
ဒီအတောအတွင်း အမေရိကန်ဟာ အတ္တလန္တိတ် သမုဒ္ဒရာထဲကနေ တရုတ် မိုးပျံပူဖောင်းရဲ့ အာရုံခံ အီလက်ထရောနစ် ကိရိယာတွေကို ဆယ်ယူ ရရှိထားပြီး သူလျှိုလုပ်ငန်းအတွက် အသုံးပြုတာ ဟုတ်မဟုတ် စုံစမ်းစစ်ဆေးမှုတွေ စတင် လုပ်ဆောင်တော့မယ်လို့လည်း ကြေညာထားပါတယ်။
အမေရိကန်ရဲ့ ပင်တဂွန် စစ်ဌာနချုပ်က လက်တင် အမေရိက ဒေသမှာ ပျံဝဲနေတဲ့ နောက်ထပ် တရုတ် မိုးပျံပူဖောင်း တစ်လုံးရဲ့ လားရာကိုလည်း စောင့်ကြည့်နေတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ ဘယ်နေရာမှာ၊ ဘယ်နိုင်ငံမှာ ရှိနေတာလဲ ဆိုတာကိုတော့ တိတိကျကျ မထုတ်ပြန်ပါဘူး။