News
"ကျွန်မတို့ကဖမ်းသွားကတည်းကသိတယ်။ အခုလို လုပ်မယ်လို့ တွေးမထားမိဘူး။ အခုတော့ မီးရှို့သတ်သွားတာ အတည်ပြုလို့ရပြီ။ အလောင်းတွေ ရွာကို ပြန်သယ်ခဲ့ပြီ"ဟု ဒေသခံတစ်ဦးကလည်းပြောသည်။ အဆိုပါဖြစ်ရပ်ကြောင့် ဒေသခံများ မယုံနိုင်ဘဲ အံသြထိတ်လန့်တုန့်လှုပ် နေကြကြောင်းလည်းဒေသခံအချို့ကပြောသည်။