သတင်း ယာယီအပစ်ရပ်မည်ဟုကြေညာထားသော စစ်ကောင်စီတပ်က သံဖြူဇရပ်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်၍ ပြည်သူ ၂ဦးဒဏ်ရာရ အာဏာသိမ်းစစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်မှ ပြည်သူ ၂ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တစ်ဦး စိုးရိမ်ရကြောင်း မွန်တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းထားသည့် ရာမညစစ်ကြောင်းက ယနေ့ (ဧပြီ ၆ရက်) ထုတ်ပြန်သည်။ ludunwayooဧပြီ 7, 2025