News
ပြီးခဲ့တဲ့ မေ ၃ ရက် ညနေပိုင်းက စစ်ကောင်စီတပ်မ(၄၄) လက်အောက်ခံ ခလရ(၄၀၃) တပ်ဖွဲ့ဟာ ဘီးလင်းမြို့နယ် ဘီးလင်း-ဖာပွန်ကားလမ်းမပေါ်မှာရှိတဲ့ မဲပလီစခန်းကနေ နတ်ကြီးစခန်းဘက်ကို စစ်ကြောင်းထိုးလာပြီး အစူးချောင်းကျေးရွာအရောက်မှာ ဒေသခံရွာသူရွာသားတွေကို စုဝေးခေါ်ယူခဲ့တာပါ။