သတင်း
မြို့နယ် ပအဖ၏ ယခုနှစ် ဇန်နဝါရီလက ပြုလုပ်ခဲ့သည့်မြို့နယ်စုံညီအစည်းဝေးဆုံးဖြတ်ချက်အရသားရဲတိရိစ္ဆာန် (၈) မျိုးအား ပစ်ခတ်ဖမ်းဆီးခြင်းမပြုရန် ဆုံးဖြတ်ခဲ့သည်ဟုသိရသည်။
Hi, what are you looking for?
မြို့နယ် ပအဖ၏ ယခုနှစ် ဇန်နဝါရီလက ပြုလုပ်ခဲ့သည့်မြို့နယ်စုံညီအစည်းဝေးဆုံးဖြတ်ချက်အရသားရဲတိရိစ္ဆာန် (၈) မျိုးအား ပစ်ခတ်ဖမ်းဆီးခြင်းမပြုရန် ဆုံးဖြတ်ခဲ့သည်ဟုသိရသည်။
ယာဥ်မောင်းအား တစ်ညတာ ထိန်းသိမ်းခဲ့ပြီး အငှားယာဥ်မောင်းလုပ်ကိုင်ခြင်းမှအပ ပြစ်မှုတစ်စုံတစ်ရာ မတွေ့ရှိသောကြောင့် KNDF၏ မူဝါဒနှင့်အညီ ခံဝန်ကတိဖြင့် ယနေ့တွင် ပြန်လွှတ်ပေးခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။
သတင်းပေးတိုင်ကြားမှုအရ စစ်ဆေးဖမ်းဆီးမှုပြုလုပ်စဉ် တရားမဝင်ခိုးထုတ်လာကြသော သစ်တန်ချိန် (၃)တန် ဝန်းကျင်နှင့်အတူ Chain Saw (၆) လက်နှင့် လက်လုပ်လေသေနတ် နှစ်လက်တို့ကို ဖမ်းဆီးနိုင်ခဲ့သည်။
သစ်ဝါးများခိုးထုတ်နေသည့် လုပုဂ္ဂိုလ်နှင့်အဖွဲ့အစည်းများသည် ဖေဖော်ဝါရီ ၂၇(ယနေ့)မှ မတ်လ ၆ရက်အတွင်း လုပ်ငန်းသုံးပစ္စည်းများ ယာဥ်များ၊လူများအားလုံး အပြီးပြောင်းရွှေ့ရမည်ဖြစ်ပြီး လိုက်နာခြင်းမရှိပါက နိုင်ငံ့ဘဏ္ဍာအဖြစ်သိမ်းဆည်းသွားဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ဆားလင်းကြီးမြို့နယ်နှင့် နယ်မြေခြင်းထိဆက်နေသည့် ယင်းမာပင်မြိူ့နယ်တွင်လည်း သစ်ခိုးကားများအား ပြည်သူ့ကာကွယ်ရေးအဖွဲ့များက သတိပေးခြင်း၊ ခိုးယူလာသည့် သစ်များအားသိမ်းဆည်းခြင်းများပြုလုပ်လျက်ရှိသည်။
မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းအတွင်း တရားမဝင်သစ်များ ခုတ်ယူသယ်ဆောင်မှုကို ပြည်သူ့ကာကွယ်ရေးတပ် PDF များက မကြာခဏ ဖမ်းမိမှုများရှိနေသည်။