သတင်း
ယခုလက်ရှိ အောက်တိုဘာလအတွင်း ဝက်လက် အရှေ့ခြမ်း၌ စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်များ တိုက်ပွဲ ၁၀ကြိမ်ထက်မနည်း ဖြစ်ပွါးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မှ ခေါင်းဆောင်တစ်ဦးက ပြောသည်။
Hi, what are you looking for?
ယခုလက်ရှိ အောက်တိုဘာလအတွင်း ဝက်လက် အရှေ့ခြမ်း၌ စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်များ တိုက်ပွဲ ၁၀ကြိမ်ထက်မနည်း ဖြစ်ပွါးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မှ ခေါင်းဆောင်တစ်ဦးက ပြောသည်။
ယမန်နေ့ (အောက်တိုဘာလ ၂၂ ရက်) နံနက်ပိုင်းက စစ်ကောင်စီတပ်သည် ဝက်လက်မြို့နယ်၊ ဟန်လင်းပျူမြို့ဟောင်းကို လက်နက်ကြီးများဖြင့် တရစပ်ပစ်ခတ်ကာ စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ကြောင်း ဒေသခံများက ပြောသည်။
ဝက်လက်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်အား ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ဝက်လက်နယ်အရှေ့ပိုင်း၊ အနောက်ပိုင်း နှစ်ပိုင်းခွဲကာ ခုခံတိုက်ခိုက်နေကြသည်။