နိုင်ငံတကာ
ဝယ်လက်ဒ် အင်တာနေရှင်နယ် ဟိုတယ်နားမှာ ဟွန်ဆန်ကို ဖိနပ်နဲ့ ပေါက်ခဲ့တဲ့ အုခ်တော့ချ်က ဒီလို လုပ်လိုက်ရလို့ အရမ်း စိတ်ကျေနပ်သွားကြောင်း၊ ဒါမျိုး လုပ်ချင်နေတာ အရမ်းကြာခဲ့ပြီ ဖြစ်ကြောင်း RFA သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
Hi, what are you looking for?
ဝယ်လက်ဒ် အင်တာနေရှင်နယ် ဟိုတယ်နားမှာ ဟွန်ဆန်ကို ဖိနပ်နဲ့ ပေါက်ခဲ့တဲ့ အုခ်တော့ချ်က ဒီလို လုပ်လိုက်ရလို့ အရမ်း စိတ်ကျေနပ်သွားကြောင်း၊ ဒါမျိုး လုပ်ချင်နေတာ အရမ်းကြာခဲ့ပြီ ဖြစ်ကြောင်း RFA သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
မေလကုန်ပိုင်း အာဆီယံအထူးကိုယ်အထူးကိုယ်စားလှယ်ရဲ့ ဒုတိယအကြိမ်မြောက်ခရီးစဉ်လာရောက်နိုင်ရေးစီစဉ်ဖို့ ၊ ခရီးစဉ်အတွင်းမှာ သမ္မတ ဦးဝင်းမြင့် ၊ဒေါ်အောင်ဆန်းစုကြည်တို့နဲ့တွေ့ဆုံခွင့်ပေးဖို့ ဟွန်ဆန်က စစ်ခေါင်းဆောင်ကို ဆွေးနွေးပါတယ်။
အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအဆင့်အစည်းအဝေးကို ဖေဖော်ဝါရီလ ၁၆ ရက်နဲ့ ၁၇ ရက်တွေမှာ ဖနွမ်းပင်မှာကျင်းပမှာဖြစ်ပါတယ်။
အာဏာလုစစ်ခေါင်းဆောင်ကို ဟွန်ဆန်ဟာ ဒီနေ့မှာ အွန်လိုင်းကနေ တွေ့ဆုံကာ မြန်မာ့အရေးဖြေရှင်းဖို့ သဘောတူညီချက်ထားတဲ့ ဘုံသဘောတူညီချက်တွေကို အကောင်အထည်ဖော်ဖို့ တိုက်တွန်းလိုက်တာပါ။
အာဆီယံအစည်းအဝေးကို စစ်ကောင်စီကိုဖိတ်တဲ့အတွက် သဘောထားတင်းမာနေတဲ့ မလေးရှားဝန်ကြီးချုပ် နဲ့ အွန်လိုင်းကနေ တွေ့ဆုံဆွေးနွေးမှုမှာ ဟွန်ဆန်က သူဖိတ်ကြားတဲ့အခြေအနေကို ရှင်းပြခဲ့တာဖြစ်ပါတယ်။
ဝန်ကြီးချုပ်ဟွန်ဆန်ဟာ ပြီးခဲ့တဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်းမှာ ကမ္ဘောဒီးယားနိုင်ငံရဲ့ အမျိုးသား ရင်ကြားစေ့ရေး ၊ ငြိမ်းချမ်းရေး ၊ တည်ငြိမ်ရေး ၊ ဖွံ့ဖြိုးရေးအတွေ့အကြုံတွေကိုမျှဝေခဲ့တယ်လို့ ကမ္ဘောဒီယား နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုထားပါတယ်။
ဟွန်ဆန်ဟာ အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူပြီးနောက် မှာပဲ အဖွဲ့ဝင် နိုင်ငံတွေနဲ့ ဆွေးနွေးတာမျိုး မလုပ်ဘဲ နေပြည်တော်ကိုသွားပြီး ပစ်ပယ်ခံထားရတဲ့ စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့ပါတယ်။
ဟွန်ဆန် ကိုယ်တိုင်က ကမ္ဘောဒီးယားမှာ အာဏာရှင် တစ်ဦးလို ကြီးစိုး အုပ်ချုပ်နေပြီး သူ့ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ အတိုက်အခံတွေအပေါ် ရက်ရက်စက်စက် ဖြိုခွင်းမှုတွေကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားသူ တစ်ဦး ဖြစ်ပါတယ်။
ဟွန်ဆန်ဟာ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူပြီး နောက် ကမ္ဘောဒီးယားနိုင်ငံ ရဲ့ အပန်းဖြေမြို့ ဆီယမ်ရိမှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို ဇန်နဝါရီလ ၁၈ ရက်နဲ့ ၁၉ ရက်မှာကျင်းပဖို့ စီစဉ်ထားတာပါ။
တရုတ်နိုင်ငံအနေနဲ့ မြန်မာ့အရေးကို အာဆီယံနည်းလမ်းအတိုင်း ကိုင်တွယ်ဖြေရှင်းတာနဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို အောင်အောင်မြင်မြင် အကောင်အထည်ဖော်နိုင်ဖို့ကြိုးပမ်းတာကို ထောက်ခံတယ်လို့ ဆိုပါတယ်။