

ဆောင်းပါး
စစ်တပ်အာဏာသိမ်း ၄ နှစ်ပြည့်ဆောင်းပါး ကဖေး/People’s Spring မြန်မာနိုင်ငံမှာ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသူ သုံး သန်းကျော်ရှိနေပြီး အကူအညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာရုံး (UNOCHA)ရဲ့ နောက်ဆုံးထုတ်ထားတဲ့အစီရင်ခံစာမှာဖော်ပြထားပါတယ်။ အဲဒီ သုံးသန်းကျော်မှာ ကလေးနှစ်ဦးမိခင်မဇင်မာတစ်ယောက်ပါဝင်ပါတယ်။ မဇင်မာက အညာသူစစ်စစ်ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်း ပုလဲမြို့နယ်ထဲက ရွာတစ်ရွာမှာနေထိုင်ပါတယ်။ စစ်တပ်ကနိုင်ငံတော်အာဏာသိမ်းယူပြီးတဲ့နောက်မှ ဖြစ်ပေါ်လာတဲ့လူထုတော်လှန်ရေးနဲ့ပတ်သက်လို့...