News
အကြမ်းဖက်စစ်ကောင်စီက မည်သို့သော စီရင်ချက်ချစေကာမူ ခံယူချက်၊ ယုံကြည်ချက် ယိမ်းယိုင်မည်မဟုတ်ကြောင်း ထောင်ဒဏ် ၂ နှစ်ချမှတ်ခံရသူ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်ဦးမြအေးက သတင်းစကားပါးသည်။
Hi, what are you looking for?
အကြမ်းဖက်စစ်ကောင်စီက မည်သို့သော စီရင်ချက်ချစေကာမူ ခံယူချက်၊ ယုံကြည်ချက် ယိမ်းယိုင်မည်မဟုတ်ကြောင်း ထောင်ဒဏ် ၂ နှစ်ချမှတ်ခံရသူ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်ဦးမြအေးက သတင်းစကားပါးသည်။
ဒီလို ထောင်ဒဏ်ချခံရတဲ့နေ့ဟာ ဦးမြအေးရဲ့ ၅၆ နှစ်မြောက်မွေးနေ့ဖြစ်သလို မတရားဖမ်းဆီးချုပ်နှောင်ထားတာ ၁ နှစ်နဲ့ ၁၀ ရက်ကြာတဲ့ နေ့လည်းဖြစ်တယ်လို့ ဦးမြအေး ရဲ့သမီးကြီး မဝေနှင်းပွင့်သုန်က လူမှုကွန်ရက်ကနေ အသိပေးထားပါတယ်။
တရားရုံးမှာလျှောက်လဲချက်ပေးဖို့ ထွက်လာတဲ့ ဦးမြအေးဟာ အဖြူရောင် လည်ကတုံးလက်ရှည်အင်္ကျီကို ဝတ်ဆင်ထားပြီး ကျန်းမာရေးကောင်းမွန်ပုံရတယ်လို့ တွေ့မြင်လိုက်ရသူတစ်ဦးက လူထုနွေဦးသတင်းဌာနကို ပြောပြပါတယ်။