စစ်​ကောင်စီအတွက် ကျည်ဆံဖိုး ​ငွေစီး​ကြောင်းတစ်ခု

အာဏာသိမ်းစစ်​ကောင်စီလက်​အောက်မှ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးက တစ်ဧကလုပ်ကွက်တစ်ခုလျှင် တစ်လကျပ် ၅ သိန်းပေးရရှိ၍ လုပ်ကွက်ပေါင်း ၁၀၀​ကျော်ရှိသည့်ဗန်း​မောက်တွင် တစ်လလျှင် အနည်းဆုံး ကျပ်သိန်း ၅၀၀ ကျော်ရရှိနေသည်။ ထိုပမာဏသည် လုပ်ကွက်တစ်ခုအတွက် တရားဝင်ပေးရသည့် ပမာဏဖြစ်ပြီး စက်ယန္တယားကြေးနှင့် အခြား​ခေါင်းစဥ်ဖြင့် အခွန်ကောက်ခံမူများလည်းရှိ​သေးသည်။