Connect with us

Hi, what are you looking for?

သတင်း

ဖက်ဒရယ်ဦးဆောင်ကောင်စီနဲ့ စစ်ကိုင်း၊ မကွေး၊ မန္တလေး လွှတ်တော်တာဝန်ရှိသူတွေ ထပ်မံတွေ့ဆုံ

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ မကွေးဖက်ဒရယ်ယူနစ်၊ မန္တလေးဒေသတို့မှ အစိုးရ၊ လွှတ်တော် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEFက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

(ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) ကိုယ်စားလှယ်အဖွဲ့ ကနေဒါနိုင်ငံ ဗန်ကူးဗားမြို့မှာ ၂၀၂၆ ဇွန်လ ၈ရက်က လူထုတွေ့ဆုံပွဲ ပြုလုပ်နေစဉ်။ဓာတ်ပုံ - SCEF)

ဇူလိုင် ၂၅၊ ၂၀၂၆။ထားမြတ်/People’s Spring

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ မကွေးဖက်ဒရယ်ယူနစ်၊ မန္တလေးဒေသတို့မှ အစိုးရ၊ လွှတ်တော် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEFက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့လပိုင်းကလည်း SCEFနဲ့ စစ်ကိုင်း၊ မကွေး၊ မန္တလေး ဒေသ လွှတ်တော်၊ အစိုးရ တာဝန်ရှိသူတွေ တွေ့ဆုံခဲ့ရာ အခု ဇွန်လ ၁၇ရက်မှာ ထပ်မံ တွေ့ဆုံခဲ့တာပါ။

ဆွေးနွေးမှု အသေးစိတ် အခြေအနေတွေ ဖော်ပြမထားပေမဲ့ လက်ရှိ နိုင်ငံရေးအခင်းအကျင်းနဲ့ ရှေ့နိုင်ငံရေး အစီအစဉ်တွေ ညှိနှိုင်းတိုင်ပင်ခဲ့ကြောင်း အသိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

အစည်းအဝေးမှာ ဖက်ဒရယ်ဦးဆောင်ကောင်စီရဲ့ အလှည့်ကျ သဘာပတိ ခူဦးရယ်၊ SCEF မဟာဗျူဟာနဲ့ မူဝါဒရေးရာ ဦးဆောင်အဖွဲ့ဝင် အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း တို့ အပါအဝင် သက်ဆိုင်ရာ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပါတယ်။

SCEF က အမျိုးသားညီညွတ်ရေးအစိုး၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ ကချင် KIO၊ ကရင် KNU၊ ကရင်နီ KNPPနဲ့ ချင်း CNFစတဲ့ တော်လှန်ရေးအဖွဲ့တွေနဲ့ အခုနှစ်မတ်လမှာ စတင်စုဖွဲ့ခဲ့တာဖြစ်ပါတယ်။

SCEF ကို ပြည်နယ်၊ ဖက်ဒရယ်ယူနစ်၊ ERO ကိုယ်စားပြုမဏ္ဍိုင်၊ ပြည်သူ့ကိုယ်စားပြုမဏ္ဍိုင်နဲ့ အမျိုးသားကိုယ်စားပြု မဏ္ဍိုင် စတဲ့ မဏ္ဍိုင်သုံးရပ်နဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး စစ်ကိုင်း၊ မကွေးနဲ့ မန္တလေးဒေသ ဖက်ဒရယ်ယူနစ်တွေ SCEFအဖွဲ့ဝင်အဖြစ် ပါဝင်ရေး ဆွေးနွေးမှုတွေ ပြုလုပ်ထားပါတယ်။

SCEF အနေနဲ့ စစ်အာဏာသိမ်းမှု ဖယ်ရှားပြီး စစ်တပ်နိုင်ငံရေးမှာ ပါဝင်တာ အပြီးတိုင်အဆုံးသတ်ဖို့၊ လက်နက်ကိုင်တပ်အားလုံး ဒီမိုကရေစီနည်းကျ ရွေးကောက်ထားတဲ့ အရပ်သားအစိုးရစီမံအုပ်ချုပ်မှုအောက်မှာအပြည့်အ၀ ထားရှိဖို့၊ ၂၀၀၈ ဖွဲ့စည်းပုံ အပြီးတိုင်ဖျက်သိမ်းဖို့နဲ့ အသက်သွင်းဖို့ ကြိုးပမ်းတာ တိုက်ဖျက်ဖို့၊ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ရေးဖို့၊ အဲဒီ ဖွဲ့စည်းပုံအသစ်နဲ့အညီ ပြည်ထောင်စုတည်ဆောက်ဖို့ မတရားကျူးလွန်ခံရသူများအတွက် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု ရရှိရေး လုပ်ငန်းစဉ်ဖော်ဆောင်ဖို့ စတာတွေကို နိုင်ငံရေးဦးတည်ချက်အဖြစ် ခိုင်မာစွာချမှတ်ထားတယ်လို့ အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။

သတင်း

စစ်ကိုင်းတိုင်းအတွင်း ရေဘေးသင့်ပြည်သူတွေဆီ ဥရောပသမဂ္ဂ (EU)ရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့ငွေတွေကို ပေးပို့ရာမှာ အာဏာသိမ်းစစ်အုပ်စုကတဆင့် မပေးပို့ဘဲ သက်ဆိုင်ရာ ပြည်သူ့အစိုးရနဲ့ ဒေသခံအရပ်ဘက်အဖွဲ့အစည်းတွေ ပူးပေါင်းကာ နယ်စပ်အခြေပြုလမ်းကြောင်းတွေကနေတဆင့် ပေးပို့ဖို့ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက တောင်းဆိုလိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ရေဘေးသင့်ပြည်သူတွေကို မြို့နယ်ပကဖနဲ့ သပိတ်အင်အားစုဝင်ရဲဘော်တွေက စားနပ်ရိက္ခာလှူဒါန်းတာ​တွေ သြဂုတ် ၂၃ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းက ရေဘေးသင့်ကျေးရွာတွေမှာ ပျက်စီးသွားတဲ့လမ်းတံတားတွေကို ပြန်ပြင်ဖို့ ကုန်ကျစရိတ်မတက်နိုင်တော့လို့ ဒေသခံတွေ သွားလာရေးအခက်အခဲတွေ့နေပါတယ်။