Connect with us

Hi, what are you looking for?

ဘာသာပြန်ဆောင်းပါး

“ယူကရိန်းစစ်ပွဲ အခြေအနေ — ရုရှားက စစ်ပွဲကို ဆန့်ကျင်မဲပေးခွင့်ကို ပိတ်ပင်”

ယာဘလိုကာ (Yabloko) ပါတီဟာ ရုရှားမှာ ကျန်ရှိနေတဲ့ အဓိက စစ်ဆန့်ကျင်ရေးပါတီဖြစ်ပေမယ့်စက်တင်ဘာရွေးကောက်ပွဲမှာဝင်ပြိုင်ခွင့်ပိတ်ပင်ခံလိုက်ရပါတယ်။ ဒါကြောင့်ရုရှားမှာ စစ်ဆန့်ကျင်ရေးနိုင်ငံရေး ပိုကျဉ်းလာပါတယ်။

နောင်နောင် – ရေးသားသည်။

ယာဘလိုကာ (Yabloko) ပါတီဟာ ရုရှားမှာ ကျန်ရှိနေတဲ့ အဓိက စစ်ဆန့်ကျင်ရေးပါတီဖြစ်ပေမယ့်စက်တင်ဘာရွေးကောက်ပွဲမှာဝင်ပြိုင်ခွင့်ပိတ်ပင်ခံလိုက်ရပါတယ်။ ဒါကြောင့်ရုရှားမှာ စစ်ဆန့်ကျင်ရေးနိုင်ငံရေး ပိုကျဉ်းလာပါတယ်။

ရုရှားမဲဆန္ဒရှင်တွေအတွက် စစ်ပွဲကို ဆန့်ကျင်တဲ့ နိုင်ငံရေးရွေးချယ်စရာ ပိုမိုနည်းပါးသွားပါတယ်။ယာဘလိုကာအဖွဲ့ဝင်တွေထဲက အများအပြားလည်း စစ်ဆန့်ကျင်မှုကြောင့် တရားစွဲဆို၊ ထောင်ချခံနေရပါတယ်။

ရုရှားကစစ်ရေးစွမ်းရည်ကိုလည်း ဆက်လက်မြှင့်တင်နေပြီး ဇာကွန် (Zircon၊) အိုနစ်စ် (Oniks) နဲ့ အစ်စကန်ဒါ-အမ် (Iskander-M) လို ဒုံးကျည်တွေကို အမြန်နှုန်းမြှင့် ထုတ်လုပ်နေပါတယ်။၂၀၂၆ ခုနှစ်ရဲ့ ဇာကွန် နဲ့ အိုနစ်စ် ထုတ်လုပ်ရေးရည်မှန်းချက်ကို ပထမ ၇ လအတွင်းမှာပဲ ပြည့်မီပြီးသား ဖြစ်တယ်။

Public Service Announcement

Public Service Announcement

သတ်မှတ်ထားတဲ့တစ်နှစ်တာထုတ်လုပ်ရေးပမာဏထက်တောင်ပိုမိုထုတ်လုပ်နိုင်နေတယ် လို့ယူကရိန်းထောက်လှမ်းရေးကဆိုပါတယ်။ ယူကရိန်းရဲ့ဒရုန်းနဲ့ ပဲ့ထိန်းဒုံးကျည် (ballistic missile) ထုတ်လုပ်ရေးစက်ရုံတွေကရုရှားရဲ့ အဓိကပစ်မှတ်တွေ ဖြစ်လာပါတယ်။

“ရုရှားစတားလင့် (Starlink)လို့ တင်စားခေါ်နိုင်တဲ့ ရတ်စ်ဗျတ်(Rassvet)ကိုလည်း အရှိန်မြှင့်တည်ဆောက်နေပါတယ်။ရုရှားက စတားလင့် ကို အစားထိုးနိုင်မယ့် ရတ်စ်ဗျက် ဂြိုဟ်တုကွန်ရက်တည်ဆောက်နေပြီးလက်ရှိ ဂြိုဟ်တု ၁၆ လုံးလွှတ်တင်ထားပြီးပါပြီ။အပြည့်အဝတည်ဆောက်ပြီးရင်စစ်မြေပြင်ဆက်သွယ်ရေးနဲ့ ဒရုန်းစစ်ဆင်ရေးမှာရုရှားအတွက် အားသာချက်ဖြစ်လာနိုင်တာကြောင့် ယူကရိန်းက စိုးရိမ်နေပါတယ်။

ယူကရိန်းကလည်း ရုရှားအတွင်းပိုင်းအထိဒရုန်းတိုက်ခိုက်မှုတွေတိုးလာပါတယ်။ယူကရိန်းဒရုန်းတွေဟာ နယ်စပ်ကနေ ကီလိုမီတာ ၁,၂၀၀ခန့်ဝေးတဲ့နစ်ရှ်နီကမ်စ် (Nizhnekamsk) မြိုက တာနီကို (Taneco) ရေနံချက်စက်ရုံကို တိုက်ခိုက်ခဲ့ပါတယ်။ စက်ရုံမှာ မီးလောင်ခဲ့ပြီး ရုရှားဘက်က လူ ၁၃ ဦး သေဆုံး ခဲ့တယ်လို့ ဆိုပါတယ်။ဒီလိုတိုက်ခိုက်မှုတွေဟာရုရှားရဲ့စစ်ရေးနဲ့လောင်စာထုတ်လုပ်နိုင်စွမ်းကို ထိခိုက်စေဖို့ ရည်ရွယ်တာပါ။

ယူကရိန်းမြို့တွေကိုရုရှားကလည်းဆက်တိုက်တိုက်ခိုက်နေပါတယ်။ ဇာပိုရစ်ရှ်ရှား (Zaporizhzhia) မှာ ရုရှားရဲ့ ဒုံးကျည်နဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၅ ဦး သေဆုံး၊ ၂၀ ခန့် ဒဏ်ရာရ ခဲ့ပါတယ်။ မြို့တော် ကိယက်ဗ် (Kyiv) မှာလည်း ဒုံးကျည်တိုက်ခိုက်မှုကြောင့် ဂိုဒေါင်တွေ မီးလောင်ခဲ့ပါတယ်။ ယူကရိန်း MiG-29တိုက်လေယာဉ်တစ်စင်လည်းတိုက်ခိုက်ရေးတာဝန်အတွင်း ပျက်ကျခဲ့ပေမယ့် လေယာဉ်မှူးက အသက်ရှင်ခဲ့ပါတယ်။

စစ်ပွဲကစစ်မြေပြင်တင်မကဘဲနည်းပညာနဲ့ စီးပွားရေးဘက်ကိုပါရောက်လာတယ်။ ဂြိုဟ်တုဆက်သွယ်ရေး၊ ဒရုန်း၊ ဒုံးကျည်ထုတ်လုပ်မှုနဲ့ စပါးတင်ပို့ရေးလို ကဏ္ဍတွေက စစ်ပွဲရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတွေ ဖြစ်လာနေပါတယ်။

ရုရှားကယူကရိန်းဆိပ်ကမ်းတွေကို တိုက်ခိုက်နေတာကြောင့် ပင်လယ်ရေကြောင်းနဲ့ စပါးတင်ပို့ရတာပိုအန္တရာယ်များလာပါတယ်။ဒါကြောင့် စပါးတင်ပို့ရေးအတွက် ယူကရိန်းက လမ်းကြောင်းပြောင်းဖို့ စဉ်းစားနေပါတယ်။ မော်လ်ဒိုဗာ – ရိုမေးနီးယား ကွန်စတန်ဆာ (Constanța) ဆိပ်ကမ်း ကို ရထားလမ်းနဲ့ ဖြတ်ပြီး စပါးတင်ပို့ဖို့ စဉ်းစားနေပါတယ်။ ဒီလမ်းကြောင်းက အဆင်ပြေ လည်ပတ်နိုင်ရင် ယူကရိန်းရဲ့ တင်ပို့မှု ၁၀ ရာခိုင်နှုန်းခန့် ကို အထောက်အကူပြုနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

အချုပ်အားဖြင့် –
စစ်ပွဲဟာ ရှေ့တန်းစစ်မြေပြင်မှာပဲ မဟုတ်တော့ဘဲ ရုရှားနိုင်ငံအတွင်းပိုင်းအထိ ဒရုန်းတိုက်ခိုက်မှု၊ ဒုံးကျည်ထုတ်လုပ်မှု၊ ဂြိုဟ်တုဆက်သွယ်ရေးနည်းပညာနဲ့ စီးပွားရေး/တင်ပို့ရေးကဏ္ဍတွေအထိကျယ်ပြန့်လာနေပါတယ်။

တစ်ဖက်မှာ ရုရှားက လက်နက်နဲ့ နည်းပညာစွမ်းရည်ကို မြှင့်တင်နေပြီး၊ တစ်ဖက်မှာ ယူကရိန်းက ရုရှားရဲ့ ရေနံစက်ရုံ၊ စစ်ရေးပစ္စည်းသိုလှောင်ရုံနဲ့ အခြေခံအဆောက်အအုံတွေကို တိုက်ခိုက်ပြီး ဖိအားပေးနေတဲ့ အခြေအနေ ဖြစ်ပါတယ်။ ​။

ကိုးကား – The Guardian

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လေကြောင်းကာကွယ်ရေး ဒုံးခွင်းဒုံးတွေ ပြတ်လပ်မှုနဲ့အတူ ယူကရိန်းအတွက် ရက်စက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ ဆောင်းရာသီကို မျှော်လင့်ထားရလိမ့်မယ်လို့ သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ဝန်ခံ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

NATO စစ်မဟာမိတ် အဖွဲ့ရဲ့ သွေးစည်းညီညွတ်မှုကို အကဲစမ်းဖို့ ရုရှားက အကန့်အသတ်နဲ့ ရန်စ တိုက်ခိုက်တာမျိုးတွေ ရှိလာနိုင်ကြောင်း အမေရိကန် ထောက်လှမ်းရေး အစီရင်ခံစာတွေမှာ ဖော်ပြထားပါတယ်။

နိုင်ငံတကာ

ရုရှားဆီက မျိုးဆက်သစ် Su-57E တိုက်လေယာဉ်တွေ ဝယ်ယူဖွယ်ရှိကြောင်း သတင်းတွေကို အိန္ဒိယက ငြင်းပယ်သွားခဲ့ပါတယ်။

ဆောင်းပါး

ယူကရိန်းစစ်ပွဲက ရုရှားအတွက်တော့ ကြီးမားတဲ့ စစ်ရေးအခက်အခဲနဲ့ ကုန်ကျစရိတ်တွေကို ယူဆောင်လာခဲ့ပေမယ့်၊ ဒီစစ်မြေပြင်က တရုတ်အတွက်တော့ မဟာဗျူဟာမြောက် စစ်သင်တန်းကျောင်းကြီးဖြစ်လာပါတယ်။