Connect with us

Hi, what are you looking for?

သတင်း

ကချင်နဲ့စစ်ကိုင်းအစပ်က နန့်စီးအောင်စစ်တပ်ဂိတ်ကိုတော်လှန်ရေးတွေတိုက်ခိုက်

စစ်တပ်​သေဆုံးသူများပြီး ဗိုလ်ကြီးအဆင့်အပါအဝင် စစ်သုံ့ပန်းတွေ ဖမ်းမိ

Screenshot

နိုဝင်ဘာ-၈၊၂၀၂၆။ဇော်ရမ်း/People’s Spring

ကချင်ပြည်နယ်နဲ့စစ်ကိုင်းတိုင်းနယ်စပ်က စစ်တပ်အခိုင်အမာတပ်စွဲထားတဲ့ နန့်စီးအောင်ဂိတ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေ ပိတ်ဆို့တိုက်ခိုက်တာ​ကြောင့် စစ်တပ်မှသေဆုံး ဒဏ်ရာရသူတွေများပြီး ဗိုလ်ကြီးအဆင့်အပါအဝင် စစ်သုံ့ပန်းတွေ ဖမ်းမိထားပါတယ်။

နန့်စီးအောင်ဂိတ်ကို နိုဝင်ဘာလ၇ရက်နေ့က ပိတ်ဆို့တိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။နန့်စီးအောင်ဂိတ်ဟာ ကချင်ပြည်နယ်နဲ့စစ်ကိုင်းတိုင်းရဲ့ အဓိကဝင်ပေါက်ထွက်ပေါက် ဂိတ်နေရာဖြစ်ပါတယ်။

“ဗိုလ်ကြီးနဲ့ ပစ​တွေ(ပြည်သူ့စစ်မှုထမ်းသင်တန်းဆင်းစစ်သားသစ်​တွေ)မိထားတယ်။စစ်ကောင်စီကတော့ ဒီဘက်တကြောလုံးကို ဗုံးကြဲနေတယ်”လို့ နယ်မြေခံစစ် ရေးသတင်းရင်းမြစ်ကပြောပါတယ်။

Public Service Announcement

Public Service Announcement

နန့်စီ​အောင် စစ်တပ်ဂိတ်ကို​တော်လှန်​ရေးတပ်​တွေက စီးနင်းတိုက်ခိုက်ပြီး စစ်သားအ​လောင်း​အများအပြားနဲ့ ဂိတ်ကိုသိမ်းပိုက်ခဲ့တဲ့ ရုပ်သံဖိုင် မှတ်တမ်းကိုလည်းစစ်​ရေးသတင်းအရင်းအမြစ်အချို့က လူမှုကွန်ယက်မှာဖြန့်ချီခဲ့ပါတယ်။

လက်ရှိမှာ မြစ်ကြီးနား- မန္တလေး ဗျူဟာလမ်းနဲ့ ပတ်ဝန်းကျင်မြို့တွေဖြစ်တဲ့ မော်လူး၊ အင်းတော်၊ ထီးချိုင့်၊ကောလင်း၊ ဝန်းသိုမြို့နယ်တွေထဲမှာ တိုက်ပွဲတွေဆက်တိုက်ဖြစ်နေပါတယ်။

မန္တလေး-မြစ်ကြီးနားလမ်းအတိုင်း တက်လာတဲ့ စစ်တပ်ယာဉ်တန်းကို ​တော်လှန်​ရေးတပ်တွေကတိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေတာပါ။ စစ်ကောင်စီက တိုက်ပွဲဖြစ်နေတဲ့မြို့နယ်တွေအပြင်ကျွန်းလှ၊တန့်ဆည်မြို့နယ်တွေကိုလည်းဗုံးကြဲနေပါတယ်။

ဒေသတွင်းရှိ ကသာ – ထီးချိုင့် အမှတ် ( ၃ ) ကားလမ်း၊ ကသာ-မော်လူး ကားလမ်းမှာ စစ်ကောင်စီယာဉ်တန်းကို တိုက်ခိုက်ချေမှုန်းမှာဖြစ်လို့ ခရီးသွားပြည်သူတွေ ဖြတ်သန်းသွားလာခြင်းမပြုကြဖို့ ကသာခရိုင် အမှတ် ( ၁ ) တပ်ရင်းက သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း ယင်းမာပင်နဲ့ ဆားလင်းကြီးမြို့နယ်တွေမှာ ရွာပေါင်းစုံသပိတ်ကော်မတီဝင်တွေက ဒေသခံပြည်သူတွေကို စူပါအယ်လ်နီညိုအန္တရာယ်အတွက် အသိပညာပေးခြင်းနဲ့ သတိပေးစာဖြန့်ဝေခြင်းတွေ နိုဝင်ဘာ ၈ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

မန္တလေး-မုံရွာလမ်းပိုင်းကုန်ကားတွေကို စစ်တပ်က တရားမဝင် ငွေတောင်းခံမှု သိန်းဂဏန်းတွေအထိ တိုးတောင်းလာတာကြောင့် ကုန်ကားသမားတွေ ပိုပြီးအခက်အခဲ တွေ့နေရတယ်လို့ ယာဉ်မောင်းတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်အတွင်း တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက တော်လှန်သီတင်းကျွတ် ဆီမီးသပိတ်လှုပ်ရှားမှုတွေကို အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

ရန်ကုန်နဲ့ စစ်ကိုင်းတိုင်းအတွင်း တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး Free Her ကမ်ပိန်းနဲ့ တော်လှန်သီတင်းကျွတ် ဆီမီးသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (အောက်တိုဘာ ၂၆) ပြုလုပ်ခဲ့ပါတယ်။