Connect with us

Hi, what are you looking for?

ဗီဒီယို

BPLA မှ ၆ ကြိမ်မြောက် တပ်သားသစ်မွေးထုတ်နိုင်ခဲ့

သင်တန်းကာလတလျှောက် အမှတ်ပေးစနစ်များဖြင့် စံပြဆု၊ ဇွဲဆု၊ လက်ဖြောင့်ဆု၊ ကျန်းမာရေးဆု၊ စစ်ရေးပြအကောင်းဆုံးဆုနဲ့ တပ်စုအကောင်းဆုံးဆုတို့အသီးသီးချီးမြှင့်ခဲ့သည်။

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)က အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၆) သင်တန်းဆင်းပွဲအခမ်းအနားကို ဧပြီ ၁၀ ရက်နေ့တွင် အောင်မြင်စွာကျင်းပပြုလုပ်ခဲ့သည်။

BPLA အနေဖြင့် ကရင်ပြည်နယ်အတွင်း အမှတ် ၁၀၇ စစ်ဒေသနှင့် ရှမ်းပြည်မြောက်ပိုင်းတွင်အမှတ် ၂၀၃ စစ်ဒေသဟူ၍ အခြေစိုက်နယ်မြေ နှစ်ပိုင်းရှိသည့်အနက် ယခု အပတ်စဉ် (၆) စစ်သင်တန်းအား ကရင်ပြည်နယ်အတွင်း လေ့ကျင့်သင်တန်းပေးနိုင်ခဲ့ခြင်းဖြစ်သည်။

သင်တန်းကာလအားဖြင့် ၃ လ ဝန်းကျင်ကြာမြင့်ခဲ့သည့် ယခုသင်တန်းမှ တပ်ရင်းတစ်ရင်းစာ တပ်သားသစ်မွေးထုတ်နိုင်ခဲ့သည်။ လုံခြုံရေးအရ တပ်သားသစ်အရေအတွက် အတိအကျကိုမူ ဖော်ပြနိုင်ခြင်းမရှိပေ။

သင်တန်းဆင်းပွဲ၌ BPLA ကွပ်ကဲရေးမှူး မောင်ဆောင်းခမှ အမှာစကားပြောကြားခြင်း၊ ထူးချွန်သင်တန်းသားများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း၊ ကျောင်းသားခေါင်းဆောင်မှ ကျေးဇူးတင်စကားပြောကြားခြင်း၊ အမှတ်တရ ဓာတ်ပုံရိုက်ကူးခြင်းများ လုပ်ဆောင်ခဲ့သည်။

Public Service Announcement

Public Service Announcement

သင်တန်းကာလတလျှောက် အမှတ်ပေးစနစ်များဖြင့် စံပြဆု၊ ဇွဲဆု၊ လက်ဖြောင့်ဆု၊ ကျန်းမာရေးဆု၊ စစ်ရေးပြအကောင်းဆုံးဆုနဲ့ တပ်စုအကောင်းဆုံးဆုတို့အသီးသီးချီးမြှင့်ခဲ့သည်။

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)မှာ လာမည့် ဧပြီလ ၁၇ ရက်နေ့တွင် တပ်တည်ထောင်ခြင်း ၃ နှစ်ပြည့်တော့မည်ဖြစ်ပြီး လက်ရှိအချိန်ထိ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၆) အထိ ပြီးမြောက်ခဲ့ပြီဖြစ်သည်။ BPLA အနေဖြင့် ကရင်ပြည်နယ် ဖာပွန်၊ ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်နှင့် ရှမ်းပြည်မြောက်ပိုင်းဒေသတချို့တွင် မဟာမိတ်တပ်များနှင်းပူးတွဲ၍ စစ်ရေးဖော်ဆောင် တိုက်ပွဲဝင်လျှက်ရှိသည်။

တစ်ဖက်တွင်လည်း မြန်မာနိုင်ငံအနှံ့ တပ်ဖြန့်တိုက်ပွဲဝင်ကာ စစ်အင်အားပြုန်းတီးမှုနှင့်ရင်ဆိုင်နေရသည့် အာဏာသိမ်းစစ်ကောင်စီတပ်မှာ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် စတင်အသက်သွင်းလိုက်သည့် စစ်မှုထမ်းဥပဒေကိုအသုံးချ၍ စုဆောင်းရရှိထားသူများအား ဧပြီလ ၈ ရက်နေ့က စတင်စစ်သင်တန်းပေးနေပြီဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) တည်ထောင်ခြင်းနှစ်ပတ်လည်နေ့သို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ဂုဏ်ပြု သဝဏ်လွှာ ပေးပို့ခဲ့ပြီး BPLAဟာ အားကိုးထိုက်တဲ့ တပ်တော်တခု အဖြစ် ဝင့်ထည်စွာ ရပ်တည်နိုင်ခဲ့ပြီလို့ ဖော်ပြထားပါတယ်။

သတင်း

ပဲခူးတိုင်း၊ပန်းတောင်းမြို့နယ်မှာရှိတဲ့ အမှတ်(၁၆)ကာကွယ်​ရေးပစ္စည်းထုတ်စက်ရုံ(ကပစ-၁၆)အနီးနဲ့ ပန်းတောင်းနယ်မြေစစ်ဆင်ရေးတွေမှာအာရက္ခတပ်တော်(AA)နဲ့အတူပူးပေါင်းတိုက်ခိုက်နေတယ်လို့ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)က သတင်းထုတ်ပြန်ပါတယ်။

မေးမြန်းခန်း

မောင်ဆောင်းခ – အထူးသဖြင့်တော့ ကျနော်တို့က လက်နက်ကိုင်တော်လှန်ရေးကို အစောပိုင်းကတည်းက ရွေးချယ်ခဲ့တာဖြစ်တဲ့အတွက် အဲဒီအပိုင်းကို နည်းနည်းပိုပြီးတော့ ပြောချင်ပါတယ်။ စစ်အနိုင်တိုက်ရေးစဉ်းစားကြပေမယ့်လည်း စစ်တပ်တွေဖြစ်အောင် အစောတလျှင် မတည်ဆောက်နိုင်ခဲ့တာကတော့ အားနည်းချက်လို့ ကျနော်တို့မြင်ပါတယ်။

သတင်း

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)၏ NCO(အကြပ်) အပတ်စဉ် (၂)သင်တန်းကို တော်လှန်ရေးမဟာမိတ်အဖွဲ့များက ရဲဘော်များတက်ရောက်ခဲ့ပြီး အာရက္ခတပ်တော်(AA)မှ သင်တန်းမှူးများက လေ့ကျင့်သင်ကြားပို့ချခဲ့ဟု သင်တန်းတက်ရောက်ခဲ့သည့် အဖွဲ့တခုဖြစ်သော Force For Federal Democracy (FFD) တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

Facebook