Connect with us

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

BPLA မှ ၆ ကြိမ်မြောက် တပ်သားသစ်မွေးထုတ်နိုင်ခဲ့

သင်တန်းကာလတလျှောက် အမှတ်ပေးစနစ်များဖြင့် စံပြဆု၊ ဇွဲဆု၊ လက်ဖြောင့်ဆု၊ ကျန်းမာရေးဆု၊ စစ်ရေးပြအကောင်းဆုံးဆုနဲ့ တပ်စုအကောင်းဆုံးဆုတို့အသီးသီးချီးမြှင့်ခဲ့သည်။

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)က အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၆) သင်တန်းဆင်းပွဲအခမ်းအနားကို ဧပြီ ၁၀ ရက်နေ့တွင် အောင်မြင်စွာကျင်းပပြုလုပ်ခဲ့သည်။

BPLA အနေဖြင့် ကရင်ပြည်နယ်အတွင်း အမှတ် ၁၀၇ စစ်ဒေသနှင့် ရှမ်းပြည်မြောက်ပိုင်းတွင်အမှတ် ၂၀၃ စစ်ဒေသဟူ၍ အခြေစိုက်နယ်မြေ နှစ်ပိုင်းရှိသည့်အနက် ယခု အပတ်စဉ် (၆) စစ်သင်တန်းအား ကရင်ပြည်နယ်အတွင်း လေ့ကျင့်သင်တန်းပေးနိုင်ခဲ့ခြင်းဖြစ်သည်။

သင်တန်းကာလအားဖြင့် ၃ လ ဝန်းကျင်ကြာမြင့်ခဲ့သည့် ယခုသင်တန်းမှ တပ်ရင်းတစ်ရင်းစာ တပ်သားသစ်မွေးထုတ်နိုင်ခဲ့သည်။ လုံခြုံရေးအရ တပ်သားသစ်အရေအတွက် အတိအကျကိုမူ ဖော်ပြနိုင်ခြင်းမရှိပေ။

သင်တန်းဆင်းပွဲ၌ BPLA ကွပ်ကဲရေးမှူး မောင်ဆောင်းခမှ အမှာစကားပြောကြားခြင်း၊ ထူးချွန်သင်တန်းသားများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း၊ ကျောင်းသားခေါင်းဆောင်မှ ကျေးဇူးတင်စကားပြောကြားခြင်း၊ အမှတ်တရ ဓာတ်ပုံရိုက်ကူးခြင်းများ လုပ်ဆောင်ခဲ့သည်။

Public Service Announcement

Public Service Announcement

သင်တန်းကာလတလျှောက် အမှတ်ပေးစနစ်များဖြင့် စံပြဆု၊ ဇွဲဆု၊ လက်ဖြောင့်ဆု၊ ကျန်းမာရေးဆု၊ စစ်ရေးပြအကောင်းဆုံးဆုနဲ့ တပ်စုအကောင်းဆုံးဆုတို့အသီးသီးချီးမြှင့်ခဲ့သည်။

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)မှာ လာမည့် ဧပြီလ ၁၇ ရက်နေ့တွင် တပ်တည်ထောင်ခြင်း ၃ နှစ်ပြည့်တော့မည်ဖြစ်ပြီး လက်ရှိအချိန်ထိ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၆) အထိ ပြီးမြောက်ခဲ့ပြီဖြစ်သည်။ BPLA အနေဖြင့် ကရင်ပြည်နယ် ဖာပွန်၊ ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်နှင့် ရှမ်းပြည်မြောက်ပိုင်းဒေသတချို့တွင် မဟာမိတ်တပ်များနှင်းပူးတွဲ၍ စစ်ရေးဖော်ဆောင် တိုက်ပွဲဝင်လျှက်ရှိသည်။

တစ်ဖက်တွင်လည်း မြန်မာနိုင်ငံအနှံ့ တပ်ဖြန့်တိုက်ပွဲဝင်ကာ စစ်အင်အားပြုန်းတီးမှုနှင့်ရင်ဆိုင်နေရသည့် အာဏာသိမ်းစစ်ကောင်စီတပ်မှာ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် စတင်အသက်သွင်းလိုက်သည့် စစ်မှုထမ်းဥပဒေကိုအသုံးချ၍ စုဆောင်းရရှိထားသူများအား ဧပြီလ ၈ ရက်နေ့က စတင်စစ်သင်တန်းပေးနေပြီဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

BPLA တပ်မှ ထိခိုက်ကျဆုံးမှုအခြေအနေကို အသိပေးရာ တိုက်ပွဲအတွင်း လေးဦး ကျဆုံး၊ ၁၆ ဦး ဒဏ်ရာရ၊ ကျန်းမာ​ရေးကြောင့် သုံး ဦး ကျဆုံးပြီး လေးဦးဖမ်းဆီးခံရသည်ဟု သိရသည်။

သတင်း

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) တည်ထောင်သည်မှာ ၂ နှစ်ပြည့်သွားခဲ့ပြီဖြစ်ကာ ယင်းကာလအတွင်း ၎င်းတို့၏ရဲဘော် စုစုပေါင်း၇ ဦး ကျဆုံးခဲ့ရပြီးဖြစ်သည်။

သတင်း

ယနေ့(ဧပြီ ၁၇ ရက်)ကျရောက်သော ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) တပ်တည်ထောင်ခြင်း(၂)နှစ်ပြည့်အခမ်းအနားကို အမှတ်(၁၀၇)စစ်ဒေသနှင့် နိုင်ငံရေးမှူးရုံးတို့၌ ကျင်းပပြုလုပ်ခဲ့ကြောင်း BPLA က သတင်းထုတ်ပြန်သည်။

သတင်း

ယနေ့ ဧပြီလ(၁၇)ရက်တွင် ကျရောက်သည့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) တပ်တည်ထောင်ခြင်း (၂)နှစ်ပြည့်နေ့ အခမ်းအနားသို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ဒုတိယစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးဘောကျော်ဟဲက သဝဏ်လွှာပေးပို့ခဲ့ပြီး ယင်းသဝဏ်လွှာတွင် အထက်ပါအတိုင်း ပြောကြားခဲ့သည်။