Connect with us

Hi, what are you looking for?

ဗီဒီယို

ကရင်နီပူး​ပေါင်းတပ်က စစ်​တပ်ရဟတ်ယာဥ်ပစ်​သောရုပ်သံကိုထုတ်ပြန်

အဆိုပါ တိုက်လေယာဥ်မှူးဖြစ်သည့် အသက် ၄၃ နှစ်အရွယ် ဗိုလ်မှူးခိုင်သန့်မိုးကို ကရင်နီတပ်ပေါင်းစုက ဖမ်းမိထားပြီး ဥပဒေကြောင်းအရ အရေးယူနေကြောင်း ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC အသိပေးထားသည်။

▪︎ရဟတ်ယာဥ်မှာ ​ဘောလခဲမြို့နယ်အတွင်းပျက်ကျဟု KNPLF ဗျူဟာ (၁)ထုတ်ပြန်

ရဲခေါင်/People’s Spring

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့အခြေစိုက် ခလရ (၁၃၄) နှင့် (၁၃၅)သို့ စစ်ကူအဖြစ်ရောက်လာသော ရဟတ်ယာဉ် အာယ ပစ်ချခဲ့သည့် ရုပ်သံဖိုင်မှတ်တမ်းကို ကရင်နီလူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး KNPLF ဗျူဟာ ၁ က ထုတ်ပြန်သည်။

​မေလ ၆ ရက် နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် ရဟတ်ယာဥ် ကိုကရင်နီတပ်ပေါင်းစုများမှ ပွိုင့် (၈)မောင်းပြန် နှစ်လက်ဖြင့် ပစ်ချခဲ့ရာရဟတ်ယာဉ်သည် ဘော်လခဲမြို့နယ်အတွင်းသို့ ပျက်ကျခဲ့သည်ဟု KNPLF-ကလလတ ကအသိ​ပေးသည်။

“နိမ့်နိမ့်လေးဆင်းလာတဲ့အချိန်ထိ စောင့်ပြီးတော့ ပစ်လိုက်တယ်။စက်လက်ကတော့ တော်တော်လေးကောင်းပါတယ်။နည်းနည်းလေးချို့ယွင်းချက်ရှိတယ်။ဒါပေမယ့်ထိသွားတယ်။ပွိုင့် ၈ ကတော့ ထိသွားတယ်။ပျက်ကျတယ်”ဟု စစ်ကောင်စီရဟတ်ယာဥ်ကို ပစ်ချနိုင်ခဲ့မှုအပေါ် KNPLF တာဝန်ရှိသူက ရှင်းပြသည်။

Public Service Announcement

Public Service Announcement

KNPLF ဗျူဟာ (၁)ကထုတ်ပြန်​သော ၂ မိနစ် ၈ စက္ကန့်ကြာ​သည့် ရုပ်သံမှတ်တမ်းတွင် ရဲ​ဘော်များက ပွိုင့် ၈ ​မောင်းပြန်​သေနတ်များဖြင့် ပစ်ခတ်​နေသည်ကို ​တွေ့ရသည်။သို့​သော်ရုပ်သံမှတ်တမ်းတွင် ပျက်ကျခဲ့သည်ကိုမူမ​တွေ့ရ​သေး​ပေ ။

ဖားဆောင်း PDF တာဝန်ရှိသူက “ရဟတ်ယာဥ်တစ်စီးကျပါတယ်။၂ စီးလာတာတစ်စီးပစ်နိုင်ခဲ့တာပါ။ပျက်ကျတဲ့ရဟတ်ယာဥ်ကို ကျွန်တော်တို့ ကပ်မရအောင် ဂျက်ဖိုက်တာ နှစ်စီးနဲ့ဝန်းရံထားတယ်”ဟု လူထုနွေဦးသို့ပြောသည်။

အဆိုပါရဟတ်ယာဥ်သည် ကရင်နီဒေသ ဖားဆောင်းမြို့တွင် ​နောက်ဆုံးကျန်​နေ​သည့် ခလရ(၁၃၄) နှင့် ခလရ (၁၃၅)သို့ စစ်ကူအဖြစ်လာ​ရောက်ခဲ့ခြင်းဖြစ်​ကြောင်းလည်းသိရသည်။ပွန်ချောင်းအတိုင်း ဖားဆောင်းမြို့သို့လာသည့် ရဟတ်ယာဥ်တစ်စီးကို ရင်နီပြည်လူမျိုး‌ပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ – KNPLF) ဗျူဟာ(၁) ပစ်ချခဲ့ခြင်းဟု People’s Spring၏ သတင်းရင်းမြစ်တစ်ဦးကလည်း ပြောသည်။

“နေရာက ဖားဆောင်းမြို့နယ်ထဲမှာပဲ။ ပွန်ချောင်းက ဘောလခဲကနေ ဆင်းလာပြီးမှ ဖားဆောင်းမဝင်ခင်မှာ ထူးချောင်းနဲ့ သွားဆုံတယ်။ ထူးချောင်းနဲ့ ပွန်ချောင်းနဲ့ ပေါင်းပြီး သံလွင်ထဲ ဝင်တာ အဲဒီထဲမှာ”ဟု ကရင်နီစစ်ရေးသတင်းရင်းမြစ်က​စစ်​​ကောင်စီတပ်ရဟတ်ယာဥ်ပျက်ကျ​သော​နေရာကို ပြောသည်။

အဆိုပါရဟတ်ယာဥ် ၂ စီးမှာ ခလရ ၁၃၄ နှင့် ၁၃၅ သို့လက်နက်ခဲယမ်း နှင့် ရိက္ခာများလာ​ရောက်ပို့​ဆောင်ခြင်းဖြစ်နိုင်​ကြောင်း ကရင်နီစစ်​ရေးသတင်းရင်းမြစ်အချို့က​ပြောသည်။

၂၀၂၄ ​ဖေ​ဖော်ဝါရီလက ဖား​ဆောင်းမြို့သိမ်းတိုက်ပွဲမှာ ခလရ ၁၃၄ ၊၁၃၅ နှစ်ခုကျန်​နေ​သေး၍ ထိုစခန်းနှစ်ခုကို ကရင်နီ​တော်လှန်​ရေးတပ်များက အပြီးသတ်သိမ်းပိုက်နိုင်ရန် မကြာခဏတိုက်ပွဲများဖြစ်ပွား​နေသည်။

စစ်​ကောင်စီရဟတ်ယာဥ်ကို ပစ်ချခဲ့​သော KNPLF ဗျူဟာ ၁ က “တနိုင်ငံလုံးလွတ်မြောက်ရေးအတွက်ကရင်နီဒေသ၏ စစ်ရေးအရှိန်ကိုမြှင့်တင်နိုင်ရန်အတွက် လိုအပ်လျှက်ရှိသော ခဲယမ်းများလည်းကူညီပေးကြပါအုံးလို့ မေတ္တာရပ်ခံအပ်ပါသည်”ဟုလည်း ​မေတ္တာရပ်ခံထားသည်။

၂၀၂၃ ဇွန် ၃၀ရက်ကလည်း စစ်ကောင်စီ၏ K-8W တိုက်လေယာဥ်တစ်စီးကို ပစ်ချခဲ့ပြီး ကရင်နီပြည်နယ် ဘောလခဲမြို့နယ် ရွာသစ်မြို့နယ်ခွဲနှင့် တစ်မိုင်ခွဲခန့်အကွာ သံလွင်မြစ်ကမ်းဘေးတွင် ပျက်ကျခဲ့ကြောင်း ကလလတအဖွဲ့က ထုတ်ပြန်ခဲ့သည်။

အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီ၏ တိုက်လေယာဥ်မှူး ဗိုလ်ကြီး သော်ဇင်နှင့် ဗိုလ်အောင်ကျော်ဖြိုးသေဆုံးခဲ့ကြောင်း ကရင်နီလူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး-KNPLF က အသိ​ပေးခဲ့သည်။

ထို့အပြင် ကရင်နီပြည်နယ်၏ ယမန်နှစ် နိုဝင်ဘာ ၁၁ ရက်က၁၁၁၁ စစ်ဆင်ရေးစတင်ပြီးနောက် သုံးရက်အကြာတွင် စစ်ကောင်စီ၏ တိုက်လေယာဥ်တစ်စီးကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ပစ်ချနိုင်ခဲ့ဖူးသည်။

အဆိုပါ တိုက်လေယာဥ်မှူးဖြစ်သည့် အသက် ၄၃ နှစ်အရွယ် ဗိုလ်မှူးခိုင်သန့်မိုးကို ကရင်နီတပ်ပေါင်းစုက ဖမ်းမိထားပြီး ဥပဒေကြောင်းအရ အရေးယူနေကြောင်း ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC အသိပေးထားသည်။

စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း​တော်လှန်​ရေးတပ်​တွေက ပစ်ချနိုင်ခဲ့တဲ့ စစ်​ကောင်စီ တိုက်​လေယာဥ် ၊ရဟတ်ယာဥ် ၇ စီးရှိပြီဖြစ်သည်။ KIA တစ်ဖွဲ့တည်းက ၃ စီးပစ်ချထားခြင်းဖြစ်သည်။ ယခုရဟတ်ယာဥ် ပျက်ကျပါက ​တော်လှန်​ရေးအဖွဲ့များကပစ်ချမိုင်ခဲ့​သော ၈ စီး​မြောက်​ ဖြစ်မည်ဖြစ်ပြီး ကရင်နီပူး​ပေါင်းတပ်ပစ်ချ​သော ၃ စီး​မြောက်ဖြစ်မည်ဖြစ်သည်။

ရုပ်သံ-KNPLF ဗျူဟာ (၁)

ဆက်စပ်သတင်းများ

သတင်း

ရန်နိုင်မင်းစစ်ဆင်ရေး အဖြစ် ရှမ်းပြည်နယ်တောင်ပိုင်းကနေ ကရင်နီပြည်နယ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ရဲ့ မြေပြင်စစ်ကြောင်းတွေ၊ယာဥ်တန်းတွေ ချေမှုန်း ဖျက်ဆီးခံနေရပြီး မြေပြင်တပ်သားတွေ ထိခိုက်သေဆုံးမှုများနေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းနဲ့ ကရင်နီပြည်နယ်မှ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (မတ်လ ၁၄)မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှား ရဟတ်ယာဉ် တစ်စီးကို ရုရှား လေကြောင်း ကာကွယ်ရေး စနစ်တွေက မှားယွင်းပစ်ချမိပြီး အမှုထမ်းတွေ အားလုံး သေဆုံးသွားကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

သတင်း

ပြည်ထောင်စု အဆင့်နိုင်ငံရေး၊ အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲရေးအတွက် ဖက်ဒရယ်ဦးဆောင်ကောင်စီ-Federal Steering Council (FSC) လမ်းကြောင်းနဲ့ ပူးပေါင်းညှိနှိုင်းဆောင်ရွက်သွားမယ်လို့ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ(KSCC)ရဲ့ ၂၀၂၅ နှစ်ပတ်လည်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။