Connect with us

Hi, what are you looking for?

ရုပ်ရှင်ခံစားမှု

အိုကိုတို့တည်းခိုခန်း

ကောင်မလေးနာမည်က အိုကိုပါ။ အသက်ကတော့ ၁၂ နှစ်ရှိပါပြီ။ တချိန်ကတော့ သူ့မှာဖေဖေနဲ့မေမေ ရှိခဲ့ဖူးပါတယ်။ ဒါပေမဲ့ အိုကိုတို့ ခရီးတစ်ခုကအပြန် ကားမတော်တဆတိုက်ပြီး ဖေဖေကော မေမေ့ကိုပါ အိုကို ဆုံးရှုံးလိုက်ရတယ်။

ဝဇီရာ ရေးသည်

Okko’s Inn ၂၀၁၈

ကောင်မလေးနာမည်က အိုကိုပါ။ အသက်ကတော့ ၁၂ နှစ်ရှိပါပြီ။ တချိန်ကတော့ သူ့မှာဖေဖေနဲ့မေမေ ရှိခဲ့ဖူးပါတယ်။ ဒါပေမဲ့ အိုကိုတို့ ခရီးတစ်ခုကအပြန် ကားမတော်တဆတိုက်ပြီး ဖေဖေကော မေမေ့ကိုပါ အိုကို ဆုံးရှုံးလိုက်ရတယ်။

မိဘမဲ့အိုကိုလေးဟာ စိတ်ဒဏ်ရာတွေ ရခဲ့တယ်။ နောက်တော့ အိုကိုဟာ ကျေးလက်တောရွာမှာ အဘွားဖြစ်သူ ဖွင့်ထားတဲ့ ရိုးရာရေပူစမ်း တည်းခိုခန်းမှာသွားရောက်နေထိုင်ခဲ့ရပါတယ်။

Public Service Announcement

Public Service Announcement

အဘွားရဲ့တည်းခိုခန်းလေးဟာ အင်မတန်သာယာလှပါတယ်။ စိမ်းစိုနေတဲ့ တောင်တန်းတွေ၊ သစ်ပင်ကြီးတွေရဲ့ ဝန်းရံမှုအောက်မှာ တည်ရှိနေတာပါ။ မြို့ပြရဲ့ ဆူညံသံတွေ တစ်စက်မှမရှိဘဲ မနက်ခင်းဆိုရင် တောင်ပေါ်မြူနှင်းဝေဝေလေးတွေနဲ့အတူ ငှက်ကလေးတွေရဲ့ တေးဆိုသံကို အဝေးကနေ ကြားရတတ်ပါတယ်။ ဘေးနားမှာလည်း ကြည်လင်အေးမြတဲ့ စမ်းရေချောင်းလေး စီးဆင်းနေပြီး သဘာ

ဝတရားကြီးက ဖန်တီးပေးထားတဲ့ ပန်းချီကားတစ်ချပ်လို သာယာလွန်းပါတယ်။

အဆောက်အအုံနဲ့ ရှုခင်းတွေတင် သာယာတာမဟုတ်ဘဲ အဘွားဖြစ်သူရဲ့ နှစ်ပေါင်းများစွာ ထိန်းသိမ်းလာတဲ့ ဧည့်ဝတ်ကျေပွန်မှု၊ စေတနာတွေကြောင့် တည်းခိုခန်းလေးဟာ ပိုပြီး သက်ဝင်လှပနေတာပါ။

တည်းခိုခန်းမှာ အိုကိုဟာ အမြဲတမ်း နှပ်ချေးဖတ်တွေ နှိုက်နေတတ်တဲ့ ကလေးဝိညာဥ်လေးနဲ့ ခင်မင်ခဲ့ရပါတယ်။ သူက တကယ်တော့ သူ့အဘွားငယ်စဥ်က ခင်မင်ခဲ့ရတဲ့ သူငယ်ချင်းလေးပါ။ သူ့ကြောင့်ပဲ အိုကိုဟာ တည်းခိုခန်းလုပ်ငန်းတွေမှာ ပိုပြီး အားစိုက်လုပ်ဖြစ်လာစေခဲ့တယ်။ တခြားကလေးဝိညာဥ်လေးတွေနဲ့လည်း အိုကို ထပ်ဆုံံရပါသေးတယ်။

အိုကိုဟာ အဘွားရဲ့သင်ပြမှု၊ သူငယ်ချင်းဝိညာဥ်လေးတွေရဲ့ ကူညီတိုက်တွန်းမှုတွေကြောင့် လာသမျှဧည့်သည်တွေကို စိတ်ရောလူပါ လန်းဆန်းသွားစေခဲ့တယ်။ အိုကိုမှာ စိတ်ဒဏ်ရာတွေရှိခဲ့ပေမယ့် တည်းခိုခန်းကိုလာတဲ့ ဧည့်သည်တွေကို စိတ်ကျန်းမာစေခဲ့တယ်။

တနေ့တော့ တည်းခိုခန်းကို မိသားစုတစ်စု လာတည်းတယ်။ အဲဒီဧည့်သည်တွေကို အိုကိုဟာ သူ့ထုံးစံအတိုင်း ဂရုတစိုက် စောင့်ရှောက်ပေးတယ်။ အဲဒီညမှာပဲ သူသိလိုက်ရတာက အဲဒီမိသားစုဟာ အိုကိုတို့မိသားစုကို ယာဥ်တိုက်မှုဖြစ်စေခဲ့တဲ့ကားပိုင်ရှင်ဆိုတာ သိလိုက်ရပါတော့တယ်။ အဲဒီနောက်မှာတော့…

စာဖတ်သူတွေထဲ ဒီဇာတ်ကားကြည့်ဖူးသူတွေ ရှိမှာပါ။ ကျွန်တော်တော့ အိုကိုတို့ တည်းခို

ခန်းလေးကို သွားတည်းချင်မိတယ်။ အိုကိုတို့တည်းခိုခန်း နွေးနွေးလေးထဲ စောင်လေးခြုံပြီး အိပ်ချင်တယ်။

တည်းခိုခန်းဘေးက စမ်းချောင်းလေးရဲ့ စမ်းရေစီးသံကို နားထောင်ချင်တယ်။ စိမ်းစိမ်းစိုတောအုပ်ကို ငေးကြည့်ချင်တယ်။ ညဘက် ပုရစ်သံလေးတွေ ကြားရတဲ့ တောလမ်းကလေးတွေမှာ လမ်းလျှောက်ကြည့်ချင်မိတယ်။ ပြီးတော့ အိုကိုစီစဥ်ပေးမယ့် ဟင်းပွဲတွေလည်း မြည်းစမ်းချင်မိတယ်။

ကျနော်တို့တတွေ ကိုဗစ်ကာလမှာလည်း အိမ်တွင်းအောင်းရတဲ့ကာလတွေ များခဲ့ရပါတယ်။ ကိုဗစ်မပြီးဆုံးသေးခင်မှာပဲ အာဏာသိမ်းခံလိုက်ရတယ်။ အာဏာသိမ်းကာလမှာလည်း ကျနော်တို့တတွေ ပြေးကြရှောင်ကြရတယ်။ ခရီးတွေထွက်ခဲ့ကြရတယ်။ သို့ပေသိ စိတ်လက်ပေါ့ပါးစွာ ထွက်ခဲ့ရတဲ့ ခရီးတွေတော့ မဟုတ်ခဲ့ဘူး။

ပြည်တွင်းကျန်နေသူတွေထဲမှာလည်း ပေါ့ပေါ့ပါးပါး ခရီးထွက်နိုင်သူ အင်မတန်နည်းပါလိမ့်မယ်။ လမ်းတလျှောက် စစ်ကောင်စီစစ်ဆေးရေးဂိတ်တွေရဲ့ ရစ်နည်းမျိုးစုံတွေ​ကြောင့် အပန်းဖြေခရီးဟာ ဘယ်လိုလုပ် အပန်းပြေပါတော့မလဲ။ ပြီးတော့ လုံခြုံမှုမရှိတော့တဲ့ ခရီးလမ်းတွေကို ရင်တမမနဲ့ ဖြတ်သန်းရတာတွေရှိတယ်။

စာဖတ်သူတို့ကော… အခုလို မွန်းကြပ်စရာ ခေတ်ကာလကြီးထဲမှာ စိတ်ဒဏ်ရာတွေကို ခေတ္တ ခဏ မေ့ပစ်ထားပြီး စောင်လေးခြုံ၊ စမ်းရေစီးသံလေး နားထောင်ရင်း အနားယူချင်မိလား။ ဘာပဲဖြစ်ဖြစ် အိုကိုလေးကတော့ သူ့ရဲ့ကမ္ဘာလေးထဲမှာ လာသမျှဧည့်သည်တွေကို နွေးထွေးမှုတွေ ပေးဝေနေဆဲပါ။ ကျွန်

တော်တို့လည်း စိတ်ဒဏ်ရာတွေ ကိုယ်စီနဲ့ပဲတစ်နေ့မှာ ရောက်လာမယ့် တကယ့်အေးချမ်းမှုတွေကို စောင့်မျှော်ရင်း ဘဝကို ဆက်လက်ရုန်းကန် ဖြတ်သန်းကြရဦးမှာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

ရုပ်ရှင်ခံစားမှု

In Time (2011)

ရုပ်ရှင်ခံစားမှု

Missed Calls(၂၀၂၆)

ရုပ်ရှင်ခံစားမှု

ဂန်လင်းစစ်စခန်းကို စစ်သားသစ်တစ်ယောက် ရောက်လာခဲ့တယ်။သူ့နာမည်က ကန်ဆောင်ဂျေးတဲ့။စခန်းရောက်မှသူ့နောက်ကြောင်း သိရတာက သူက စစ်သင်တန်းမှာ ထူးချွန်ထက်မြက်တဲ့ရဲဘော်သစ်တစ်ယောက် ဖြစ်ခဲ့ပေမယ့် ဂိမ်းစွဲနေပါသတဲ့။

ရုပ်ရှင်ခံစားမှု

ကျောင်းကော်ရစ်တာမှာ ကျောင်းသားတစ်ယောက်က နောက်တစ်ယောက်ကို မျက်နှာတွေ တဖြန်းဖြန်း ရိုက်နေတယ်။ အရိုက်ခံရတဲ့ကျောင်းသား မျက်နှာမှာလည်း သွေးစသွေးနတွေနဲ့။ ဝင်ဆွဲမယ့်သူလည်း မရှိဘူး။ကျောင်းသားဆိုးကတော့ အနိုင်ကျင့်ခံရတဲ့ ကျောင်းသားလေးကို ပါးတွေချည့်လှိမ့်ရိုက်တယ်။ ကျောင်းသားလေး လဲသွားတယ်။