Connect with us

Hi, what are you looking for?

သတင်း

မင်းတုန်း၊ကံကြိုးရွာအနီး တိုက်ပွဲပြင်းထန်၊ စစ်သုံ့ပန်းတဆယ်ကျော်နဲ့လက်နက်​ခဲယမ်းတွေ AA ရ

ဖမ်းဆီးရသူအများစုဟာ စိတ်ကြွရူးသွပ်ဆေးပြားအလွန်အကျွံ သုံးစွဲထားပြီး ရှေ့ဆုံးကတက်ခိုင်းတဲ့ပြည်သူ့စစ်တွေဖြစ်​နေ

(စက်တင်ဘာ လကုန်ပိုင်းက မင်းတုန်းမြို့နယ်၊သဖန်ရောင်နဲ့ ကံကြိုးရွာအနီးဝန်းကျင်တို့မှာတိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး စစ်တပ်ဆီကသိမ်းဆည်းရရှိခဲ့တဲ့ လက်နက်ခဲယမ်း​တွေ။ဓါတ်ပုံ-AA Infodesk)

အောက်တိုဘာ-၁၃၊၂၀၂၆။ခိုင်မြတ်/ People’s Spring

မကွေးတိုင်း ၊မင်းတုန်းမြို့နယ်၊ကံကြိုးရွာနီးဝန်းကျင်မှာ စစ်တပ်နဲ့ အာရက္ခတပ်တော်(AA) ဦး​ဆောင်တဲ့ မဟာမိတ်တပ်​တွေ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေပြီး အခုရက်ပိုင်းတိုက်ပွဲအတွင်း စစ်တပ်ဘက်က အလောင်းတချို့နဲ့ စစ်သုံံ့ပန်းတဆယ်ကျော် အရှင်ဖမ်းမိ ခဲ့တယ်လို့ AA နဲ့ နီးစပ်တဲ့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

မင်းတုန်းမြို့နယ် သဖန်ရောင်ကနေ ကံကြိုးရွာအနီးကပွိုင့် ၉၄၈ ကုန်းဝန်းကျင်ကို အင်အားဖြည့်စစ်ကြောင်းထိုးဖို့ ကြိုးစားလာတဲ့ စစ်တပ်နဲ့ AA တိုက်ပွဲဖြစ်ပွားပြီး အဲဒီတိုက်ပွဲအတွင်း စစ်တပ်ဘက်က အထိနာဆုတ်ပြေးသွားခဲ့တာ လို့ သိရပါတယ်။

“၉၄၈ဘက်ကိုလက်နက်၊ ရိက္ခာပို့ဖို့ ကြိုးစားတဲ့ကောင်တွေနဲ့ တိုက်ပွဲဖြစ်နေကြတာ။အရှင်ဖမ်းမိတာ၁၂ ယောက်လောက်ရှိတယ်။ လက်နက်တွေလည်း ကျန်ခဲ့တယ်” လို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိတော့သဖန်ရောင်ဘက်ဆီတပ်ဆုတ်ပြေးသွားတဲ့ စစ်တပ်ကို AA ကလိုက်လံတိုက်ခိုက်နေပြီး ပွိုင့် ၉၄၈ ကိုလည်း ထိုးစစ် ဆင်ဖို့ကြိုးစားနေတယ်လို့ ဆိုပါတယ်။

“တိုက်ပွဲကတော့ပြင်းလိုက်၊နားလိုက်ပါပဲ၊ နေ့တိုင်းတော့ မရှိဘူး ဒီဘက်မှာ” လို့ AA သတင်းရင်းမြစ်က ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းကလည်း မင်းတုန်းမြို့နယ် သဖန်ရောင်နဲ့ ကံကြိုးရွာအနီးဝန်းကျင်တို့မှာတိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး စစ်တပ်ဆီက လက်နက်ခဲယမ်းနဲ့ အလောင်းတွေ သိမ်းဆည်းရမိသိမ်းဆည်းရမိခဲ့တယ်လို့ AA က ထုတ်ပြန်ခဲ့ပါတယ်။

စက်တင်ဘာလကုန်ပိုင်းတိုက်ပွဲအတွင်း စစ်တပ်ဘက်က သေဆုံးသူ ၃၀ ဝန်းကျင်နဲ့ လက်နက်ချသူ ၁၀ ကျော် ရှိခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောထားပါတယ်။

မင်းတုန်းတိုက်ပွဲအတွင်းဖမ်းဆီးရမိသူအများစုဟာ စိတ်ကြွရူးသွပ်ဆေးပြားအလွန်အကျွံသုံးစွဲထားသူတွေဖြစ်ပြီး တိုက်ပွဲအရှေ့ဆုံးထိ ပို့ခံရတဲ့ ပြည်သူ့စစ်တွေဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက​ပြောပါတယ်။

မင်းတုန်းမြို့နယ်အတွင်း စစ်တပ်က လေကြောင်း၊ လက်နက်ကြီးပစ်ခတ်မှုတွေလည်း မကြာခဏရှိနေပြီး အနီးဝန်း ကျင်ကျေးရွာတွေက ဒေသခံတွေ ဘေးလွတ်ရာ တိမ်းရှောင်နေကြရသလို ကုန်စည်သယ်ယူရေးလမ်းကြောင်း လည်း ပိတ်နေပါတယ်။

စစ်တပ်ဟာ မင်းတုန်းမြို့နယ် သဖန်ရောင်းကနေတဆင့် မင်းတုန်း – မအီ ရိုးမလမ်းအတိုင်း ရခိုင်ပြည်နယ်ဘက်ဆီ ထိုးစစ်ဆင်ဖို့ အင်အားအလုံးအရင်းနဲ့ ကြိုးစားနေတာဖြစ်ပြီး လက်တွေ့မှာတော့ စစ်တပ်က သူတို့စခန်းတွေကိုပဲ လက်လွှတ်နေရတာဖြစ်ပါတယ်။

အလားတူပဲ AA ထိန်းချုပ်ရာ ရခိုင်ပြည်နယ်ဘက်ကို ဝင်ဖို့ ကြိုးစားတဲ့ ရခိုင်ရိုးမအရှေ့ဘက်ခြမ်းမကွေးတိုင်း၊ပဒါန်းမြို့နယ်၊နတ်ရေကန်စစ်မျက်နှာနဲ့ ဧရာ၀တီတိုင်းရေကြည်၊ သာပေါင်းမြို့နယ်တို့မှာလည်း နှစ်ဖက်တိုက်ပွဲတွေဖြစ်နေပါတယ်။

စစ်တပ်ဟာရခိုင်ပြည်နယ်စစ်တွေ၊ ကျောက်ဖြူ၊ ရခိုင်ရိုးမအရှေ့ဘက်ခြမ်း မကွေးတိုင်း ပဒါန်း၊ မင်းတုန်း၊ ပဲခူး တိုင်း ပန်းတောင်း၊ ဧရာ၀တီတိုင်း ရေကြည်၊ သာပေါင်းမြို့နယ်တို့ကနေ AA ထိန်းချုပ်ရာဒေသတွေကို ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက်နေ့ကစကာ ၄၉၂၆ စစ်ဆင်ရေးလို့ကြွေးကြော်ပြီး ထိုးစစ်ဆင်နေခဲ့တာဖြစ်ပါတယ်။

ထိုးစစ်တစ်လခွဲ​ခန့်အတွင်းစစ်တပ်ဟာ စစ်တွေမြို့နယ်အတွင်းက တပ်စခန်း ၁၁ ခု၊ ကျောက်ဖြူမြို့နယ်အတွင်းက ၂ ခု၊ မင်းတုန်းမြို့နယ်အတွင်းက ၁ ခု ၊ စုစုပေါင်း တပ်စခန်း ၁၄ ခုထက်မနည်းကို လက်လွှတ်ခဲ့ရပြီးဖြစ်ပြီး အကျအ ဆုံးတွေလည်း ရာချီ ရှိနေပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောထားပါတယ်။

အဲဒီလို တပ်စခန်းတွေ လက်လွှတ်၊ အထိနာနေတဲ့စစ်တပ်ဟာလေယာဉ်အုပ်လိုက်အသုံးပြုကာ တိုက်ပွဲဆက်စပ် နေရာတွေအပြင် ရခိုင်ပြည်နယ်အတွင်းက မြို့ရွာ​တွေ၊​ဈေး​တွေ၊စစ်​ရှောင်စခန်း​တွေ၊​ဆေးန်း​တွေစတဲ့ ပြည်သူ​တွေ​နေထိုင်ရာ​တွေကိုပါ ပစ်မှတ်ထား လေကြောင်းဗုံးကြဲမှုတွေ ဆက်တိုက်လုပ်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA) ရော၊ စစ်တပ်ကိုပါ ဓာတ်ငွေ့ပိုက်လိုင်းလုပ်ငန်းခွင်သုံးကားတွေကို မပစ်ခတ်ဖို့ တရုတ်ဘက်က သတိ‌ပေးထားတဲ့ အမ်း-ပဒါန်းကားလမ်းမှာ တရုတ်နိုင်ငံသားဝန်ထမ်းလိုက်ပါလာတဲ့ကားတစ်စီးကို စစ်တပ်ကလေကြောင်းကနေဗုံးကြဲခဲ့တယ်လို့ သတင်းရရှိပါတယ်။

ဆောင်းပါး

ဂေဇက်ရ ဘုရားပွဲတော်တွေအကြောင်း ပြောကြပြီဆိုရင် အညာမြေ စစ်ကိုင်းတိုင်းက ရွေဘိုမြို့ထောင့်စေတီပွဲက ချန်ထားလို့ မရပါဘူး။ နှစ်စဥ် တော်သလင်းလပြည့်ကျော် ၇ ရက်နေ့ကနေ သီတင်းကျွတ်လဆန်း ၁ ရက်နေ့အထိ ၁၀ ရက်တိုင်တိုင် ကျင်းပလေ့ရှိတယ်။ ၁ဝ ရက်ဆိုပေမယ့် ပွဲတော်မစခင်ကတည်းက ဆိုင်ခန်းတွေ ရောက်နေခင်းနေကြပြီမို့ လချီကျင်းပတဲ့ပွဲတော်ဆိုလည်း...

သတင်း

ချင်းပြည်နယ်၊မင်းတပ် မြို့နယ်ထဲက ခရစ်ယာန် ဘုရားကျောင်း တစ်ခုကို အာဏာသိမ်း စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကို Burma Research Institute (BRI)က ရှုတ်ချလိုက်ပါတယ်။ ပြီးတော့ ခရစ်ယာန် ဘုရားကျောင်းတွေအပေါ် မြန်မာစစ်တပ်ရဲ့ ပစ်မှတ်ထား တိုက်ခိုက်နေမှုတွေကို စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအဖြစ်...

သတင်း

ရှမ်းတောင်ပိုင်းနဲ့ ကရင်နီပြည်ဒေသအစပ်က မိုးဗြဲမြို့မှာ တိုက်ပွဲတွေ ဆက်ပြင်းထန်နေပြီး အထိနာနေတဲ့ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

Facebook