Connect with us

Hi, what are you looking for?

သတင်း

ရခိုင်ရေပိုင်နက်မှာ ခွင့်ပြုချက်မဲ့ငါးလာဖမ်းလို့ ဖမ်းဆီးထိန်းသိမ်းထားတဲ့ ဘင်္ဂလားဒေ့ရှ်ငါးဖမ်းသမား ၄၃ ဦးကို AA ကပြန်လွှဲပေး

နယ်စပ်ဆက်ဆံရေးတိုးတက်ကောင်းမွန်လာစေဖို့နဲ့လူသားချင်းစာနာမှုကြောင့်လို့ဆို

(ဘင်္ဂလားဒေ့ရှ်ငါးဖမ်းသမားတွေကို AA က ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေထံ လွှဲပြောင်းပေးစဥ်။ ။ဓါတ်ပုံ-APM)

နိုဝင်ဘာ-၂၆၊၂၀၂၆။ခိုင်မြတ်/People’s Spring

ရခိုင်ရေပိုင်နက်အတွင်းခွင့်ပြုချက်မရှိဘဲ ငါးဖမ်းကြတာကြောင့် အာရက္ခတပ်တော်(AA)က ဖမ်းဆီးထိန်းသိမ်းထားတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံမှငါးဖမ်းသမား ၄၃ ဦးကို ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့(BGB)ထံလွှဲပြောင်းပေး ခဲ့ပါတယ်။

နိုဝင်ဘာလ ၂၆ ရက်နေ့မှာ နယ်စပ်တနေရာ နတ်မြစ်အတွင်း လွှဲပြောင်းပေးတာခဲ့ဖြစ်ပြီး BGB တာဝန်ရှိသူ တွေက လက်ခံခဲ့ပါတယ်။

“BGB နဲ့ AA နဲ့က ပုံမှန်အဆက်အသွယ်တွေ ရှိကြတယ်။ သူတို့အချင်းချင်း ဆက်သွယ်ပြီး လွှဲပေးတာ။ တလ၊ နှစ်လ စသဖြင့် ပြစ်ဒဏ်တွေပေးထားပြီးလို့ ပြန်လွှဲပေးလိုက်ကြတာပါ။ အရင်ကလည်း ဒီလိုလွှတ်ပေးတာတွေရှိတယ်”လို့ AA အုပ်ချုပ်ရေးဌာနနဲ့ နီးစပ်တဲ့ မောင်တောဒေသခံတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အခုလိုငါးဖမ်းသမားတွေပြန်လည်လွှဲပြောင်းပေးတာဟာ အာရက္ခပြည်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကြား နယ်စပ်ဆက် ဆံရေးဆိုင်ရာ တိုးတက်ကောင်းမွန်လာစေဖို့၊ နယ်စပ်ပိုင်နက်အတွင်း တရားမဝင်လုပ်ဆောင်မှုတွေကို တားဆီးနိုင် ဖို့နဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလုပ်ငန်းစဉ်တွေရဲ့တစိတ်တပိုင်းအဖြစ်ဆောင်ရွက်တာလို့ ဆိုပါတယ်။

အခုလွှတ်ပေးလိုက်တဲ့ငါးဖမ်းသမားတွေကို နောက်နောင်ရခိုင်ရေပိုင်နက်ထဲမှာ တရားမဝင် ဝင်ရောက်တာ၊ ငါးဖမ်း တာတွေ မလုပ်ကြဖို့ ခံဝန်ကတိလက်မှတ်ထိုးစေခဲ့ပြီး ငါးဖမ်းသမားတွေကလည်း ကတိပေးခဲ့ကြတယ်လို့ သိရပါတယ်။

အာရက္ခတပ်တော်(AA)ဟာ ဘင်္ဂလားဒေ့ရှ်နယ်စပ်တလျှောက်မှာကမ်းခြေစောင့်တပ်(ACG)ကိုဖွဲ့စည်းထားပြီးကမ်းခြေတလျှောက်ငါးလာဖမ်းသူတွေကို ဖမ်းဆီး၊ ထိန်းသိမ်းထားကာ ပြစ်ဒဏ်ပေးပြီးနောက် တဖက်နိုင်ငံဆီ ပြန် လည်လွှဲပြောင်းပေးတာတွေ မကြာခဏ လုပ်နေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၆ ခု ဩဂုတ်လ ၁၉ ရက်နေ့မှာ ၂၄ ဦး၊ မေလ ၃ ရက်နေ့မှာ ၁၄ ဦးနဲ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာ ၇၃ ဦးတို့ကိုလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်ခြားစောင့်တပ်မှတဆင့် လွှဲပြောင်းပေးခဲ့ပါတယ်။

ဒ့ါအပြင်၂၀၂၅ ခုနှစ်အတွင်းကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ငါးဖမ်းသမားတွေကို ဖမ်းဆီးတာတွေရှိခဲ့ပြီး လက်ရှိအချိန်ထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံထံ ပြန်လွှဲပြောင်းပေးခဲ့တဲ့ ငါးဖမ်းသမား ၃၀၀ ကျော်ရှိပြီဖြစ်တယ်လို့ နီးစပ်သူ တွေက ပြောပါတယ်။

AAကဘင်္ဂလားဒေ့ရှ်နယ်နယ်စပ်တလျှောက်ကမြန်မာပိုင်နက်ဧရိယာတစ်ခုလုံးကို သိမ်းပိုက်ထိန်းချုပ်ထားပြီး နယ်ခြားစောင့်တပ်အရာရှိတွေအ ပြင် ဒေသတွင်း အာဏာပိုင်းတွေနဲ့လည်း ဆက်သွယ်ရေးထူထောင်ထားကာ နှစ်နိုင်ငံဆက်ဆံရေးအတွက် ဆက်ဆံ ရေးမှူးလည်းခန့်အပ်၊တာဝန်ပေးထားပါတယ်။

ဆက်စပ်သတင်းများ