Hi, what are you looking for?
မောင်တင်သစ် လည်တိုင်ရှည်ရှည် ဗျိုင်းဖြူတွေ ပြန်လာကြပြီတမိုးလုံးပျောက်နေတဲ့ ကောင်တွေရွှံ့ပေနေတဲ့ ကျွဲတကောင်ကို အဖော်ပြုဖို့မြစိမ်းကမ္ဗလာပေါ်နေရောင်အောက်မှာ ကခုန်ဖို့သူတို့ ပြန်လာကြပြီ။ ။ ၂၀၂၆ (The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘မောင်တင်သစ်’ ရေးဖွဲ့တဲ့ “ဗျိုင်းဖြူတွေ”ကဗျာကို People’s Spring ကပြန်လည်ဖော်ပြပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်ရေးအတွက်အထောက်အကူပြုတဲ့ စာပေကဏ္ဍမျိုးစုံကို “The Call –...
■သီဟံ သူတို့ မမြင်ခဲ့တာ မဟုတ်ဘူး။မြင်ခဲ့တယ်။သိခဲ့တယ်။ အဲဒီလမ်းတွေပေါ်မှာစစ်သားမဟုတ်တဲ့၊လက်နက်မကိုင်တဲ့အရပ်သားပြည်သူတွေ၊ရှိနေတယ်ဆိုတာ သူတို့ သိခဲ့တယ်။ အဲဒီဈေးတန်းထဲမှာ –အိမ်ရှင်မတွေ၊ ဈေးသည်တွေ၊ ဈေးဝယ်သူတွေဟာလက်ထဲမှာ ဈေးခြင်းတောင်းတွေ၊ရင်ထဲမှာ မိသားစုဝမ်းစာအတွက် စိုးရိမ်မှုတွေနဲ့၊စစ်ပွဲရဲ့အရိပ်မဲအောက်မှာရှင်သန်ဖို့ ရုန်းကန်နေကြတယ်ဆိုတာသူတို့ သိခဲ့တယ်။ ဆေးရုံထဲမှာ –လက်နက်မကိုင်တဲ့ လက်တွေ၊တိုက်ခိုက်ဖို့ မဟုတ်ဘဲအသက်ရှင်ဖို့ ကြိုးစားနေတဲ့ လူမမာတွေသာရှိနေတယ်ဆိုတာလည်းသူတို့ သိခဲ့တယ်။ စစ်ရှောင်စခန်းမှာ...
နေမိုးဝေး – ရေဆင်း မင်းတို့မှာ ဆိုစရာဆိုလို့ခွန်အားဖြည့်မိငယ်၊ သွေးသစ္စာ၊ ဆယ်လ်မွန်ငါးတို့အပြန်၊ အမေ့အိမ်၊ အဖေ၊ မိုးခါးရေနဲ့ ရောင်နီသာရှိသလားညတိုင်းကြားပေမယ့်ငါလည်းမရိုးအီနိုင်ပါဘူးလေဆိုချိန်တန်လို့မကြားရင်နားတစွင့်စွင့်၊ မျှော်တလင့်လင့်အိပ်ယာဝင်ဖို့ခက်ပေါ့။ တော်လှန်ညများရဲ့ခါးသက်မှုတွေအကြောင်းပြန်ပြောင်းပြောဆိုခွင့်ဟာရှင်ကျန်ခဲ့သူတို့မှာသာရှိမယ်ငါပြောခွင့်ရှိချင်မှရှိမယ်မင်းပြောခွင့်ရှိချင်မှရှိမယ်ဒီအရပ်မှာ အသက်ဟာဖြစ်ဖို့ခက်ပေမယ့်ပျက်ဖို့ လွယ်လွန်းတယ်။ မင်းရှင်ကျန်ခဲ့သော်ငါမကောင်းကြောင်းတော့ပြောချင်မှာမဟုတ်ငါရှင်ကျန်ခဲ့သော်မင်းမကောင်းကြောင်းတော့မပြောချင်ဒီတော့ပြောချင်၊ နှမြောချင်၊ လွမ်းချင်အောင်တော့နေကြရအောင်လေ။ ။ (The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘နေမိုးဝေး –...
သင့်သူ မြို့ကစစ်ဆီကို ရောက်အောင် သွားနေတယ်။ စစ်ထဲမှာ သူ့မြို့သားတွေ သူ့ရဲဘော်တွေပါတာကိုး။ သူ့မြို့သားတွေသူ့ဆီကိုပြန်ရောက်ဖို့ သူ့ရဲဘော်တွေ ပြည်တော်ဝင်ဖို့ မြို့ဟာ သူလုပ်နိုင်တာကိုအကုန်လုပ်နေတယ်။ ငိုဆိုတော့လည်း ရှိုက်ကြီးတငင် ကြိုဆိုတော့လည်းအပြေးတပိုင်း။ မြို့တံတိုင်းထိပ်မှာ ကြယ်ဖြူ အလံကြီးကို အဆင်သင့်ဝှက်လို့။ မြို့လမ်းတွေမှာ သပြေနုတွေ ရဲရဲနီလို့။ မြို့ဟာ သူ့သမိုင်းကို...
ဆူးနတ်သန် မှိုင်းပြနေတဲ့ကောင်းကင် မိုးတွေပဲ ရွာချခဲ့တော့ အမေရယ်….ကျွန်တော်တို့က မိုးခိုချင်တာ မဟုတ်ဘူး မိုးစိုချင်နေတဲ့ အကောင်တွေပါ။ ဖိနပ်ခံတပ်လုပ် ပြေးခဲ့ပြီးပြီ အသက်ကို ရွက်ကုန်လွှင့်ပြီး မိုက်ပြရမှာ ဝန်မလေးပါဘူး လိုချင်တာ ပျော်ရွှင်ဖွယ် လူ့အဖွဲ့အစည်း အဖိနှိပ်ခံတွေ ကျွန်သက်တမ်းရှည်နေတဲ့ တိုင်းပြည်တစ်ခုမှာ မိုးတွေကြီး စွေနေတာ လူငယ်လျှောက်လမ်းလေးတွေ...